" မင်းကအဲ့လိုပြောရအောင် ကိုကိုရဲ့အဖေလား ? ဟမ် သေချင်းဆိုး "

ဟာကွာ ဘာတွေလဲမသိဘူး။ကိုယ်ဟာနဲ့ကိုယ်မှခေါင်းရှုတ်လို့အေးဆေးနေနေတာကို။နှာဘူးကောင်ရှန်းချိုးရော၊ကျိုးယိရဲ့ညီကျိုးရန်ကရောဘာလို့အိမ်လာကြမှန်းမသိဘူး။အစကတော့အိပ်ခန်းထဲမှာတစ်ယောက်တည်းtvထိုင်ကြည့်နေတာကို အာရုံလာနောက်အောင်လုပ်နေကြတဲ့နှစ်ယောက်ကို ရိပေါ်ကြာတော့အမြင်ကပ်လာလို့ မောင်းမထုတ်ပဲ ရိပေါ်ကိုယ်တိုင်ပဲ သူတို့မမြင်အောင်အိမ်ထဲကနေအမြန်လစ်ထွက်လိုက်တယ်။

နေကြာပန်းခင်းထဲအေးဆေးထိုင်ခုံမှာထိုင်မယ်ကြံတုန်း ကိုယ့်ထက်ဉီးအောင်အရင်ရောက်နေသူက ရှောင်းကျန့်ဖြစ်နေတယ်။ရှောင်းကျန့်ကနေကြာပန်းခင်းထဲမှာရပ်နေပြီး နေကြာပန်းတွေကိုဓာတ်ပုံရိုက်နေတာမြင်တော့ ရိပေါ်ကနေကြာပန်းခင်းထဲဝင်သွားပြီး ရှောင်းကျန့်အနားသွားလိုက်သည်။

နေကြာပန်းပုံရိုက်နေတဲ့ရှောင်းကျန့်ကကိုယ့်ကိုမြင်တော့ ဓာတ်ပုံရိုက်နေရာကနေရပ်ပြီးဖုန်းပိတ်လိုက်တော့ ရိပေါ်လည်းစကားစပြောလိုက်တယ်။

" ငါကိုယ်တိုင်စိုက်ထားတဲ့နေကြာပန်းခင်းထဲကို ဓာတ်ပုံရိုက်ရမယ်လို့ဘယ်သူပြောလဲ ? "

ထိုသို့ပြောတော့ရှောင်းကျန့်ကသူ့ဖုန်းကိုဂျင်းဘောင်းဘီအိတ်ကပ်ထဲထည့်ကာ ရိပေါ်ကိုစကားပြန်ပြောတယ်။

" ကျန့်ကျန့်တောင်းပန်ပါတယ်။ကျန့်ကျန့်ဓာတ်ပုံမရိုက်ရဘူးဆိုတာကိုမသိလို့ပါ ဟိုလေ ဒါပေမယ့်တစ်ပုံလောက်ရိုက်ပါရစေ ကျန့်ကျန့်ကနေကြာပန်းကိုအရမ်းသဘောကျလို့ပါ နော် "

သနားစရာမျက်ဝန်းလေးတွေနဲ့တောင်းဆိုလာလည်း ရိပေါ်လက်မခံနိုင်။ဒီတစ်ခါတော့မင်းဘာသာမင်းဘယ်လိုတောင်းဆိုငါတော့လက်မခံနိုင်ဘူး ရှောင်းကျန့်။သူ့ကိုအရင်ကဝမ်ရိပေါ်မှတ်ပြီး သနားစရာကောင်းအောင်တောင်းဆိုနေတာများ ရီချင်လိုက်တာနော်။

မင်းအကြောင်းကိုမသိရင်ခက်မယ် ရှောင်းကျန့်!!!

" နော် ကျန့်ကျန့်ကဒီတစ်ပုံဆို "

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now