ဒီနေ့တော့ ကိုကို ကျူရှင်အချိန်ပိုတက်နေရတာမို့ ပါမလာ။ ကိုကိုမရှိရင် ဒီကို လာလေ့မရှိသော်ငြား ဖိုးက သူ့ကို မနက်က ရိုက်ထားတာမို့ သူ ဝမ်းနည်းပြီး အိမ်မှာ မနေချင်လို့ ဒီပေါ် ရောက်လာခြင်းဖြစ်သည်။ ဒီကနေ့ ဒီပေါ်၌ လူသွားလူလာ မရှိ။ ထိုမျက်နှာစိမ်းကိုကိုတစ်ယောက်ကိုသာ ဒီပေါ်၌ တွေ့ရ၏။ ကိုကိုက သူ့ကို ဆယ်တန်းစာတွေ ကြိုကျက်‌နေတာလားဟု လှမ်းနှုတ်ဆက်လာတာမို့ ရိပ်တစ်ယောက် သူ့ကိုကိုနှင့်ရွယ်တူဖြစ်သည့် ထိုကိုကို့ကို လှမ်းလှမ်းကြည့်ရင်း ဆော့နေမိသည်။

သပ်သပ်ရပ်ရပ်နှင့် ကလေးမျက်စိနဲ့ ကြည့်လျှင်တောင်မှ သူဌေးသားဖြစ်လောက်မည်ဟု တန်းသိနိုင်သည့် သွင်ဟန်ရှိသော ထိုကိုကိုက မျက်နှာတော့ ချိုသည်။ သူ ပေါင်ပေါ်သွားသွားတက်ထိုင်တိုင်း သူ့ကို ပွေ့ဖက်ထားပေးကာ သူ့ပါးကို လာလာနမ်းတတ်၏။ သူ့ပါးကို ထိုကိုကို နမ်းတာအား ရိပ် သဘောကျသည်။ ထို့ကြောင့် သူ ထိုကိုကို့ပေါင်ပေါ် ငါးခေါက်မက သွားသွားတက်ထိုင်ကာ ငါးခေါက် အနမ်းခံပြီးပြီ ဖြစ်၏။

သူ အရုပ်တွေနှင့်ဆော့နေစဉ် ထိုကိုကို သူ့ရင်ဘတ်ကို ဖိရင်း ညည်းနေကာ ခွေလဲသွား၏။ ရိပ် သူ့အရုပ်တွေကို ပစ်ချလိုက်ပြီး ကိုကို့ဆီ ပြေးသွားသည်။

"ကိုကို ကိုကို"

ကိုကို့ဆီက ဘာသံမှ မကြားရတော့ဘဲ မျက်လုံးတွေ မှိတ်ကျသွားကာ ရင်ဘတ်ပေါ်က လက်ပင် လျှောကျသွားချိန်၌ ရိပ် ထိတ်ခနဲ ဖြစ်သွားသည်။ သူ ဒီမြင်ကွင်းမျိုးကို ဖေဖေ့တုန်းက အနီးကပ်မြင်ဖူးခဲ့တာမို့ သူ့မျက်လုံးတွေ ဝိုင်းသွား၏။ သူ အချိန်မဆွဲတော့ဘဲ လှေကားထစ်ပေါင်းများစွာကို မျောက်ကလေးတစ်ကောင်လို ပြေးဆင်းသွားသည်။ အသက်ပင်မရှူနိုင်ဘဲ သူ နီးစပ်ရာလူတွေကို အပေါ်၌ လူတစ်ယောက် သတိလစ်နေကြောင်း တုန်တုန်ယင်ယင်နှင့် ပြော‌နေခဲ့၏။ ထိုလူတွေက သူ့စကားကို ယုံသလိုလို မယုံသလိုလို လုပ်နေကြသေးတာမို့ စိတ်မရှည်တော့ဘဲ ‌ဆိုင်တစ်ဆိုင်ထဲ ပြေးဝင်သွားကာ ဖုန်းဆွဲလုပြီး သူ မှတ်မိနေဖူးသည့် အရေးပေါ်ဖုန်းနံပါတ်တွေကို ရိုက်ထည့်ပြီး ဖုန်းခေါ်လိုက်သည်။

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now