"အ့ဂြိုလ်ဆိုးကောင် တွေ့လို့ကတော့ အမှုန့်ကြိတ်ပစ်မယ်..."

ရှာနေတဲ့လူက မတွေ့ပါဘူးဆို နောက်ကတယောက် ကိုယ့်ကိုကြည့်နေတာက အစိမ်းလိုက်ဝါးစားမတတ်...ကုကုထက်အကြောင်းဆိုးတဲ့ အကောင်ပေါ်လာပြီ ရုပ်ကိုက ..မပြောချင်ဘူး..ဂလေကချေရုပ်...

ဂျီမင် ပြောရင်းဆိုရင်း ဖုန်းခေါ်ပြီး လူရှာဖို့ ဂျောင်ကု ဘက်သို့ လျှောက်လာချိန်....
ခေါ်မှ ထွက်လာသော ဂျောင်ကု ဖုန်းသံ......
မဖြစ်နိုင်လောက်ပါဘူး ဒါတိုက်ဆိုင်တာ......ဂျောင်ကုနားရပ်ကာ ဖုန်းကို ခေါ်လိုက် ချလိုက် လုပ်ကြည့်မိလိုက်သည်...
သူ့ဘက်က ချရင် ဟိုဘက်က အသံတိတ်သွားတယ် ..ခေါ်လိုက်ရင် အသံထွက်လာပြန်တယ်...သေချာတယ် သူက ကုကု.....ထင်မထားဘူး... ငယ်ငယ်ကထက် တော်တော်ကို ပြောင်းလဲသွားတယ်...အ့ကြောင့် လူကို ကြည့်နေတာက တနာမျက်စိနဲ့ကိုး....ငါ့ကိုရော မမှတ်မိတာလား...

"ဘာလို့ ရပ်နေတာလဲ..ကိုကို...."
"မင်း.."

ခွေးကောင် ငါ့ကို သိရဲ့သားနဲ့ ငြိမ်နေတာ...
ဟူး စိတ်လျော့ စိတ်လျော့ ခုမှ တွေ့ရုံရှိသေးတယ် ပြသနာ မဖြစ်ချင်ဘူး...

"သတိရနေတာ .."
"Yarr...မဖက်နဲ့"
"ကိုယ်ချစ်သူတောင် မေ့သွားတယ်ပေါ့.."
"Yarr...ပေါက်ကရတေ မပြောနဲ့....လွှတ် ပြန်မယ် ...
ငါကျောင်းနောက်ကျ နေပြီ..."
"နောက်ရက်မှ တက်ပေါ့ ဘာခက်လဲ.."
"မင်းဟာလေ...လာတော့..."

သူ့အထုပ်တေလဲ နည်းနည်းပါးပါးကူဆွဲပေးပါ့လား မဟုတ်ဘူး မနိုင့်တနိုင်နဲ့ ငါ့မာ သယ်လိုက်ရတာ....

"လှလာတယ်နော်.."
"ကု..."
"တကယ်ပြောတာ.."
"မင်းပါးစပ်ပိတ်ပြီး တိတ်တိတ်လိုက်နော်...မဟုတ်ရင် ငါရှေ့ကနံရံဝင်တိုက်ပလိုက်မာ..."
"ကိုကိုနဲ့ ဆို သေရဲတယ်..."
"ဟက်..ငါတော့ မင်းနဲတူတူ မသေချင်ဘူး...."
"ဟော...
စိတ်တိုနေတာလေးက ချစ်စရာလေး...."
"Yarr.....ခွေးကောင်"
"ဘာလုပ်တာလဲ ကိုကို...."

"ဒုန်း...."

ကားမောင်းနေတာသိရက်နဲ့ လက်က လည်ပင်ကို လာပွတ်သီးပွတ်သတ်လုပ်လိုက်တာ ယားလဲယား စိတ်ကလဲတိုနေတော့ ကားကို နံရံဘက်ကို ဦးတည် မောင်းပြီး အနားကျမှ ဘရိတ်စောင့်နင်းလိုက်သည်...အနားရောက်မှ ဘရိတ်နင်းလိုက်တော့ အရှိန်က မသေဘဲ နံရံနဲ့ အနည်းငယ်တိုက်မိသွားသည်.....
ကာလဲ အနည်းငယ်ပွန်းသွားသည်....

🌼မောင်လူဆိုး🌼Dove le storie prendono vita. Scoprilo ora