အပိုင်း(၁၇)

Start from the beginning
                                    

"အစ်ကို့ကိုယ်ပေါ်က မြက်မှုန်တွေချည်းပဲ... အစ်ကို မယားဘူးလား? ဘာလို့ အဝတ်မပါဘဲ လုပ်နေရတာလဲဟင်?"

".. စိတ်ကျဥ်းကြပ်လို့...။"

"ဟင်း... အစ်ကို့ကြည့်ရတာ ပျိုးငယ် မရှိတိုင်း လုပ်ချင်တိုင်းကို လုပ်နေသလိုပါပဲ...။ မလွယ်ဘူး... မလွယ်ဘူး...။"

ထိုအချိန်မှာတော့ အစ်ကိုက သွားတိုက်နေတာကိုပင် ရပ်တန့်ပြီးသည့်နောက် ကျွန်တော့်ကို ရုတ်တရက် ဖက်လေတော့ ကျွန်တော် လန့်သွားမိသည်...။

"အစ်ကို... အစ်ကို ဘာဖြစ်လို့လဲဟင်?"

မိမိလည်း ထိတ်လန့်မှုနှင့်အတူ ပြောလိုက်လေတော့ အစ်ကိုက ကျွန်တော့်ကို ဖက်လျက် ခေါင်းကို ခါရမ်းပြသည်...။

"ရေချိုးတော့... အရမ်းအေးတယ်...."

"ဟုတ်...ဟုတ်ကဲ့ အစ်ကို...။"

မိနစ်အနည်းငယ် အကြာ....

ကျွန်တော်တို့ ရေချိုးပြီး ပြင်ဆင်ပြီးသည်နှင့် အောက်ထပ်ကို ထမင်းစားဖို့ ဆင်းလာမိသည်...။အစ်ကိုနှင့်အတူ ထမင်းဝိုင်းတစ်ခုတည်း မျက်နှာချင်းဆိုင် ထိုင်ပြီးသည့် နောက်မှာတော့ ကျွန်တော်လည်း အစ်ကို့အတွက် ထမင်းခူးခပ်ကာ ထည့်ပေးနေသည်...။

အစ်ကိုကတော့ ဘာမှမပြောဘဲ ကျွန်တော့်ကို အချိန်အတော်ကြာ ကြည့်နေတာမျိုးပင်...။ ကျွန်တော်လည်း အစ်ကို့ကို ပြုံးကာ ပြန်ကြည့်နေမိသည်...။ အစ်ကိုကတော့....

"ကျောင်းတက်ရတာ ဘယ်လိုလဲ? အဆင်ပြေလား?"

"ဟုတ်ကဲ့ ပြေပါတယ်... ဒါပေမယ့် ပျိုးငယ် ကျောင်းမတက်တာ ကြာလို့ ထင်တယ်...။ ကျောင်းတက်ရတာ ပျင်းနေတယ်... ဟီး...။ ဒါနဲ့ အစ်ကိုရော ကျောင်းသွားမတတ်သေးဘူးလားဟင်?"

"ငါက မင်းပါမှ တက်မလို့ ရည်စူးပြီးသား... ဒါမှမဟုတ် မင်းတက္ကသိုလ်ရှိတဲ့ဘက်ကိုပဲ ပြောင်းလာရမလား?"

"အမလေး... မဟုတ်ဘူး... မဟုတ်ဘူး...။ ဘယ်ကသာ... အစ်ကို့ပုံစံနဲ့က အဲ့လိုမျိုး လိုက်မှာမဟုတ်ဘူး...။ အစ်ကိုက အတွက်အချက်တော်ပြီး ငြိမ်နေတာကိုက အစ်ကို့ကို မိုက်စေတာ...။ အစ်ကို့ရဲ့ အခုပုံစံက ပျိုးငယ် သဘောအကျဆုံးပဲ...။ အစ်ကိုက ဉာဏ်ကောင်းတယ်... တော်တယ်... ဖြတ်ထိုးဉာဏ်ကောင်းတယ်...။ တည်ကြည်တယ်... အမိုက်ဆုံးပဲ...။ ပျိုးငယ်က အတွက်အချက်နဲ့ IT အပိုင်းတွေ ညံ့လို့ ထင်တယ်... အစ်ကို အဲ့လိုတော်နေတာကို အရမ်းသဘောကျတာပဲ...."

မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (s2- complete)Where stories live. Discover now