part-12(U+Z)🔞🔞

Start from the beginning
                                    

သူမ သောက်ပြီး အရှိန်ရလာသည်နှင့်တူသည်။စကားတွေများလာသည်။

"မမ.."

"ဟင်။"

"မမဘယ်လိုရောက်နေတာလဲ"

မှိုင်းကိုသူ့မမထင်နေသည်နှင့်တူသည်လာဖက်ကာပြောသည်။

"တို့ကမင်းမမ မဟုတ်ပါဘူး။"

"မမ မွန်းကိုဘာလို့ထားခဲ့တာလဲ။"

"ဟင်။"

"မွန်းမမကိုချစ်တာမသိဘူးလား။
ဘာလို့မွန်းကိုတစ်ယောက်ထဲထားခဲ့ရတာလဲ။
မမ မရှိတော့မွန်းဘယ်လောက်တောင်ကြောက်နေရလဲမမသိလား။ညဘက်တွေအိပ်လို့တောင်မပျော်ဘူး။

"ဟင်းး"

မှိုင်းသက်ပြင်းလေးချလိုက်သည်။

"မမမွန်းဆီပြန်လာပါနော်။မမနော်။ပြန်လာမယ်မလား။"

မှိုင်းသောက်ထားတဲ့အရှိန်ကြောင့် ခေါင်းတွေမူးလာပြီ။သူမဒီလိုထပ်ရစ်ပုံမျိုးနဲ့တော့..

"မင်းအရမ်းမူးနေပြီထင်တယ်။
တို့အိမ်ပြန်ပို့ပေးမယ်။"

"ဟင်အင်းမွန်းက ဘယ်အိမ်ပြန်ရမလဲ။
မမနားဘဲနေမယ်။မမဆီမှာဘဲနေမယ်။မွန်းဘယ်မှမသွားဘူး။"

"အိမ်မပြန်ရင်လဲ တို့အခန်းထဲလိုက်ပို့ပေးမယ်။အဲ့မှာခနအိပ်နေလိုက်။"

"မမကောအိပ်မှာလား။"

"အင်း။"

"ဒါဆိုတူတူအိပ်မယ်သွားမယ်လာ။

သူမမှိုင်းကိုပါဆွဲထပြီးမှ

အော်နေအုံး မွန်းအိပ်ပျော်နေတုန်းမမထပ်ထွက်သွားရင်ဘယ်လိုလုပ်မလဲ။တော်ပြီမအိပ်တော့ဘူး။"

ပြန်ထိုင်လိုက်သည်။

"မသွားပါဘူး။တို့မင်းအနားမှာဘဲရှိနေပေးမယ်။တို့ကိုယုံပါ။တို့မင်းကို်တော့မှထားမသွားဘူး။"

"ဟီးတကယ်နော်။ကတိ။"

"ကတိပါ။"

မှိုင်းသူမကိုအခန်းထဲတွဲခေါ်ခဲ့ပြီး။ကုတင်ပေါ်သိပ်လိုက်သည်။

🔞🔞ပါပြီမို့ ထပ်အသိပေးပါရစေ။
မဖတ်ချင်ကျော်သွားပါနော်။

Pity Love🔞Where stories live. Discover now