10 (final)

96 13 0
                                    

ကျောင်းဆင်းချိန် ဌာနထဲက Renjun ထွက်လာခဲ့သည်။ Jeno က နံရံကို မှီပြီး သူ့ကို စောင့်နေသည်။ အခုတလော Jeno က အတန်းချိန်မရှိလို့ ကျောင်းမလာဘူးဆိုရင်တောင် အပြန်ကို လာကြိုနေကျဖြစ်နေပြီ။
သူ့ကိုတွေ့တော့ Jeno က သူ့ကိုလက်လှမ်းပေးသည်။ လှမ်းပေးလာသည့် Jeno လက်ကို သူကပြန်ပြီး ဆုပ်ကိုင်လိုက်တော့ သူတို့လက်ဖဝါးနှစ်ခုက အံဝင်ခွင်ကျဖြစ်လို့။
ကားထားတဲ့နေရာရောက်တော့ သူ့ကားနဲ့ မလှမ်းမကမ်းမှာရှိတဲ့ Mark Hyung ကားဘေးမှာ တွတ်ထိုးနေတဲ့ Mark Hyung နဲ့ Haechan ကိုလည်း မြင်သေးရဲ့။ အခုတော့လည်း အဆင်ပြေသွားတာပါပဲ။
"ကိုကို ဒီနေ့ အိမ်ကိုတန်းမပြန်သေးဘဲ အပြင်ခဏသွားရအောင်"
တဖြည်းဖြည်းနဲ့ တိုက်တာတွေကို ထားခဲ့ပြီး မြို့ပြင်ဘက်နားရောက်လာသည်။ မြို့အစွန်နားက ပန်းခြံမှာ Jeno က ကားကို ရပ်လိုက်သည်။
"ကိုကိုနဲ့ တစ်ခါမှ မဒိတ်ရသေးလို့"
"ဒိတ်ဖူးပါတယ်"
ဟုတ်သည်။ ဒီပန်းခြံက သူတို့ရပ်ကွက်နဲ့ သိပ်မဝေးတာမို့ ငယ်ငယ်က စက်ဘီးစီးရင်းရောက်နေကျဖြစ်သည်။
"အဲ့ဒါနဲ့ မတူဘူးလေ။ အရင်က စိတ်က innocent ။ အခုကျ romance"
နှစ်ယောက်သားပြိုင်တူရယ်မိသည်။
Jeno လက်ကို ဆုပ်ကိုင်ရင်း Jeno ပုခုံးကိုမှီလိုက်သည်။
"Huang Renjun က ဒါမျိုးတွေလည်းလုပ်တတ်တယ်လား"
Jeno က စတာကြောင့် မဆိုစလောက်လေးရှက်လာရသည်။
"မကြိုက်ရင်လည်း-"
"ကြိုက်တယ်။ ကြိုက်တယ်"
Jeno လက်မောင်းကို ဖွဖွလေးလိမ်ဆွဲလိုက်သည်။ နာတယ်လို့ ပြောပေမယ့် Jeno အသံထဲမှာ ရွှင်မြူးရိပ်တွေ သမ်းနေတာ သူသိသားပဲ။
"ဟိုခုံမှာထိုင်ရအောင်လေ ကိုကို"
Jeno ပြောသည့်ခုံလေးက အနောက်အရပ်ကို မျက်နှာမူလို့နေသည်။ သစ်ပင်ကြီး၏ ပင်စည်မှာ ကပ်ရိုက်ထားတာမို့ အရိပ်လည်းရပြီး ထိုင်ချင့်စဖွယ်။
ရွှေအိုရောင်အလင်း‌တန်းတွေက ဖြာကျနေဆဲ။ ကျနေကို ငေးမောနေသည့် Jeno မျက်နှာချောချောကို သူငေး‌ကြည့်နေမိသည်။ နေခြည်တစ်စွန်းတစ်စက သူ့တို့အပေါ်ဖြာကျနေသည်။
"ကျွန်တော်ချောလား"
"အင်း"
သူက မဆိုင်းမတွဖြေတော့ Jeno က မျက်လုံးကွေးကွေးလေးတွေပေါ်အောင်ပြုံးသည်။
"ကိုကို့ကို ဝန်ခံစရာရှိတယ်"
သူ့လက်ဖျားတွေကို ဆော့ကစားရင်းပြောသည်။
"ပြောလေ"
Jeno က သူ့ဖုန်းကို ထုတ်ပြီး ဓာတ်ပုံတစ်ပုံကိုပြသည်။ သူ့ဓာတ်ပုံဖြစ်သည်။ နေရောင်ခြည်တချို့က သူ့မျက်နှာပေါ်ဖြာကျနေသောအချိန်တွင် မိမိရရရိုက်ထားတာဖြစ်၏။
"မှတ်မိလား ကိုကို"
"မှတ်မိတယ်"
"ကိုကို ကျွန်တော်ကို စာလာပြတုန်းက ရိုက်ထားတာ။ အဲ့သည်နေ့တုန်းက ရွှေအိုရောင်အလင်းတန်းတွေနဲ့ ကိုကိုကတအားလှနေတာ ။ဒီနေ့လိုပဲ"
Jeno က သူ့လက်တွေကို ဆွဲယူပြီး နှုတ်ခမ်းဖြင့်ထိကပ်လိုက်သည်။
Jeno ပုခုံးကို မှီရင်း Jeno လက်ကို ဆုပ်ကိုင်ရင်း လှပတဲ့ဆည်းဆာရိပ်ကို ငေးမောနေမိသည်။
မထင်မှတ်ပဲတွဲခဲ့တဲ့ လက်လေးဆိုပေမယ့် ဒီလက်ပိုင်ရှင်လေးကို သူမြတ်နိုးတာမို့ ဘယ်တော့မှ အဆုံးရှုံးခံမှာ မဟုတ်ဘူး။
နောင်အနာဂတ်မှာလည်း Jeno လက်ကိုတွဲပြီး သူက နေဝင်ချိန် နေထွက်ချိန်တွေကို စောင့်ကြည့်ဦးမှာမို့။
သူပင်ပန်းသမျှကို Jeno ရင်ခွင်မှာ ချွေးသိပ်ဦးမှာမို့ ။
"ချစ်တယ် Jeno"
"ကျွန်တော်လည်း ကိုကို့ကိုချစ်တယ်"

Love After Marriage Where stories live. Discover now