''ကျေးဇူးပဲ နင့်နာမည်ကရဲထက်မလား''

''အေး ဟုတ်တယ်''

''ငါ့နာမည်က မေပိုး နာမည်အရင်းကတော့
မေပိုးဝတ်ရည်ဆု''

''ကြားရတာ မောပါတယ်''

''အဲ့ဒါကြောင့်မေပိုးလို့ပဲခေါ်ကြတာ''

''ဟုတ်ပြီ မေပိုး''

''တစ်ပတ်စောရောက်နေတာဆိုတော့ဂျူနီယာလေးကိုကြိုဆိုပါတယ်''

မေပိုးကရုပ်တည်နဲ့နောက်တယ်

''ဪ အေး ရက်ကတော်တော်ကွာတာဆိုတော့''.

နိုင်လင်းကဝင်ငေါ့တယ်

''နင်လည်းငါ့ထက်တစ်ရက်နောက်ကျတာပဲ''

''အေးပါ အေးပါ မပြောတော့ပါဘူး''

ကျန်တဲ့မိန်းကလေးနှစ်ယောက်ကလည်းနောက်လှည့်ပြီးမိတ်ဆက်ကြတယ်

''ငါ့နာမည် သဇင်စိုးမိုး''

''ငါက ရတီနိုင် ရတီလို့ပဲခေါ်ပေါ့''

''အားလုံးကိုမှတ်ထားပြီ တွေ့ရတာဝမ်းသာပါတယ်''

''ငါကစွမ်းထက်အောင် တချို့ကတော့ အောင်ရဲလင်းလို့ခေါ်ကြတာပဲ''

​ရှေ့တစ်တန်းကျော်ကအသံထွက်လာလို့ကြည့်တော့ စွမ်းထက်အောင်ဆိုတဲ့တစ်ယောက် လှမ်းမိတ်ဆက်တာဖြစ်နေတယ်

''အမလေး ဝေါ့''

မိန်းကလေးတွေဆီကချီးကျူးထောပနာသံတွေထွက်လာတယ် အားလုံးကိုကြည့်ရတာ တွေ့ကြတာသိပ်မကြာကြသေးပေမယ့်လည်းတရင်းတနှီးနဲ့ပျော်စရာကောင်းတယ်လို့ခံစားရတယ် ဒုတိယနေ့မှာတင်တော်တော်အဆင်ပြေတယ်ပြောရမယ်

''ငါကတော့ မင်းဇင်ခန့်''

''မင်းကိုတော့ငါသိတယ် နာမည်သာမသိတာ
မင်း ၈တန်းတုန်းက( )ကျောင်းကမလား''

''အေး ဟုတ်တယ် ငါလည်းမင်းကိုမြင်ဖူးတယ်''

အားလုံးမိတ်ဆက်နေတဲ့အချိန်မှာရှေ့ဆုံးတန်းအတွင်းဘက်မှာထိုင်တဲ့တစ်ယောက်ကသူ့ဘာသူစွမ်းထက်အောင်နဲ့စကားပြောနေတော့စိတ်ထဲတော့တစ်မျိုးဖြစ်သွားတယ် ဒီကောင်ဘာလဲပေါ့ အဲ့အချိန်မှာပဲ

PastWhere stories live. Discover now