"သခင်လေး အထဲဝင်ရအောင် ညနေဆိုပိုအေးမှာ"
"ညနေတောင်ရောက်ပြီလား။ "
သခင်လေးအသံက ပျော့နေတာမို့ရိပေါ်စိုးရိမ်သွားတယ်။
"သခင်လေးတစ်ခုခုဖြစ်လို့လား။"
"ငါ့မှာ ပန်းနာရင်ကျပ်အခံရှိတယ်။ ငါကြာကြာခံနိုင်ပါ့မလားစိုးတာ။"
ရိပေါ် တစ်အားစိုးရိမ်သွားတယ်။
"နေထွက်တဲ့ နေရာကျွန်တော်သိတယ်။ နောက်နေ့မိုးလင်းတာနဲ့အဲ့ဆီသွားမယ်လေ။ ရေပူချောင်းလဲရှိတယ်။"
"ဘာ....".
ရှောင်းကျန့်စိတ်တို သွားတာရိပေါ်သတိထားမိတယ်။
"မင်းက ငါ့ကိုဘာလို့ခုမှပြောတာလဲ။ ငါတစ်နေကုန်အေးနေတာ မမြင်ဘူးလား။"
"အဲ့ဒီမှာက အန္တရာယ်ရှိတဲ့ဝက်ဝံတစ်ကောင်ရှိတယ်။ အဲ့တာကြောင့်ပါ။"
"တစ်ခါတည်းဝက်ဝံကိုက်ခံပြီးသေတာမှကောင်းဦးမယ်။ ရောဂါကြီးမခံစားချင်ဘူး။"
"အဲ့လိုမပြောပါနဲ့ ကျွန်တော် သခင်လေးကိုတစ်ခုမှ အဖြစ်မခံဘူး။"
"ဘာလို့လဲ။"
ရှောင်းကျန့်ရုတ်တရက်ပြန်မေးတော့ ရိပေါ်ဘာပြန်ဖြေရမှန်းမသိဘူး။
"ဒီ ဒီတိုင်း မထိခိုက်စေချင်လို့။ ဟို....ကျွန်တော်ညစာ စားဖို့တစ်ခုခုသွားရှာဦးမယ်။ သခင်လေး အထဲမှာခနလေးနေနေနော်။"
"အသားမရမချင်း ပြန်မလာနဲ့။"
"ဟုတ်ကဲ့ သခင်လေး။"
ရှောင်းကျန့် အထဲပြန်ဝင်ပြီး နှပ်နေတယ်။ မီးဖိုလေးကြောင့်အနွေးဓာတ်လေးတော့ရလာတယ်။ ရိပေါ်ရှိမနေတော့ အိပ်ချင်ပေမယ့်မအိပ်ရဲပဲ ဟိုလျှောက်ဒီလျှောက်နဲ့ နံရံမှာ ထင်းခြောင်းနဲ့ရုပ်ပုံလေးတွေလိုက်ရေးတယ်။ အချိန်တစ်ခုကြာပြီးမှောင်လာတဲ့အခါထိ ရိပေါ်ကပြန်မလာသေးဘူး။ ရှောင်းကျန့်နဲနဲတော့ကြောက်လာပြီ။ အစာရှာရင်း သေများသေသွားပြီလား။ တစ်ယောက်တည်းတောထဲမှာအသက်ရှင်ဖို့စဉ်းစားလိုက်မိတိုင်း ကြောက်ရွံ့လာတယ်။ အဲ့အချိန်မှာပဲ တောခွေးတွေကဆွဲဆွဲငင်ငင်အူလာတယ်။ အရင်နေ့ကမအူပါဘူး။
Part-4
Start from the beginning