ဗမာကားထဲကလို ဝေါ့ ဝေါ့ နဲ့ အန်ရင်  ကိုယ်၀န် လို့ တန်းပြောရအောင်လည်း ဘယ်ဟုတ်မလဲ နော့ ..”

ခင်ခင် သူမအတွေးများကို ထုတ်ပြောနေခြင်းအပေါ် ကိုမျိုး ဘာမှတ်ချက်မှ မပေးလိုပါ။

ခင်ခင်..မိန်းမ  မင်းမှာ ကလေး ရှိတာ ဖြစ်နိုင်ပါတယ်။ သေချာပါတယ် ဆိုပြီ
ဇွတ်အတင်း အားရပါးရ ပြောပစ်လိုက်ချင်ပင်မယ့် လို့ မပြောရဲသေး။

ကိုယ့်ကို ကိုယ်တော့ ကိုမျိုး ယုံကြည်ချက်ရှိပါရဲ့။

အခန့်မသင့် လို့  မိန်းမ မှာ ကိုယ်၀န် မရှိခဲ့ရင် မိန်းမ ခံစားသွားရမှာကိုလည်း
တွေးကြောက် မိသည်။

ဒါ့ကြောင့် ကိုမျိုး မှာ အတွေး ထဲ ပျော်ရနိုးနိုး ၀မ်းနည်းရနိုးနိုး
နံနက် မိုးလင်း ဖို့ကိုသာ တမိ၏။

ခင်ခင်ကလည်း သူ့နည်းတူပါ ။

မမျှော်လင့် တော့သည့် အချိန်မှ မျှော်လင့် ရအောင် မျှော်လင့်ချက်တွေ လာပေးတော့  အိမ်မက်လားတစ်ကယ်လား တွေးမနေချင်တော့။ ပြေးပြီတော့ကို ကြည့်ပလိုက်ချင်သည်။

@@@

ဆေးခန်းရဲ့ တံခါးပေါက် မှာကိုမျိုး တို့ ဇနီးမောင်နှံ ‌အစောဆုံး
စောင့် နေသည်။

၀င်လို့ရပြီ ပြောတော့  ကိုမျိုးက  သူ့ဇနီး လက်ကို ဆွဲလျက်
၀င်သည်။

ဆရာ၀န်မကြီးက မေးသည်ကို သူက၀င်ဖြေသည်။

သူကြည့်ရတာ တစ်ကယ် ဂနာမငြိမ်။

ဆီးစစ်ဖို့ ညွန်ကြား တော့လည်း သူရော စစ်စရာလိုသေးသလားတဲ့။

သူ့အပြောကြောင့် ဆရာ၀န်မကြီးရော သူနာပြုဆရာမလေး ရော ရယ်ကြသည်။

ရယ်ရင် ဆရာ၀န်မကြီးက  လောလောဆယ်တော့မိန်းမ တင်စစ်ရင် လုံလောက်ပါပြီရှင်။

တစ်ချိန်လုံး ကိုမျိုး  အငြိမ်မနေနိုင်ပါ။

အငြိမ်မနေနိုင်သော ကိုမျိုးကို ခင်ခင်က

“ကိုမျိုးရယ် ခဏလောက် ထိုင်ခုံပေါ်မှာ ထိုင်နေပါ ..
ကျွန်မ ဘေးမှာ သူနာပြုဆရာမလေးလည်း အဖော် ရှိသားပဲ  ..”

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now