"ဟာ...ငါက"
"ငါကတွေ လုပ်မနေနဲ့ ဟျောင့်၊ မဆုံရတာကြာနေပြီ၊ မင်းလည်း ပွဲတော်မှာ မရှိတာ ကြာပြီမလား၊ လာခဲ့လိုက်၊ ဘက်ခဟျွန်းကတော့ နှစ်တိုင်းရှိနေကျဆိုတော့ ထူးပြီးခေါ်စရာမလိုဘူး၊
ဂျုံအင်လည်း လာမှာတဲ့၊ မင်းသာ...မလာလို့ကတော့ ဒီတစ်သက်သူငယ်ချင်းစခန်းပြတ်ပြီပဲ"စကားကို တရစပ်ပြောသွားရင် သုတ်သီးသုတ်ပျာထွက်သွားတဲ့ ဂယောင်းဆူကို ငေးကြည့်နေမိသည်။ ဒိုဂယောင်းဆူက ဘယ်တုန်းက စကားတွေအဲ့လောက်အများကြီးပြောတတ်သွားတာလဲ။
***
ချန်းယောလ်နေ့လည်မှာ မြို့ထဲကစာတိုက်ကို သွားကာ ကွာရှင်းစာချုပ်ကို သူ့ရှေ့နေဆီ ပို့လိုက်သည်။ တရားရုံးကို တင်သွင်းပြီး ၃ လလောက် စောင့်ရအုံးမည်တဲ့။ မြန်နိုင်သမျှ မြန်အောင်လုပ်ပေးဖို့ သူတောင်းဆိုလိုက်သည်။ သူတို့ လက်ထပ်ပွဲကို နောက် ၃ လမှာ ကျင်းပဖို့
ဂျွန်ဟီးက စီစဥ်ထားပြီးပြီမဟုတ်ပါလား။အခုလို အနေဝေးတော့ ပိုလွမ်းရပါတယ်ဆိုပြီး မအားတဲ့ကြားက ဂျွန်ဟီးက ဖုန်းတွေခေါ်ရှာသည်။ missed call ဖြစ်သွားတဲ့အရေအတွက်ကသာ များနေတာမို့ ဂျွန်ဟီးအပေါ် အားနာရသည်။
ဟုတ်တယ် သူခံစားချက်တွေ တွေဝေနေလို့မဖြစ်ဘူး။ သူလုပ်စရာရှိတာတွေ ဆက်တိုက်လုပ်နေရမည်။ ရုံးကိုလည်း ပြစ်ထားရတာကြာပြီ။ Social Media မှာလည်း သူပျောက်နေလို့ အားလုံးက နေကောင်းရဲ့လားဆိုပြီး စိတ်ပူနေကြပြီ။ သတင်းထောက်တွေကလည်း သူပျောက်ချက်သားကောင်းနေလို့ သို့လော
သို့လောဖြစ်နေကြပြီတဲ့။ ဆိုလ်းကို မြန်မြန်ပြန်ရမည်။ ဒီည အားလုံးကိုနှုတ်ဆတ်ပြီးရင် သူပြန်တော့မည်။***
မီးပုံပွဲကို ရောက်တော့လူတွေတော်တော်စုံနေပြီ
ဆိုဂျူပုလင်းလိုက် ကိုင်ပြီး မော့နေကြတဲ့ လူတွေတော်တော်များများက မူးပြီး ကတောင်ကနေကြပြီသူ့ကို ဂျုံးဒယ်က မြင်သွားပြီး လှမ်းခေါ်သည်။
ဘက်ခဟျွန်းကို အဲ့ဒီဝိုင်းမှာမတွေ့တာမို့
ဘေးဘီမျက်စိဝေ့ဝဲကာရှာတော့ သူမမြင်ဖူးတဲ့ လူတစ်ချို့နဲ့ စကားတွေပြောနေရာက
လှမ်းကြည့်တာမို့ အယောင်ယောင်အမှားမှား ပြုံးပြလိုက်ပေမယ့် ဟိုဘက်ချက်ချင်းပြန်
လှည့်သွားသည်။
YOU ARE READING
Bittersweet
Fanfictionအချစ်ဟာ ချိုမြိန်သလား ခါးသီးပါသလား ချစ်ဖူးသူမှသာ သိနိုင်ပါလိမ့်မည် သေချာတာက "Love is a hole in the heart." ဆိုတဲ့အတိုင်း ချစ်မိသွားတာနဲ့ နှလုံးသားထဲက ကွက်လပ်ကို တစ်စုံတစ်ယောက်ကသာ ဖြည့်ဆည်းပေးနိုင်တာမျိုးပါပဲ သူမှ မဟုတ်ရင် အမြဲနာကျင်နေရတော့တာမျိ...
A tree in my soul
Start from the beginning