ရတု ထိုနေ့က အကို့ကိုမနက်ကတည်းကမျှော်နေပေမယ့်လည်း အကိုကပေါ်မလာ။ အကို့ကို အရမ်းတွေ့ချင်နေမိသည်။

"ဒါဆို....မျှော်နေတာပေါ့ မောင်က.... အကို့ကို မျှော်နေတာကိုလိုချင်တာ.....အခုသိရသွားပြီဆိုတော့ အကို တကယ်ကျေနပ်တယ် "

"တော်ပါ....."

မောင့် အသံအနေအထားပြောင်းသွားတာကြောင့် မော်ကွန်းသတိထားမိပါသည်။ စိတ်ကောက်သွားပြီထင်ပါရဲ့။

"မောင်....ဒီနေ့ ကျောင်းပိတ်ရက်ဆိုတော့ ဘယ်မှသွားဖို့မရှိဘူးမလား။ ညနေအကိုလာခေါ်မယ်.....ပြင်ထားလိုက်"

"ဘယ်လဲ....."

"ညနေမှ ပြောမယ်......"

"ဒါပဲ အဲ့ဒါဆိုလည်း ဖုန်းဆက်လိုက်"

ဖုန်းချပြီးနောက် မော်ကွန်း အိတ်ထဲက လက်စွပ်လေးကို ထုတ်ကြည့်လိုက်သည်။ ဆင်တူလက်စွပ်လေး နှစ်ကွင်းကိုကြည့်ပြီး..မော်ကွန်း နှုတ်ခမ်းတို့ကွေးသည်အထိ ပြုံးမိသွား‌ေတာ့သည်။

___________

"မောင်....ဒီကွန်ဒိုက အကိုဝယ်လိုက်တာ....မောင်ဘယ်လို....သဘောရလဲ..."

ရတု အကို့ အလုပ်ခန်းထဲမှာ တွေ့ခဲ့တဲ့ အိမ်စာချုပ်က အကို့ ဝယ်ခဲ့တဲ့ အိမ်ဖြစ်‌ေနသည်ကိုး။

"ကျွန်တော့်ကို....ဘာလို့ ခေါ်လာတာလဲ"

"မောင့်ကိုတိုင်ပင်ချင်လို့လေ....အိမ်တွက် interior design ကိုရွေးပေးပါလား"

ထိုသို့ပြောပြီး မော်ကွန်းက မောင့်ကို MacBookလှမ်းပေးလိုက်သည်။

"Design ကအဲ့ထဲက ကြိုက်တာရွေးလို့ရတယ်"

ရတု MacBook ပေါ်ကြည့်မိတော့ Luxury furniture design တွေကိုမှ Design မျိုးစုံနှင့် အမျိုးအစားအတော်လေး စုံလင်သည်ကိုတွေ့သည်။

"ဟို....ကျွန်တော်နဲ့အကိုက အကြိုက်ချင်းမတူ......"

"မောင်....ကြိုက်တာမှန်သမျှ အကိုအကုန်ကြိုက်တယ်....ပြီးတော့ ...မောင့်ကိုလည်းကြိုက်တယ်....."

ခပ်တည်တည်နှင့် ‌ေမာ်ကွန်းပြောလိုက်တော့ မောင့်မျက်နှာက ချက်ချင်း အရောင်ပြောင်းသွားလေသည်။

ရူးOù les histoires vivent. Découvrez maintenant