Extra ( 1 ) U / Z

14K 671 127
                                    

U~

'ဆိုင်းခမ်းလျှံ' & 'ဇမ်းသုတ'

တက္ကသိုလ်ကျောင်းသားဘဝမှာတင် တည်ဆောက်ခဲ့သည့် အိမ်ထောင်ရေးတစ်ခု...
အိမ်ထောင်သက်တမ်း ဆယ်နှစ်ဆိုသည့် အတိုင်းအတာ....

'ခမ်း' စားပွဲဘေးတွင် အတန်ကြာအောင်ရပ်နေမိသည်။ လက်ထဲက စာရွက်ကိုငုံ့ကြည့်နေရင်းနှင့်ပင် ထိုစာရွက်ပေါ်သို့ စွန်းထင်းလာသည့် မျက်ရည်စများ.. 'ခမ်း' ခေါင်းကိုမော့ကာ ဟား.. ခနဲပင် လှောင်ရယ်လိုက်မိသည်။

ဘဝကြီးက စောက်ဗရမ်းဗတာတွေပါကွာ...

'ခမ်း' ထိုစာရွက်ကို စားပွဲပေါ်သို့ချကာ ဘေးတွင်အသင့်ရှိနေသည့် Luggage ကိုဆွဲယူရင်း
Condo အခန်းထဲမှ ထွက်ခွာလာခဲ့လိုက်သည်။

အမှောင်အတိကျသွားသည့် Condo တိုက်ခန်းလေး... လက်ထပ်ပြီးသည့်နေ့မှစ၍ မိဘအိမ်တို့တွင် နေထိုင်ခြင်းမရှိဘဲ နှစ်ယောက်အတူ ခွဲနေခဲ့သည့် တိုက်ခန်းလေး...

" 'ခမ်း' မင်းပြန်စဉ်းစားပါဦးကွာ.. "

'မြူငယ်' က 'ခမ်း' ၏ဘေးတွင်ဝင်ထိုင်ကာ
ပြောတော့ 'ခမ်း' ကခေါင်းငိုက်စိုက်ချနေရာက
မော့ကြည့်လာသည်။ မျက်ဝန်းတို့မှာ နီရဲနေကာ..

" ငါပင်ပန်းနေပြီ တကယ်.. အရမ်း.. အရမ်းကို ပင်ပန်းနေပြီမလို့....ငါ..လွှတ်ချလိုက်တော့မယ်..."

တုန်ခါနေသည့် အသံကြောင့် နားထောင်နေသူတို့မှာပင် ရင်ထဲနင့်! ခနဲခံစားလိုက်ရသည်။ 'ခမ်း' က
ပြောပြီးသည်နှင့် သည်းထန်စွာပင် ရှိုက်ငိုတော့
'မြူငယ်' ကပွေ့ဖက်ကာ ကျောပြင်ကိုခပ်ဖွဖွ ပုတ်ပေးလာသည်။

" ငါစီစဉ်ထားပေးမယ် ဒါပေမယ့် ဒီမှာနှစ်ရက်လောက်တော့နေဦး "

'လွမ်း' ပြောလိုက်တော့ 'ခမ်း' ကခေါင်းတဆတ်ဆတ်ငြိမ့်ပြလာသည်။

'သုတ' နားနေခန်းထဲ ပြန်ရောက်တော့ ညနေလေးနာရီ ထိုးနေပြီဖြစ်သည်။ ယနေ့က 'ခမ်း' နှင့်သူ၏ အိမ်ထောင်သက်တမ်း ဆယ်နှစ်ပြည့်
အထိမ်းအမှတ်နေ့ဖြစ်သည်။

အလုပ်တွေများနေသဖြင့် ဘာလက်ဆောင်မှမပြင်ထားရသလို ရှေ့ရက်တွေက ဆောက်လုပ်ရေးလုပ်ငန်းခွင် မတော်တဆမှုမှ အလုပ်သမားများ.. အများအပြားဒဏ်ရာရသဖြင့် ဆေးရုံတွင်
အလုပ်များနေကာ အိမ်ပင်ပြန်မအိပ်ဖြစ်...
အိမ်ပြန်မအိပ်ဖြစ်တာ ငါးရက်... 'ခမ်း' ဆီကို
ဖုန်းမဆက်ဖြစ်သလို 'ခမ်း' ကလည်းဆက်
မလာပါ...

You're My Beloved ( COMPLETE )Wo Geschichten leben. Entdecke jetzt