Chapter 1 (unicode)

3.9K 49 0
                                    

အရိုင်းဆန်သော ညများ

Type - Web Novel (KR)
Genre - Romance Mature Historical
Author - Jin soye
Translator – Leilani

Chapter 1

ရွှေပိုးထည် အိပ်ယာထက်ကနေ ပြင်းထန်သော အသက်ရှူသံများနဲ့ အော်ဟစ်ညည်းညူသံများကို အတိုင်းသား ကြားနေရတယ်။ အဲ့ဒီညစ်ညမ်းသော အသံများက အခန်းတစ်ခုလုံးမှာ ပဲ့တင်ထပ်နေသဖြင့် အွန်းဟာက သူ(မ)ရဲ့ မျက်လုံးကို ပိတ်ထားရတယ်။ မြင့်မြတ်သော မိသားစုမှ အမျိုးသားကောင်းတို့က ခုနကထိ ပြည့်တန်ဆာမလေးတွေနဲ့ ကလူကျီစယ် နေကြတယ်။
ဒါပေမယ့် စားပွဲရဲ့ တစ်ဖက်အစွန်းမှာ ထိုင်နေတဲ့ ဒီနေရာရဲ့ ပိုင်ရှင်ဖြစ်သူကတော့ တိတ်ဆိတ်နေတယ်။ တိရစ္ဆာန် တစ်ကောင်ရဲ့ ညည်းတွားသံနဲ့တူတဲ့ အသံကို နားထောင်ရင်း သူကတော့ အပြုံးမမည်တဲ့ အပြုံးနဲ့ ပြုံးနေတယ်။
အွန်းဟာကတော့ ဒါတွေကို မြင်လည်းမမြင်ဘူး ကြားလည်းမကြားဘူးလို့ ကိုယ့်ကိုကိုယ် ယုံကြည်ဖို့ ကြိုးစားကြည့်တယ်။ ဒါပေမဲ့ အသုံးမဝင်ပါဘူး။
"အွန်းဟာ"
သူ(မ) မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်တယ်။  သူ့ရဲ့ခြေထောက်ပေါ်မှာပဲ သူ(မ)ရဲ့ အကြည့်ကို ဇောက်ချထားလိုက်တယ်။ အဲ့ဒီလူကတော့ ပြုံးပြီး ကြမ်းပြင်ပေါ်က စီးကရက်ကို ကောက်ယူလိုက်တယ်။
" မင်းက တော်တော် ခေါင်းမာတာပဲ"
စီးကရက်ကနေ ထွက်လာတဲ့ ဘီးအနံ့၊ မကြာသေးမီက သွေးသံယိုစီးခဲ့တဲ့ဆီက သွေးရနံ့ရယ် ကြမ်းပြင်ပေါ်မှာ ပေကျံနေတဲ့ သုတ်ရည်မှ အနံ့တွေက ရောနှောနေကာ သူ(မ)ကို အသက်ရှူကြပ်သွားစေ တယ်။ သူ(မ) မအန်မိအောင်လို့ အစွမ်းကုန်ကြိုးစား ရင်း ပါးစပ်ကို ဖွင့်လိုက်တယ်။
" အရှင်က  ဒီလိုအရာတွေကို နှစ်သက်တယ်လား"
သူရှူသွင်းလိုက်တဲ့ ဆေးလိပ်ငွေ့တွေကို ပြန်မှုတ် ထုတ်ရင်း သူမမေးလိုက်တဲ့ မေးခွန်းကို ကြားတော့ သူက ရယ်မောလိုက်တယ်။
" ကြည့်ရတာ ငါက မျက်မမြင်ဆိုတာကို မင်း မေ့သွားပုံပဲ။ ငါက မျက်စိမမြင်နိုင်တဲ့အတွက် ငါ့ရဲ့ နားတွေကို သာယာကြည်နူးစေဖို့ မင်းရဲ့ အသံကို ပိုက်ဆံပေးပြီး ဝယ်ခဲ့တာ"
သားကောင်ကို အမဲလိုက်တော့မည့် ကျားတစ် ကောင်ရဲ့ မျက်လုံးနဲ့တူတဲ့ သူ့ရဲ့ မျက်လုံးတွေက သူ(မ)ကို ခြိမ်းခြောက်နေသလိုပဲ။ အဲ့ဒါကြောင့်ပဲ သူ(မ) သူ့ကို ပြန်ခံပြောဖို့မပြောနဲ့ သူနဲ့ မျက်လုံးချင်း ဆုံရမှာတောင် သေမလောက် ကြောက်နေခဲ့တာ။ ဒါပေမဲ့ ဒီနေ့တော့ သူမ သတ္တိရှိမှရမယ်။ သူမ စကတ်စကို ဆွဲလိုက်ပြီး ခေါင်းကို မော့လိုက်တယ်။
" ရှင်မှန်တယ်။ ရှင်က ကျွန်မရဲ့ အသံပိုင်ရှင်ပဲ။ ဒါပေမဲ့ အဲ့ဒီလူတွေက ကျွန်မရဲ့ အသံအတွက် တစ်ပြားတောင်မှ ပေးထားကြတာ မဟုတ်ဘူး။ အဲ့ဒါမို့ ကျွန်မလည်း အခုက စပြီးတော့ စကားတစ်ခွန်းမှ ပြောတော့မှာ မဟုတ်ဘူး။"
" မင်းက ဘာစကားမှ မပြောတော့ဘူးလား?”

အရိုင်းဆန်သောညများ [ဘာသာပြန်]Where stories live. Discover now