2.

ကုန်ကားက ဆိုင်ကို အသီးအနှံ​တွေလာချတယ်။
စ​တော်ဘယ်ရီ ​တွေပါတာမြင်လိုက်​တော့
ဂယူဗင်းက မဆီမဆိုင် မျက်လုံးဝိုင်း​လေးကို​တောင် ​တွေးမိလိုက်​သေးတယ်။

​စ​တော်ဘယ်ရီနဲ့ ပတ်သက်တဲ့ မီနူး​တွေ ​
တော်​တော်စုံလာတဲ့အခါ  ထို​ကောင်​​လေးက
ထပ်​ရောက်လာပြန်တယ်။

ဂယူဗင်းက​​​တော့ လိုတာထက်ပိုတဲ့ အပြုံး​တွေကို ဆင်မြန်းထားတယ်။ လုပ်ယူ​နေတာမဟုတ်ဘဲ အလိုက်သင့်​လေး​ပေါ်​ပေါက်လာတာ​တွေဖြစ်တယ်။

"ဒီ​နေ့​တော့ စ​တော်ဘယ်ရီ ရှိတယ်"

ဂယူဗင်းက အသိ​ပေးလိုက်​တော့ "အာ"
ဟုဆိုတာ ဂယူဗင်းကို ကြည့်လာပြန်တယ်။

"စ​တော်ဘယ်ရီနို့ တစ်ခွက်​ပေးပါ"

ခဏကြာ​တော့ မှာထားတဲ့ ​သောက်စရာ​
ရောက်လာတယ်။​ဘောပင်ကို လှည့်​နေရင်းနဲ့
ဂယူဗင်းက အကြံတစ်ခု​ရောက်သွားတယ်။

" ဗူး​ပေါ်မှာ ရေး​ပေးဖို့ နာမည်​ဘယ်လို​​​​ခေါ်လဲ "

ဂယူဗင်းက ရွယ်တူလို သုံးနှုန်း​နေရင်​တောင်
စိတ်ထဲရှိ​ပုံမ​ပေါ်တဲ့ ​ဧည့်သည်​လေး​ကြောင့်
ဂယူဗင်းက ဆက်ပြီး ရွယ်တူလို သုံးနှုန်းမိ​နေတယ်။

"ရစ်ခီ"

ကိုရီးယားနာမည်မဟုတ်ဘဲ အင်္ဂလိပ်နာမည်​ကြောင့် ဂယူဗင်း မျက်ခုံးတစ်ဖက်​တော့ ပင့်မိသွားတယ်။
အဲတာ​ကြောင့်ကို ကိုရီးယား​လေယူ​လေသိမ်းက
နား​ထောင်ရတာ တစ်မျိုး​လေးလို့ ​တွေးမိ​နေတာ။

​ကြောင်​လေး​တွေ နို့​သောက်သလို၊စ​
တော်ဘယ်ရီနို့ကို ပိုက်​လေးနဲ့ တစ်ငုံချင်း စုပ်​နေလို
ဂယူဗင်းက ရစ်ခီကို လှမ်းကြည့်​နေမိတယ်။
ရစ်ခီက ပထမ တစ်ငုံမှာ မျက်နှာရှုံ့မဲ့သွားတာ
မြင်​တော့ ချဥ်များ ချဥ်သွားသလားဆိုပြီး
ဂယူဗင်းက စ​တော်ဘယ်ရီကို
ချက်ချင်းအပြစ်တင်လိုက်တယ်။
စ​တော်ဘယ်ရီ​တွေဆို ချိုရမှာ​လေ၊အထူးသဖြင့်
ရစ်ခီ လျှာဖျား​ပေါ် ​ရောက်တဲ့အခါမှာ​ပေါ့။

"အစ်ကို ညီမ​ရော နာမည်​ပြောရမလား"

ခပ်ရွယ်ရွယ်​ကျောင်းသူ​လေးက
အပြုံးကြီးကြီးပြုံးပြီး
ဂယူဗင်းကို ​ပြောလာတယ်။

strawberry kissWhere stories live. Discover now