Chapter 29 🧑‍🤝‍🧑

886 149 2
                                    

Chapter 29

သို့သော် သူ့လက်တို့ဖြင့် မထိရသေးခင်မှာပင် သွမ့်ချန်ချင်းက ရှောင်ပိုင်ကို ပြန်ချီလိုက်သည်။

သူ့လက်ထဲ ရောက်တော့မည့် ချစ်စရာ အကောင်ပေါက်လေးကို လက်လွှတ်ခံလိုက်ရသည့် တစ္ဆေဘုရင်မှာလည်း ယမ်းပုံမီးကျ ဖြစ်လာတော့သည်။

"ငါ့ကို ရှောင်ပိုင်ကို ချီခွင့်ပေး ..."

"မစ္စတာရှဲ့ .. ယွင်နန်ရဲ့ အဖော်သားရဲကို သူ့အိမ်ထောင်ဖက်တစ်ယောက်တည်းကပဲ ချီခွင့်ကိုင်ခွင့် ရှိပါတယ် ..."

ဒီလူက ဘယ်နေရာကနေ ရောက်လာမှန်းတောင် မသိရသေးနဲ့ .. ရှောင်ပိုင်ကို ထုတ်မပေးနိုင်ပါဘူး ...

တစ္ဆေဘုရင်ပင်လျှင် အနည်းငယ် ကြောင်အသွားသည်။

"မင်း ဘာပြောလိုက်တာလဲ ..."

‌"ရှောင်ပိုင်ကို ကျွန်တော်တစ်ယောက်ပဲ ကိုင်ခွင့်ရှိတယ်လို့ ..."

သူက ပြန်ပြောလိုက်သည်။

"မင်း ..."

တစ္ဆေဘုရင်မှာလည်း လွန်စွာ ဒေါသထွက်လာတော့သည်။

ငါ့သားရဲ့ အဖော်သားရဲကိုတောင် ချီလို့ကိုင်လို့ မရဘူးပေါ့ ဟုတ်လား ...

ငါ့သားလေးကို မွေးကတည်းက လုယူခံလိုက်ရတာ သူ့ရဲ့ အဖော်သားရဲကိုလည်း တစ်ခါမှ မမြင်ဖူး၊ ပွေ့လည်း မပွေ့ဖက်ခဲ့ရဖူးဘူး အခုထိလည်း ပွေ့ဖက်ခွင့် မရသေးပြန်ဘူး ...

ထားပါ ဒါတွေက ရှေးလူကြီးတွေ ပြောထားခဲ့တာ ဆိုတော့ သူလည်း အတင်း လုယူပြီး ဖက်လိုက်လို့မှ မရတာ ..

အဲဒီ့လိုဆို အရမ်း ရှက်ဖို့ကောင်းမှာလေ ...

"ခင်ဗျားက မီးကို ကြည့်နေရမှာ မဟုတ်ဘူးလား ..."

သွမ့်ချန်ချင်းက ပြောလိုက်သည်။

တစ္ဆေဘုရင်လည်း မီးဖိုချောင်ထဲသို့သာ ဒေါသတကြီး ပြန်သွားရတော့သည်။

ရှဲ့ယွင်နန်ကို ပညာသင်ပေးပြီးတဲ့ အချိန်ကျ ရှဲ့ယွင်နန်က ငါ ရှောင်ပိုင်ကို ပွေ့ဖက်ချင်တယ်လို့ တောင်းဆိုရင် ငြင်းမယ်လို့ လုံးဝ မထင်ဘူး ...

ငါ့ရဲ့ နူးညံ့တဲ့ချစ်ဇနီးလေးဘယ်ရောက်သွားတာလဲ Where stories live. Discover now