##Unicode##
မွန်းနိုးလာတော့ မနေ့ကအဖြစ်အပျက်တွေကိုပြန်မြင်ယောင်နေပြီး ကြောက်နေမိသည်။
"ပေါက်စ နိုးပြီလား။"
အခန်းထဲဝင်လာတဲ့ အစ်မကြောင့်မွန်းအားကိုးတကြီး။
"အိမ်ပြန်ချင်တယ်။"
"ခနနေ တို့ လိုက်ပို့ပေးမယ်။"
"ဟင့်ဟင်း ခုပြန်ချင်တာ..ခု"
ထိုအစ်မလက်ကို အတင်းဆွဲကာပြောနေမိသည်။
"ကဲပါ ပြန်ရမှာပေါ့။ရော့ခုတော့ သံပရာရည်လေးသောက်လိုက်အုံး"
"ဟင့်အင်းမသောက်ဘူး။မနေ့ကအစ်မတိုက်တာသောက်ပြီး။ဘာတွေဖြစ်သွားမှန်းမသိဘူး။ခုထပ်မသောက်ရဲဘူး"
"ဟ မင်းကိုငါတိုက်တာမဟုတ်ဘူးလေ။ မင်းဟာမင်းအတင်းသောက်ချင်တာလေ။ဒါထဲကငါ့အပြစ်ဖြစ်ရသေးတာလား။"
"မသိဘူး။ အစ်မကလူဆိုးကြီး။မွန်းကိုနာအောင်လုပ်တယ် ဟွန့်..။"
မွန်းဆူပုတ်ကာဆိုလိုက်သည်။
"ထပ်နာချင်သေးလား"
မှိုင်းပြောရင်း သူမအပေါ်အုပ်မိုးလိုက်သည်။
"ဟင့်အင်း။မမရေ..မမ ကယ်ပါ။ဒီအစ်မကြီးကိုကြောက်တယ်လို့။"
"ဟားဟား။မင်းမမက မင်းဘယ်ရောက်နေလဲတောင်မသိတာ။မင်းကိုဘယ်လိုလာကယ်မလဲ။ ပြီးတော့ ငါကကြောက်ဖို့မကောင်းပါဘူးကွ။ငါကချစ်ဖို့ကောင်းတာ"
မှိုင်းသူမပေါ်ကနေ ဖယ်ပေးလိုက်သည်။
"ချစ်ဖို့။အချစ်..."
"အင်းလေ။"
"ဟင့်အင်း။မွန်းအချစ်ဆိုတာကြီးကိုကြောက်တယ်။မွန်းဘယ်သူ့ကိုမှမချစ်ရဲတော့ဘူး။မွန်းချစ်တဲ့သူတွေကမွန်းကိုထားခဲ့ကြတယ်"
"တို့ကတော့ မင်းကိုတစ်သက်လုံးမထားဘူးစိတ်ချ"
မှိုင်းပြုံးစိစိလေးဆိုလိုက်ပေမယ့် သူမကတော့ ကြောက်စိတ်တွေအပြည့်ဖြစ်တဲ့ မျက်လုံးတွေနဲ့မှိုင်းကိုညြ့်လာသည်။
"တခြားသူတွေလဲအဲ့လိုပြောခဲ့ကြတာဘဲ။ပြီးတော့လဲထားသွားတာဘဲ မေမေနဲ့ ဖေဖေ ပြီးတော့ မမ.."
YOU ARE READING
Pity Love🔞
Short Storyမွန်းအကြောက်ဆုံးက အမျိုးသမီးတစ်ယောက်တဲ့။ 🔞ပါတာမို့ ကလေးတွေမဖတ်ကြနဲ့နော် သတိပေးတာ။