" ရှောင်းကျန့်လိုက်ခဲ့ "

" ဟင် ဘယ်ကိုလဲ "

" ငါဆိုင်မှာထမင်းသွားစားမို့ အဖော်မပါလို့ မင်းခေါ်တာ "

" ဟို ကျန့်ကျန့်လေဘာမှမစားရသေးဘူး အခုမှအကိုရိချန်းပေးတဲ့ခေါက်ဆွဲပြုတ်လေးပဲစားရုံတင်ပဲရှိသေးတာပါ "

" လိုက်ခဲ့ဆိုလိုက်ခဲ့ပေါ့  ငါအမိန့်ကိုငြင်းတာလား "

အကိုကမတ်တပ်ရပ်ပြီးဆိုဖာမှာထိုင်နေတဲ့ကျန့်ကျန့်ကိုလက်ကနေဆွဲကာပြောလာသည်။အကိုရိချန်းကလည်း ကျန့်ကျန့်လက်ကိုဆုပ်ကိုင်ထားတဲ့အကိုရိပေါ်ရဲ့လက်ကိုကိုင်ပြီးပြန်ပြောလာသည်။

" ကျန့်ကျန့်မလိုက်ချင်ရင်မလိုက်ခိုင်းနဲ့လေ "

" သူမလိုက်ချင်လဲငါနဲ့လိုက်ကိုလိုက်ရမှာပဲ ဝမ်ရိ
ချန်း!!! "

ညီအစ်ကိုနှစ်ယောက်လုံးကအကြည့်ချင်းဆုံပြီးစစ်ခင်းနေကြတော့ အလယ်ကနေထိုင်နေတဲ့ရှောင်းကျန့်ကိုယ်တိုင်ပဲစိတ်တွေညစ်လာရပြီ။မနေ့ညကလဲအကိုကလည်းသူ့လက်ဆွဲ၊အကိုရိချန်းကလဲသူ့လက်ဆွဲ အခုလည်းညီအစ်ကိုနှစ်ယောက်စလုံးက~~~~ထပ်ပြီး ကိုယ့်ကြောင့်နဲ့စကားများရန်ဖြစ်တော့မှာထင်တယ်။အကိုရိပေါ်ကသူ့နောက်မလိုက်ရင်ရုံးဖွင့်တဲ့အခါကျ ကျန့်ကျန့်ကိုအလုပ်တွေအတင်းခိုင်းအုံးမှာသိလို့ အကိုနောက်ကိုပဲလိုက်ဖို့ဆုံးဖြတ်ရတော့မယ်။

" ကျန့်ကျန့် လိုက်ခဲ့ပါမယ် "

အစ်ကိုဖြစ်သူဝမ်ရိပေါ်ကအနိုင်ရသွားသလိုအပြုံးကြီးဖြင့် ရိချန်းကိုပြုံးပြတော့စိတ်ကတိုသွားသည်။ရှောင်းကျန့်ရှိနေတာကြောင့်စိတ်ကိုအတက်နိုင်ဆုံးသာထိန်းထားလိုက်ရင်း~~~~~

" ကိုယ်စောင့်နေမယ်နော် ကျန့်ကျန့် "

" ဟုတ်ကဲ့အကိုအဲ့ဒါဆိုကျန့်ကျန့်သွားပြီနော် အ့ "

ရှောင်းကျန့်က​စကားပြောနေတုန်းအကိုရိပေါ်ကရှောင်းကျန့်လက်ကိုအကြမ်းကြီးဆွဲကာ ခေါ်ထုတ်သွားတော့ အိမ်မှာတစ်ယောက်တည်းကျန်ခဲ့တဲ့ဝမ်ရိချန်းကစိတ်တိုတိုဖြင့် တံခါးဆောင့်ပိတ်ပြီး ဝမ်အိမ်တော်ထဲကိုပြန်ဝင်သွားလေသည်။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now