" အကိုအတွက်ကျန့်ကျန့်ကကော်ဖီရှယ်ဖျော်ပေးထားတာနော်သောက်ကြည့်လိုက်ပါအုံး "

အကိုကအင်းလို့ပဲတစ်ခွန်းပြောပြီးရုံးအလုပ်တွေကိုသာဆက်လုပ်နေတော့ကျန့်ကျန့်ကထိုင်ခုံယူကာအကိုရှေ့မှာထိုင်ပြီးမေးထောက်ကာအကို့ကိုကြည့်လိုက်တော့အကိုဝမ်ကခေါင်းငုပ်ရာကနေဖြေးဖြေးချင်းချင်းခေါင်းမော့ပြီးကျန့်ကျန့်ကိုလှည့်ကြည့်လာတယ်။

ဘာမှလည်းမပြောပဲဒီတိုင်းကြီးစိုက်ကြည့်နေတော့ကျန့်ကျန့်ကယုန်သွားလေးပေါ်အောင်ပြုံးပြလိုက်တော့ကျန့်ကျန့်ကိုမျက်မှောင်ကျုတ်ကာကြည့်လာတဲ့အကို။ချက်ချင်းဆိုသလိုအကိုကခေါင်းပြန်ငုပ်သွားပြီးအလုပ်ပြန်လုပ်နေတော့ရှောင်းကျန့်ဘက်ကစစကားပြောလိုက်ရတယ်။

" ကျန့်ကျန့်လေအကိုအတွက်ကော်ဖီကောင်းကောင်းလေးဖျော်ထားတာမို့တစ်ငုံလောက်သောက်ကြည့်ပြီးအရသာဘယ်လိုလဲဆိုတာပြောပြပါနော် "

အကိုကဘာမှမပြောပဲသက်ပြင်းအရှည်ကြီးသာချပြီးစားပွဲပေါ်တင်ထားတဲ့ကော်ဖီယူကာတစ်ငုံသောက်ပြတော့ကျန့်ကျန့်ကျေနပ်သွားရတယ်။တစ်ငုံသောက်ပြီးအရသာကိုပြောပြပါဆိုတာကိုအကိုကမပြောပဲခေါင်းငုပ်ကာအလုပ်ပဲပြန်လုပ်တော့ကျန့်ကျန့်စိတ်တိုသွားကာစားပွဲကိုထုပြီးပြောလိုက်တယ်။

" အကိုနော် !!! "

" ဘာလဲ!!! "

" အရသာပြောပြပါဆို "

" အင်း "

အရသာပြောပြပါဆိုအင်းပဲတစ်ခွန်းပြန်ပြောတယ်တဲ့လေ။အံ့ဩလိုက်တာတကယ်ပဲစေတနာနဲ့မတန်ဘူးပဲဟွန့်အကိုက စိတ်တိုတိုဖြင့်ရှောင်းကျန့်လည်းအခန်းတံခါးဆောင့်ပိတ်ပြီးထွက်သွားလိုက်တယ်။

ရိပေါ်လည်းရှောင်းကျန့်ထွက်သွားတော့မှာစိတ်အေးရတော့တာပဲ။မဟုတ်ရင်ရှောင်းကျန့်ရှေ့ကျသေမတက်ခုန်နေတဲ့ရင်ဘတ်ထဲကနှလုံးခုန်သံကိုသာရှောင်းကျန့်ကြားသွားရင်ဒုက္ခပဲ။အစောတုန်းကရှောင်းကျန့်ကသူရှေ့မှာမေးလေးထောက်ကာကြည့်နေတာကိုလည်းသတိထားမိပါတယ်၊ဘာလို့လဲမသိဘူးနှလုံးခုန်သံကပိုမိုမြန်လာတဲ့အပြင်ရိပေါ်ရဲ့စိတ်တွေကလည်းရှောင်းကျန့်ရှေ့ရောက်ရင်စိတ်လှုပ်ရှားလာတာ၊ခြေတွေလက်တွေပါအေးလာပြီးလည်းပင်းကနေချွေးတွေတောင်ထွက်တယ်ရယ်။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now