အပိုင်း ၂ 💗 နန်းဆောင်နှင့်အိမ်တော်သခင်မများ

Comenzar desde el principio
                                    

နန်းဆောင်တွင်းမှ အမျိုးသမီးများသည် လိင်တူ အချင်းချင်း သာယာမှု ပေးစွမ်းရာ၌ အထူးပင် ထူးချွန် ပေရာ ရွှေအိပ်မက် အိမ်တော်မှ သူများသည် နန်းဆောင်ရှိ သူများနှင့် မကင်းရာ မကင်းကြောင်း ပတ်သက်မှုများလဲ မနည်းခဲ့ပါ။

ပြင်ပ လူအများ ရှုတ်ချကြသည့် လိင်မှု ခံစားချက်များနှင့် အုပ်စုလိုက် ချစ်တင်းနှောမှုများကို နန်းဆောင် အတွင်းသာ လွတ်လွတ်လပ်လပ် လုပ်ဆောင် နိုင်သည့် အတွက် အိမ်တော်မှ လူများ အထူး သစ္စာရှိနေ ကြခြင်း ဖြစ်လေသည်။

အမျိုးသားများ အုပ်ချုပ်သည့် ပြင်ပ နိုင်ငံများနှင့် ယှဉ်လျင် သန်းခေါင်ယံ နန်းဆောင်က လိင်မှု ကိစ္စတွင် များစွာ လွတ်လပ်ကာ စိတ်ရှိတိုင်း နေလို့ ရပေသည်။ တာဝန်ချိန် ပြင်ပတွင် မိမိ နှစ်ခြိုက်သူနှင့် စိတ်ရှိတိုင်း အတူတူ နေခွင့်လဲ ရှိသည့် အပြင် မည်သူမှလဲ သင့်အား ကဲ့ရဲ့ ပြစ်တင်ခြင်း မရှိပါ။

ထို့အပြင် လက်ရှိ နန်းဆောင် သခင်မနှင့် ရွှေအိမ်မက် အိမ်တော် သခင်မတို့သည်လဲ အကြင်လင်မယားများ ဖြစ်ကြသည့် အပြင် မိခင် တစ်ဦးတည်းက မွေးဖွားသည့် သွေးရင်း ညီအစ်မများလဲ ဖြစ်ပေသည်။

သူတို့၏ မိခင်သည် အိမ်တော် သခင်ဟောင်း လက်အောက်တွင် တာဝန်ထမ်းဆောင် ခဲ့သူ ဖြစ်ပြီး ညီအစ်မ နှစ်ဦး အရွယ် မရောက်ခင်ကပင် ဆုံးပါး သွားခဲ့သည်။ တစ်ဦးနှင့် တစ်ဦး မှီခို သံယောဇဉ် တွယ်ငြိခြင်းက ကြီးမား လာကာ အရွယ်ရောက်ချိန်တွင် ပြင်ပ လောကမှ ကန့်သတ်ထားသော သွေးရင်း ချစ်မေတ္တာ အဆင့်ထိ ရောက်ရှိ လာခဲ့လေသည်။ သို့သော်လည်း နန်းဆောင်တွင် ထိုသို့ ကန့်သတ်ချက်များ မရှိပါ။ အကျိုးစီးပွား ထိခိုက်မှု မရှိသရွေ့ နန်းဆောင် အတွက် စွမ်းဆောင် နေသရွေ့ သင့်စိတ်နှင့် ဖြစ်တည်မှုအား ကန့်ကွက်မည့် သူမရှိပါ။

နန်းဆောင်သခင် လင်းမိန်က ကျောက်စိမ်းသဖွယ် ချောမွေ့သော အသားအရေ နူးညံ့သော ရုပ်သွင် သေးသွယ်သော လှပသောခါး ဖွံ့ထွားသောရင်သား ကောက်ကြောင်းတို့နှင့် နက်မှောင် ဖြောင့်စင်းသော ဆံကေသာများကို ပိုင်ဆိုင်ထားသူ အစ်မကြီး ဖြစ်သည်။ ညီမငယ် အိမ်တော်သခင် လင်းမီကမူ ဖွံ့ထွားသည့် တင်အစုံ ယောကျာ်းများကို ညှို့ငင်နိုင်သော စူးရဲသည့် အလှနှင့် ကြာပန်းတစ်ပွင့်နှယ် ပန်းနုရောင် သန်းနေသော တောင့်တင်း သည့် ခန္ဒာပိုင်ရှင် ဖြစ်လေသည်။

သန်းခေါင်ယံ နန်းဆောင် (21+) Donde viven las historias. Descúbrelo ahora