မဝါက ကားအရှိန်သတ် သူမအိမ်ဖက် ထိုးလိုက်သည်နှင့် ခင်ခင် ကားတံခါး ဖွင့်ဆင်းဖို့ပြင်သည်။

ခင်ခင် ကားတံခါး ဖွင့်လိုက်သည်နှင့် မျက်နှာချင်းဆိုင်အိမ်က မိုက်ခ်ကိုင်
သီချင်း အော်ဆိုနေသည့် သားတော်မောင်
အသံကြားလိုက်ရသည်။

🎼ရည်းစား ဆိုလည်း မရှိဘူး
🎼မိန်းမ ဆိုလည်းမရှိဘူး

ရုပ်ချော လှတဲ့ လူပျိုပါ .. ရုပ်ချောလှတဲ့ လူပျိုပါ ဟားဟား ..

အသံကြားသည်နှင့် ခင်ခင်က ယောင်းမတွေကိုပင် နူတ်မဆက်နိုင်။

ချက်ချင်း သူမအိမ်ဖက် တန်းသွားလိုက်သည်။

မိုးမမြင် လေမမြင် သားဖသုံးယောက်က ခင်ခင် အပေါ်တက်လာသော ခြေသံကိုပင် မကြားနိုင်။

တဟား .. ဟား .. ဟား .. ရယ်လျက် ကဲနေကြသည်။

ခင်ခင်က မီးခလုတ် ပိတ် အသံတိတ်သွားတော့မှ ဖအေ ရော သားနှစ်ယောက် ရောက
မျက်လုံး အပြူးသား တွေ ဖြင့် ကြည့်ကြသည်။

ခင်ခင်က ခါး‌ ပေါ် လက်နှစ်ဖက်ထောက် ကြည့်ပြီ

"တော်တော် ပျော်နေကြတယ်ပေါ့လေ..
လူကြား မကောင်းအောင်  အော်ကြီး ဟစ်ကျယ် မိုက်ခ် တွေပါ ကိုင်ပြီ ။

ဟွင့် ... ဆိုလိုက်တဲ့ သီချင်းက‌လည်း နားထောင်ကြည့်ကြအုံး။

လူကြားမကောင်းအောင် .. မပြောလိုက်ချင်ဘူး နော်..

တော်တော် မိန်းမ လိုချင်နေတဲ့ သီချင်း .."

မေမေက လုံချည်စကိုင်ပြီ ငိုတော့မလိုလို
စိတ်တို သောပုံစံဖြင့် ပြောသည်နှင့်

ကိုမိုး နဲ့ ကိုဖြိုးက

"ဟင့် မေမေကလည်း .."
"ဟင့် ‌မေမေကလည်း .."

သားနှစ်ယောက်က အတွန့်တက်ဖို့ ကြိုးစားသည်နှင့် ခင်ခင်က

"တော်ပြီ သားသားတို့ မပြောသေးနဲ့အုံး
မေမေပြီးအောင် ပြောမယ်  .."

မေမေပြောတော့ ကိုမိုး ရော ကိုဖြိုးရော နူတ်ခမ်းလေးတွေစူလျက် ငြိမ်သွားသည်။

@@@
သားနှစ်ယောက် ကို ဆူပြီသည်နှင့် သူ နှင့် မဆိုင်သလို ခွေ တွေ ထိုင်ရှင်းနေတဲ့ ကိုမျိုးဖက်ကို ခင်ခင် လှည့်ကြည့်လိုက်သည်။

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Feb 03 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

Old Love ( အရွယ်လွန် အချစ် )Où les histoires vivent. Découvrez maintenant