အပိုင်း ( ၇ )

Start from the beginning
                                    

" သေဆုံးသွားတဲ့လူတွေက အရင်ကမိတ်ဆွေဟောင်းတွေနဲ့လဲ ဝိဉာဉ်ဘဝနဲ့ပြန်တွေ့နိုင်တာပဲလား "

" ဟမ် မင်းဘာတွေပြောနေတာလဲ "

ကောင်လေးက အူလည်လည်လေး ပြန်မေးလာတယ် ။ မြတ်ရှားက ပြုံးလိုက်ပြီး ထိုကောင်လေးကို လှမ်းဖက်လိုက်ကာ …

" မင်းလဲငါ့လိုပဲ ဝိဉာဉ်ဘဝနဲ့ နေနေရတာလား "

" မြတ်ရှား မင်းကောင်းကောင်းမနိုးသေးဘူးလား ဘာတွေယောင်နေတာလဲ ခုထတော့ "

ကောင်လေးက ​မြတ်ရှားရဲ့အိပ်ချင်မူးတူဖြစ်နေတဲ့ မျက်နှာလေးကိုဆွဲယူကာ ပါးနှစ်ဖက်ကို ဆွဲဖစ်လိုက်တယ် ။

" အ့ အား "

ထိုအခါမှ နာကျင်မှုကြောင့် မြတ်ရှားအသိစိတ်ဝင်လာကာ ထိုင်ရာမှထလိုက်တယ် ။ ဘေးပတ်ပတ်လည်ကိုကြည့်လိုက်တော့ သူဟာစာသင်ခန်းတစ်ခုအတွင်းမှာရောက်ရှိနေမှန်းသိလိုက်ရတယ် ။ မြင်နေရတဲ့မြင်ကွင်း ကြားရတဲ့အသံ အားလုံးဟာ ပုံရိတ်ယောင်လောကနဲ့မတူပဲ အားလုံးက အစစ်အမှန်လိုပဲ ။ ထိုစဉ်အရှေ့က ကောင်လေးထံအကြည့်ရောက်သွားတော့ မြတ်ရှား လန့်ဖြန့်သွားလေတယ် ။

" ရန်ရန် "

သူ့ကိုကြည့်ပြီးလန့်နေတဲ့မြတ်ရှားကြောင့် ကောင်လေးက အူတူတူဖြင့် မေးလာတယ် ။

" မြတ်ရှား ငါ့ကိုကြည့်ပြီးသရဲတွေ့သလို့ ဘာလို့လန့်နေတာလဲ "

" မင်း မင်းက သရဲမဟုတ်ဘူးလား "

" ဘာတွေပြောနေတာလဲ ငါအရှင်လတ်လတ်ကြီး ရှိသေးတယ် "

မြတ်ရှား အခြေအနေကို နာလည်နိုင်အောင် ကြိုးစားရင်း သူ့အရှေ့ကကောင်လေးရဲ့ပခုံးကို ထိကိုင်ပြီး လေနက်စွာကြည့်နေမိတယ် ။ ထိုကောင်လေးဟာ သူငယ်စဉ်က ကျောင်းနေဘက်ဖြစ်ပြီး သူနဲ့အရင်းနီးဆုံးသူငယ်ချင်းလဲဖြစ်တယ် ။ သူနဲ့ ထို ရန်လင်းခန့်ဆိုသည့် သူငယ်ချင်းဟာ ဘဝပေးကံတူတာကြောင့် အတန်းထဲမှာ အားလုံးရဲ့အပယ်ခံဖြစ်ပြီး အရင်းနီးဆုံသူငယ်ချင်းတွေဖြစ်ခဲ့ကြတယ် ။

ဒါပေမဲ့ ရန်လင်းခန့်က ဒုတိယနှစ်မှာပဲ တိုက်ပေါ်ကနေခုန်ချပြီး မိမိကိုယ်ကို သတ်သေခဲ့တာကို မြတ်ရှားမှတ်မိနေသေးတယ် ။ သူ့ဘဝမှာနောင်တအရဆုံးထဲက တစ်ခုက သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ခံစားနေရတဲ့စိတ်ဒါဏ်ရာတွေကိုမသိခဲ့သလို သူငယ်ချင်းကိုအချိန်မှီမတားစီနိုင်ခဲ့တာကိုပဲ ။ အခုတော့ ထိုလူက သူ့ရဲ့အရှေ့မှာအရှင်လတ်လတ်ရပ်နေတာတွေ့ရတော့ မြတ်ရှားအလွန်ပျော်ရွှင်သွားကာ ပွေ့ဖက်လိုက်တော့တယ် ။

အကိုလေးရဲ့ ဖန်အိမ်စောင့်Where stories live. Discover now