(11)

11 5 0
                                    

သတိုးသမီးလောင်းရှာဖွေခြင်း (11)

Ron က "မင်းတို့ငါ့ကိုပြောခဲ့တယ်လေ ဟိုတနေ့ကငါ့တို့ Church ကျောင်းကိုစောင့်ကြည့်နေတဲ့သူက Devil prince ဆိုတာ.....မင်း Devil prince မှန်းဘယ်လိုသိလဲ" Harmonie လည်းသူ့ရဲ့အယူအဆ Harry နှင့်တူမတူသိချင်၍ မေးလိုက်ခြင်းဖြစ်သည်။ ထို့အပြင် အလယ်လတ်တန်းစား၊ အထက်တန်းစား နှင့် တော်ဝန်သွေး Devil တွေကဉာဏ်ရှိသောကြောင့် Harry ကဘာကြောင့် တော်ဝင်သွေးဟုပြောလဲသိချင်မိသည်။ Harry လည်း ဤသို့ရှင်းပြသည်။ "ငါတို့ရဲ့ Church ကျောင်းပတ်ပတ်လည်မှာ devil တွေကိုအားနည်းစေတဲ့ အကာအကွယ်တွေချထားတာ မင်းတို့လည်းသိတာဘဲ။ နိမ့်ကျတဲ့ devil တွေကတော့အသိဉာဏ်မရှိတဲ့အတွက် ဖျက်ဖို့ကြိုးစားကြမှဘဲ။ အလယ်လတ်တန်းစားတွေကလည်း သူတို့ရဲ့ ဆာလောင်မှုကိုမထိန်းသိမ်းနိုင်ရင် ဖျက်စီးဖို့ ကြိုးစားကြမှာဘဲ။ သူကအဲ့လိုမျိုးမဟုတ်ဘူး ။ အမှန်တိုင်းပြောရရင် ငါသူနဲ့တိုက်ခိုက်ခဲ့ဖူးတယ်။" ထိုသို့ပြောလိုက်သောအခါ သူ့သူငယ်ချင်းနှစ်ယောက်ရဲ့ မျက်နှာပေါ်မှာစိုးရိမ်မှုတွေပေါ်လာတာတွေ့ရတယ်လေ။ Harry ကစိတ်မပူဖို့ပြောပြီးဆက်လက်ရှင်းပြတော့တယ်။ "သူ့ရဲ့စွမ်းအားတစ်စိတ်တစ်ပိုင်းကို ငါခံစားလိုက်ရသေးတယ်။ အဲ့ဒါကြောင့်မလို့ အထက်တန်းစားမင်းသားလို့ငါသက်မှတ်လိုက်တာ။" ထိုသို့ရှင်းပြပြီးသောအခါ Ron ကနေပြီးထမေးလိုက်တဲ့စကားကြောင့် Harmonie က Ron ကိုထရိုက်မိလေသည်။  Ron မေးလိုက်သည်မှာ "မင်းပြောနေတဲ့ devil prince တို့ အလယ်တန်းစား devil တွေဆိုတာဘာလဲ....." "ငါ နင့်ကို Church ကျောင်းစရောက်ကထဲက အဲ့တာတွေနဲ့ပက်သက်တဲ့စာအုပ်တွေကိုမဖတ်ခိုင်းထားဘူးလား!?" Harmonieက Ron အားအော်မိတော့သည်။

ထိုညနေ၌ Harry တစ်ယောက် church ကျောင်းတစ်လျှောက် ပတ်ဝန်းကျင်ကိုလိုက်စစ်နေလေတယ်။ ခါတိုင်းလို ရာသီဥတုမှာလည်းသာယာလှ‌လေသည်။ Draco မှာ Harry သွားနေကြနေရာနှင့် အချိန်များကို စောင့်ကြည့် စုံစမ်း‌နေသောကြောင့် Harry နှင့်မဆုံချေ။ ထိုတစ်ပတ်လည်း Harry အကြောင်းများစုံစမ်းနေသောကြောင့် Harry ရှေ့သို့ရောက်မလာချေ။
(တစ်ပတ်ပြည့်ပြီး)

Harry တစ်ယောက်ခါတိုင်းကဲ့သို့ မြို့ထဲသွားလေသည်။ အနောက်မှ Draco တစ်ယောက် Harry နားကပ်၍ လျှောက်လာသည် Harry တစ်ယောက်မရိပ်မိချေ။ "Hello....Pottah အလှလေး" ဟုပြောလိုက်လေသည်။ Harry ကထိုအချိန်မှ Draco သူ့အနောက်လိုက်လာမှန်းသိလေသည်။ ထို့နောက် "Omm ...... Hi" ဟုယောင်ပြီးပြောလိုက်လေသည်။ ထို့နောက်သတိဝင်ကာဆက်၍ "မင်း.. အလှလေးလို့ ခေါ်နေတာရပ်ပါတော့" ဟုပြောလိုက်သည်။
သို့သော် Draco မှာ "အလှလေးကိုအလှလေးလို့ခေါ်တာ ဘာလို့မကြိုက်ရတာလဲ" ဟုပြန်မေးသော်လည်း Harry တစ်ယောက်ဘာမှပြန်မပြောပေ။ Draco တစ်ယောက် အကြံတစ်ခုရလာသည် ။ထိုအကြံက Harry အား တောထဲက ရေတံခွန်ဆီသို့ ခေါ်သွားရန်ဖြစ်သည်။ ထိုရေတံခွန်မှာ သုံးဆင့်ရေတံခွန်ဖြစ်ပြီး ရေကလည်းအလွန်ကြည်လင်ကာ ငါးကလေးများလည်းရှိသည်။ Draco တစ်ယောက် Harry ကိုဆွဲကာ ရေတံခွန်ဆီသို့သွားလေသည်။ Harry တစ်ယောက် Draco လက်မှရုန်းရန် ကြိုးစား သော်လည်း Draco မှာသူ့ထက်အားကြီးသောကြောင့် မလွတ်ချေ။ Harry တစ်ယောက် Draco လက်မှရုန်းရန် ကြိုးစားနေသည်ကို Draco သတိထားမိသောအခါ Harry အားမမြင်ပအာင်ပြုံးကာ Harryရဲ့ခါးသွယ်သွယ်လေးကိုမ၍ကာရေတံခွန်ဆီသိုပြေးလေသည်။ Harry ကမူ "မင်းငါ့ကိုဘယ်ခေါ်သွားမလို့လဲ! လွှတ်!" ဟုအော်ပြောသောအခါ Draco က "ရေတံခွန်လေ။ ဘာလို့လွှတ်ရမှာလဲ?" ဟုစစနောက်နောက် နှင့်ပြန်ပြောလိုက်လေသည်။ ဤကဲ့သိုပင်သူတို့နှစ်ယောက် ရေတံခွန်သို့ရောက်လာခဲ့တော့သည်။

"သတိုးသမီးလောင်းရှာဖွေခြင်း"Where stories live. Discover now