ဒါပေမယ့် အဲ့ဒီအရာကို ဟိုရောက်ရင်တော့ သေချာလေးကို ရှင်းရမယ့်ကိစ္စပင်...။ အခုတော့ အစ်ကို့ကို ထိုကိစ္စအတွက် ဘာကိုမှ မစဥ်းစားစေချင်သေး...။
"သြော်... မိုးလား? ရတယ်လေ... ပေးထားလိုက်ပေါ့...။ နင်က နင့်ဖုန်းနံပါတ်နဲ့ ဆက်တာမှ မဟုတ်ဘဲ.... ။"
"အေး ဟုတ်တယ်... ငါ့ဖုန်း ဘေလ်ကုန်သွားလို့ပါ...။ ဘယ်လိုလဲ နယ်မှာ ပျော်နေတယ်လား? ဘယ်နေ့ ပြန်လာမှာလဲ?"
ထိုစကားကြားချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို တစ်ချက်ကြည့်လာသည်...။ ကျွန်တော်လည်း အစ်ကို့ကို ပြုံးကာ ကြည့်လိုက်မိပြီး....
"permit ရမှပေါ့... ဒါပဲမလား? ငါဖုန်းချလိုက်တော့မယ်...။ ငါ ရေချိုးမလို့...။"
"သြော် အေးအေး... ဒါဆို ဒါပဲနော်... ပျိုးရေ...။ ကျောင်းဖွင့်မှ တွေ့ကြမယ်...။"
"အေး..."
ထို့နောက် ဖုန်းကို ချလိုက်ပြီး အစ်ကို့ကို ပေးကာ အစ်ကို့ခါးကို ပွေ့ဖက်မိလိုက်သည်...။
"မိုးသက်ဝေတဲ့... ဟိုရောက်ရင် မိတ်ဆက်ပေးမယ်နော်...အစ်ကို။"
"အင်း"
အစ်ကိုက ဘာမှမပြောဘဲ ခေါင်းကို ညိမ့်ကာ ကျွန်တော့်ကို ပွေ့ဖက်လာသည်...။ ကျွန်တော်လည်း အစ်ကို့ရင်ခွင်ထဲမှာ အလိုက်သင့်လေးပင် ရှိနေမိသည်...။ခဏအကြာမှာတော့ အစ်ကိုက...
"နည်းနည်းအေးတယ်... ညမရောက်ခင် ရေချိုးတော့...။ ပြီးတာနဲ့ ထမင်းစားမယ်..."
"ဟုတ်ကဲ့ အစ်ကို... ဒါဆို ပျိုးငယ်တို့ အခုချိုးလိုက်ကြစို့!"
မိမိလက်တစ်ဖက်ကို မြှောက်ကာ ပြောလာသည့် အချိန်မှာတော့ အစ်ကိုက အနည်းငယ် ပြုံးလာလေပြီ...။ ထို့နောက် ကျွန်တော့်ခါးမှ ပွေ့ကာ ရေချိုးကန်ရှိရာသို့...။ဆောင်းရာသီမို့ ရာသီဉတုက စောစီးစွာ အမှောင်ကျနေပြီး အေးစိမ့်နေသည်...။ ကျွန်တော်လည်း အရီးလေးကို ပျိုးငယ်တို့ ရေချိုးမယ့်အကြောင်း တစ်ခါတည်း ပြောခဲ့ပြီး ဖြစ်သည်...။
အစ်ကိုကတော့ ရေချိုးတဘက်တစ်ထည်ကို ပုခုံးပေါ် တင်ကာ သွားတိုက် နေသည်...။ ကျွန်တော်ကတော့ အစ်ကို့အနား ခပ်သုတ်သုတ် ရောက်လာသည်ကို အစ်ကိုက ငုံ့ကာ ကြည့်နေသည်...။
အပိုင်း(၁၇)
Start from the beginning