I Just Want to Divorce

Start from the beginning
                                    

Ye Fei က ကွာရှင်းရအောင်လို့ပြောလာတဲ့အခါမှာတောင် သူ့ဘက်က မကွာရှင်းချင်တဲ့ အကြောင်းရင်းကို မပြောနိုင်တာမျိုး။ Ye Fei အလိုမကျတာလုပ်မိလို့လား သူ‌ဝယ်လာတဲ့မုန့်ကိုမကြိုက်လို့လား၊ Ye Fei သာစိတ်ပြေရင် Ye Fei အနားမှာ ပြန်နေလို့ရမှာလားဆိုပြီးတွေးရလောက်အောင် ရိုးစင်းတာ။

Ye Fei လိုအပ်မယ်ထင်တာလေးတွေ သူ့အတွေးနဲ့သူ ဖြည့်ဆည်းပေးမယ်။ သန်းရာချီလောက်ကတော့ စကားထဲကိုထည့်ပြောမ‌နေဘူး ဘတ်ခနဲ့ အမ်းပစ်တာများ။

နောက်ပြီး Ye Fei ကိုယ်တိုင်တောင် ပြောမှန်းမသိပြောလိုက်မိတဲ့စကားတွေကို ခုနှစ်၊ လ၊ ရက်၊ နာရီ၊ မိနစ်၊ စက္ကန့်အစ အတိအကျ ခေါင်းထဲထည့်ထားတာ။

Ye Fei စကားထဲထည့်ပြောခဲ့ဖူးတဲ့ Häagen-Dazs ရေခဲမုန့်ကို ရေခဲသေတ္တာထဲအပြည့်ဖြည့်ထားမယ်။

သူဝယ်ကျွေးတဲ့အချိုပွဲတွေထဲ Ye Fei လက်နဲ့ပထမဆုံးထိလိုက်တဲ့အရသာလေးကို တိတ်တိတ်လေးမှတ်ထားမယ်။

အဲလို... အဲလိုလေးတွေ... Ye Fei အနားမှာနေရဖို့ တစ်လှမ်းချင်း ခြေလှမ်း‌ပေါင်းများစွာ ဘယ်သူမှမသိအောင် လှမ်းလာခဲ့ရှာတာ။

တကယ်ပါ.. Yan Xiao ကလေ သိပ်ချစ်တတ်သလို အချစ်နဲ့ပတ်သတ်ရင်လည်း လုံးဝ မူကြိုကျောင်းသားလေးလိုပဲ။

🍃

Description မှာ Shou ကကွာရှင်းခွင့်တောင်းပြီး အသစ်ရှာမယ်ဆိုလို့ စိတ်မပူကြပါနဲ့ တတိယလူမပါသလို ခွေးသွေးမဆန်ပါဘူး။ Shou က မသေခင် ၂နှစ်အလိုမှာပြန်မွေးဖွားလာတာလေ။ Gong ဘက်က ခံစားချက်ကို မသိထားတော့ သူလို အကြောသေရောဂါနဲ့ သေရမဲ့လူနဲ့ ဆက်ရှိနေတော့ရော နှစ်ဦးနှစ်ဖက်လုံး ဘာ‌ကောင်းမှာလဲဆိုပြီး ကွာရှင်းဖို့လုပ်တာမျိုးရယ်။

တစ်ပုဒ်လုံး Gong ရဲ့ခံစားချက်တွေဖတ်ပြီး နွေးထွေးပြီးရင်ထဲတသိမ့်သိမ့်နေရမှာ။ နန်စီက အဲလိုအခန်းတွေမှာ ပိုငိုမိတာ။ ဝမ်းနည်းစရာထက် စိတ်ကြည်နူးစရာလေးတွေဆို မျက်ရည်တန်းကျတာမို့ထင်တယ်။ စိတ်ရှုပ်စရာအခန်းဆိုရင်တော့ ဟိုသားအဖ၂ ယောက် ယင်ကောင်တွေလို အဆုံးနားထိပါလာတာလေးပဲ။ ဒါပေမဲ့ စိတ်ချပါ ပါးဖြတ်ရိုက်တဲ့အခန်းက အားလုံးကျေနပ်ရမှာပါ။ ပလော့တွစ်တချို့နဲ့အတူ အဆုံးသတ်မှာ ရိုရိုချိုချိုပျော်ပျော်ကြီးဇာတ်သိမ်းရမှာဆိုတော့ စိတ်ချလက်ချခံစားဖတ်ရှုပါလို့ ညွှန်းလိုက်ပါတယ်။

Untitle 🍀Where stories live. Discover now