အဖေသေသေရှင်ရှင်၊အမေကနောက်လင်နဲ့နေတာလဲသူတို့နဲ့ဆိုင်လား?တစ်ခါလာလည်းရှောင်းကျန့်မိဘတွေပဲအမြဲအပြစ်လာပြောနေတာတကယ်သည်းမခံနိုင်တော့ဘူး၊ဖေဖေနဲ့မေမေအခုလိုဖြစ်တာကိုပဲလာဆွဲထည့်နေတာ၊ဖေဖေနဲ့မေမေအကြောင်းပြောရင်အရမ်းစိတ်တိုတက်တာကိုအန်တီစုယွဲ့ယွဲ့ကသိရဲ့သားနဲ့တမင်တကာပြောနေတာ။ပတ်ခနဲပြန်ပြန်ပြောလိုက်ချင်ပေမယ့်လည်းဘိုးဘိုးဝမ်ကျိုးလင်မျက်နှာရှိသေးတယ်ဆိုတာလည်းရှောင်းကျန့်သိလို့ စကားလမ်းကြောင်းသွားလွဲလိုက်တော့သည်။

" ကျန့်ကျန့်ကိုသွားခွင့်ပြုပါ "

အမလေး ​ပြောတာမကြိုက်လို့ထွက်သွားတာတဲ့လေ။စုယွဲ့ယွဲ့ပြောတာမှန်နေတော့ရှောင်းကျန့်ကတန်းထွက်သွားတာကိုမသိရင်ခက်မယ်။

________________________

ဖေဖေသာကျန့်ကျန့်အနားမှာအခုချိန်ထိရှိနေရင်
ကျန့်ကျန့်အရာအားလုံးအဆင်ပြေသွားမှာဆိုတာသေချာတယ်၊ဒါပေမယ့်ဖေဖေစပြီးကျန့်ကျန့်အနားကနေစထွက်သွားတည်းကကျန့်ကျန့်ဘဝကအမြဲခက်ခဲနေတော့တာပဲ၊အဆင်ပြေတဲ့နေ့တွေရော၊အဆင်မပြေတဲ့နေတွေရောရှိလည်း တစ်ယောက်တည်းသမားမို့ဘဝကိုကောင်းကောင်းမွန်မွန်ဖြတ်သန်းနေရတယ်။

ဖေဖေအခုချိန်ကျန့်ကျန့်ဘေးမှာရှိနေရင်ကျန့်ကျန့်အရမ်းပျော်မိမှာပဲ။မေမေထားသွားတည်းကကျန့်ကျန့်မှာဖေဖေရှိပါတယ်ဆိုသေးတဲ့စိတ်လေးနဲ့ပျော်ပျော်ရွှင်ရွှင်နေနေတာ၊အခုတော့ဖေဖေက ကျန့်ကျန့်ဆီကနေထွက်သွားပြီ၊တကယ်ကိုဘာမှမကျန်တော့ဘူး။

" ရှောင်းကျန့် "

အကိုရိချန်းက ကားပေါ်ကနေဆင်းကာ ငိုနေတဲ့ကျန့်ကျန့်ကိုရင်ခွင်ထဲထည့်ပိုက်တော့ ကျန့်ကျန့်အော်ငိုမိတယ်။

ရင်ခွင်ထဲကနေကလေးတစ်ယောက်လိုငိုနေတဲ့ရှောင်းကျန့်အတွက်စိတ်မကောင်းဖြစ်မိတယ်။ဘယ်အရာတွေကများမင်းကိုအခုလိုစိတ်မကောင်းဖြစ်စေရတာလဲ ကျန့်ကျန့်ရယ်။ကျန့်ကျန့်အစားသူ့ပဲဖြစ်လိုက်ပါတော့လား။

" ကိုယ်ရှိတယ်နော် ! ကိုယ်မင်းအနားမှာအမြဲရှိနေမှာရှောင်းကျန့် "

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Où les histoires vivent. Découvrez maintenant