ခဏအကြာ၌ လူကြီးတချို့၏အကူအညီဖြင့် ထိုကိုကို့ကို ဆေးရုံကားနှင့် တင်ဆောင်သွားကြသည်။ ရိပ် သူ့စွပ်ကျယ်အဖြူလေး၏အောက်ခြေကို လုံးခြေနေရင်း မျက်လုံးတွေရဲပြီး ပုပ္ပားတောင်ခြေ၌ ကျန်ရစ်ခဲ့သည်။ သူ လိုက်သွားချင်သော်လည်း ကိုကိုတို့ ဖိုးတို့မပါဘဲ အဝေးကြီး လျှောက်မလိုက်သွားရဲတာမို့ နေခဲ့ရသည်။

ထိုကိုကို့ကို ထပ်မမြင်ရလောက်တော့ဘူးဟု ရိပ် ထင်ခဲ့၏။ သို့ပေသိ နောက်ရက်အနည်းငယ်အကြာ သူ တစ်ယောက်တည်း တက်ဆော့နေမိပြန်ချိန်၌ တိုက်တိုက်ဆိုင်ဆိုင် ထိုကိုကို့ကို သူ တွေ့လိုက်ရသည်။

လှေကားထစ်တွေကို ဖြည်းညှင်းစွာ တက်လာခဲ့သည့် တေဇတစ်ယောက် မနေ့က ပြန်လာရှာကြည့်မိချိန်၌ မတွေ့ရသည့် ကလေးလေးကို ဒီကနေ့၌မူ တွေ့လိုက်ရသည်။ သူ ထိုပေါက်စလေးနား အမြန်လျှောက်လာခဲ့ပြီး ဆယ်နှစ်သားလောက်သာ ရှိမည့် ပေါက်စနလေးက ဆယ်တန်းဖတ်စာအုပ်ကိုပဲ ဖတ်နေပြန်တာကြောင့် ပြုံးလျက်ဖြင့် ကလေးဘေး ဝင်ထိုင်လိုက်သည်။ သူ့လက်ထဲ၌ ပါသည့် အထုပ်ကိုလည်း ထိုပေါက်စလေးအား ပေးလိုက်၏။

"ကိုကို မနေ့ကလည်း မင်းကို လာရှာသေးတယ်၊ မင်းအတွက် အရုပ်နဲ့ အင်္ကျီလှလှလေးတွေ ကိုကို အများကြီးဝယ်လာတယ်"

ရိပ် သူ့ပေါင်ပေါ်ရောက်လာသည့် အထုပ်ကို တစ်ချက်သာ လှပ်ကြည့်လိုက်ပြီး အရုပ်တွေထက် ထိုကိုကို့ကိုသာ ပိုစိတ်ဝင်စားတာမို့ ရိပ် ကိုကို့ပေါင်ပေါ် ကုပ်တက်လိုက်ပြီး ကိုကို့လည်တိုင်ကို တင်းကြပ်စွာ သိုင်းဖက်ထားမိသည်။

"ကိုကို့ကို ထပ်မတွေ့ရတော့ဘူး ထင်နေတာ၊ ကိုကို နေကောင်းသွားပြီလား"

တေဇ သူ့အား တွယ်တွယ်တာတာရှိပုံရသည့် ပေါင်ပေါ်က ကလေးလေးကို အံ့ဩလျက်ရှိမိ၏။ စံအိမ်သခင်လေးဖြစ်သည့်သူ့ကို ဖိုးနှင့်မိဘတွေကလွဲလို့ ဘယ်သူမျှ အခုလို မထိတွေ့ရဲပေ။ ဒီကလေးကတော့ စတွေ့ကတည်းက အလွန်ထူးခြားလေသည်။

"အင်း၊ အဲ့နေ့က ကလေးသာ ကိုကို့ကို အချိန်မီ ဆေးရုံကား မခေါ်ပေးခဲ့ရင် ကိုယ့်အသက်မမီလောက်တော့ဘူးတဲ့။ ကိုယ့်အသက်ကို ကယ်ပေးထားတဲ့ ကလေးကို ကျေးဇူးတင်ပါတယ်၊ ကိုကို့မိဘတွေကလည်း ကလေးကို ကျေးဇူးတင်လွန်းလို့ တွေ့ချင်နေကြတာ"

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now