“အွန်.. အရင်က ဒယ်ဒီပဲ ပေါင်ပေါင်းကို ဟိုဟိုဒီဒီ လိုက်ထိကြည့်တာလေ.. ဒယ်ဒီက လုံးဝကို မျက်နှာနှစ်ခုရှိနေတာပဲ..”
ရှောင်ဝူယိ လက်ပိုင်ကာ နျဲ့ရှောင်အား ကြည့်နေပြီး လတ်တလော သင်ကြားလာခဲ့သည့် စကားလုံးအသစ်အားသုံးကာ မျက်နှာပုံ့ပုံ့လေးထက်တွင် မကျေနပ်မှုတို့ အတိုင်းသားပင်။ ရှောင်ဝူယိ၏ အသွင်အပြင်မှာ လူသားတစ်ဦး ဖြစ်လာသော်လည်း မသန့်စင်သည့် အညစ်အကြေးများ ပြည့်နေသည့် ကမ္ဘာကြီးအကြောင်း နားကန်းတစ်လုံးမျှပင် မသိနားမလည်ချေ။
နျဲ့ရှောင် : “…”
နျဲ့ရှောင် စိတ်ပျက်လက်ပျက်နှင့် မျက်နှာကို ပွတ်လိုက်မိသည်။
အား.. ငါ့ရဲ့ သင်ကြားမှုနည်းလမ်းက မှားယွင်းနေခဲ့တာပဲ..
ရှောင်ဝူယိသည် သူ့အားနောက်ကျောပေးထားသည့် နျဲ့ရှောင်အား ကြည့်လိုက်သည်။ နျဲ့ရှောင်၏ ဦးခေါင်းပေါ်ရှိ ရွာချတော့မတတ်ဖြစ်နေသည့် မိုးတိမ်မည်းများကိုကြည့်ကာ စိုးရိမ်လာလေသည်။ ဟမ်းစတားအသွင်သို့ ပြန်ပြောင်းကာ နျဲ့ရှောင်၏ ပုခုံးပေါ်သို့ တက်လိုက်သည်။
“ချိ..”
ဒယ်ဒီ တစ်ခုခုဖြစ်နေတာလားဟင်.. (づ˶•༝•˶)づ
“ဒယ်ဒီ အဆင်ပြေပါတယ်..”
နျဲ့ရှောင် ပင်ပန်းနွမ်းနယ်စွာ ပြောလေသည်။
ကံကောင်းထောက်မစွာဖြင့် ထိုအချိန်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာသည့်အတွက် မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်လျက်ရှိသည့် နျဲ့ရှောင်မှာ လက်တွေ့ဘဝသို့ ပြန်ရောက်လာလေသည်။
တံခါးခေါက်သံကြားချိန်တွင် နျဲ့ရှောင်သည် ဟမ်းစတား ဆန်မုန့်လုံးလေးအား လက်ဖဝါးပေါ်သို့တင်ကာ အိတ်ကပ်အတွင်း ထည့်လိုက်သည်။ ထို့နောက် ချစ်စဖွယ်အော်သံသေးသေးလေးအား ကြားလိုက်ရပြန်သည်။
“ချိ..”
ဒယ်ဒီက ပေါင်ပေါင်းကို ထပ်ထိလိုက်ပြန်ပါပြီကွယ်.. လားလားလား (◔ω◔)
နျဲ့ရှောင်မှာ ခလုတ်မတိုက်ဘဲ ချော်လဲကျမတတ်ပင်။
တံခါးတစ်ဘက်ရှိ ရှောင်ယန်မှာ မောပန်းနွမ်းနယ်သည့် မျက်နှာထားနှင့် တံခါးလာဖွင့်သော နျဲ့ရှောင်အား မြင်တွေ့လိုက်ရသဖြင့် ကြောင်အသွားမိသည်။ သို့သော်လည်း မကြာမီမှာပင် နျဲ့ရှောင်၏ အိတ်ကပ်ထဲရှိ ချစ်စဖွယ်ဟမ်းစတားလေး၏ ဆွဲဆောင်ခြင်းခံလိုက်ရသည်။
![](https://img.wattpad.com/cover/291408705-288-k391631.jpg)
Chapter 39 🐹
Start from the beginning