အခန်းထဲက ပြူးတူးပြဲတဲ သံသယမျက်လုံ‌တေနဲ့ ဝိုင်းကြောင်ကြည့်နေတော့ .....
ကြာတော့ လူက ရှက်လာပြီ.....
အတင်းဆွဲခေါ်နေတာ သို့သော် လူကနေရာတောင်မရွေ့....

"ကု ငါတောင်းပန်ပါတယ်ကွာ..
အပြင်ထွက်ရအောင်နော်...
ငါရှက်တယ်..."
"ဟက်..ကိုကို့ကို ပြောထားတယ်လေ....
ကိုကိုမှ ကုကို မစောင့်ဘဲ...."
"...."

လူကို မချိုမချဉ်ရုပ်နဲ့ ပြုံးပြကာ ....

"အာဘွားပေးရင် ကိုယ့်အခန်းကိုယ်ပြန်မယ်..."
"ဘာ...."
"မပေးရင် မသွားဘူး ...ဒီမာပဲ ရပ်ကြည့်နေမယ်...
မဟုတ်ဘူး ကစားချင်တယ်..ကိုကိုနဲ့ တပွဲလောက်..."
"ကုကု မင်း...လာခဲ့ အပြင်ထွက်...."
"No....."
"ကု စိတ်တိုလာပြီနော်..."
"ကုပြောတာလဲ ရိုးရိုးရှင်းရှင်းလေး ပါးကို နှုတ်ခမ်းလေးနဲ့ထိရုံပဲ...
ရှက်နေလိုပ်တာများ တခါမှ မပေးဖူးသလိုပဲ...."
"ကု..အ့ငယ်ငယ်တုန်းက....
ခုခလေးမဟုတ်တော့ဘူးလေ...မင်းနော်...."

လူကအတော်လေးကို ရှက်ပြီး မျက်နှာတေလဲ ပူ...ရှက်လွန်းလို့ မျက်နှာဘယ်ဂျောင်ထိုးရမလဲမသိတော့ဘူး....

ဂျီမင်မျက်နှာက ခရမ်းချဉ်သီးလို နီရဲပြီး ပေါက်ထွက်တော့မလားပဲ...ကြာတော့ ဟိုဆော့မနေနိုင်တော့ဘူးလေ...

"ဒီမာ မင်းလွန်မလာနဲ့..ဟွန်း..သူများအခန်းထဲလာပြီး...အနိုင်ကျင့်နေတာလား...ရုပ်ကိုက အုတ်ကြားမြက်ပေါက် ဓာတ်တိုင်သေးပန်း ပုလင်းကွဲချီးကုတ်တဲ့ရုပ်နဲ့..."
"ဒီဟာလေးကတော့ ငါလုပ်လိုက်ရ..."
"ကု...တော်တော့ သူ့ကို လက်မပါနဲ့နော်"
"ရွယ်ရုံပါပဲ...သူတကယ်မလုပ်ပါဘူး..."

ထယ့်စကားကြောင့် ဟိုဆော့တယောက် မဲ့ရွဲ့ကာ ...သတ်တော့မည့်အတိုင်း...
ငြိမ်နေတာကို ကြောက်လို့များထင်နေလား ဟွန်း ..ဗလချင်းမမျှလို့..သိထား...

"တကယ်လုပ်ရင် မင်းတာဝန်ယူမလား..."
"ယူမယ်လေ..ဘယ်တော့လဲ..."
"ဘာစကားပြောတာလဲ..."
"လူစကားပြောတာလေ နားမလည်ဘူးလား..."
"မင်းခုနခွေးစကားပြောလိုက်လေ..."
"အသေးလေး ဟမ်...တော်တော်စွာတာပဲ....
ခုနတာဝန်ယူဆို ..ယူမယ်လေ..အခုတခါတည်းယူလဲ ရတယ်...ဒါမဲ့ လုပ်ပြီးမှ ယူမာနော်"
"မင်း.....အပေါက်ပိတ်ထားလိုက်တော့နော်...ခွေးစကားလာမပြောနဲ့..."

🌼မောင်လူဆိုး🌼Where stories live. Discover now