" ဖေးမင်စစ်ကလေ ငါ့ကိုဖွင့်မပြောဘူး ငါလည်းသူသဝန်တိုအောင်လို့နင်နားကပ်လည်းသူသဝန်တိုပြီးလာရစ်တယ်။ဒါပေမယ့်ထုတ်မပြောဘူး "

" နင်ကလည်းလွယ်လွယ် သူဘက်ကရှက်နေရင် မိန်းကလေးပီပီနင့်ဘက်ကစပေါ့ "

" ရိပေါ်နင်ကလည်းဟာ ငါတကယ်ညစ်နေတာ "

အိပ်မပျော်လို့တစ်ယောက်တည်းခြံဝန်းဘက်ကိုလမ်းထွက်လျှောက်နေတုန်း အကိုနဲ့မမချူးမိန့်ကိုလှမ်းတွေ့လိုက်ရတာကြောင့် ရှောင်းကျန့်ကစပ်စုချင်တာနဲ့ မမြင်အောင်လို့သစ်ပင်နောက်ကနေရပ်ကာချောင်းကြည့်နေလိုက်တယ်။

အတွဲချောင်းရတာကို အရမ်းသဘောကျတာပဲ
ဟီးဟီး ~~~~~

မမချူးမိန့်ရဲ့ဆံပင်လေးကိုအကိုကကိုင်ပြီးမမချူးမိန့်နားပေါ်ဆံပင်သပ်တင်ပေးတဲ့မြင်းကွင်းလေးကိုကြည့်ပြီး ရှောင်းကျန့်အားကျမိတယ်။မမနဲ့အကိုကအရမ်းလိုက်တာပဲ! အရင်ကအကို့ကိုသဘောကျတဲ့စိတ်နဲ့မမနဲ့အကိုကြားကိုခွဲမိတာရှောင်းကျန့်အပြစ်။

အခုတော့ရှောင်းကျန့်ကိုယ်တိုင် အကိုနဲ့မမချူးမိန့်ကိုအောင်သွယ်ပေးရမယ့်အချိန်ရောက်ပြီပဲ။

_____________________

ရှောင်းကျန့်ကခါတိုင်းနေ့ခင်းဘက်မှာမအိပ်တက်ဘူးဆိုပေမယ့်မနေ့ညကအကိုခိုင်းတဲ့ရုံးအလုပ်တွေ​ကိုတစ်ညလုံးမအိပ်ပဲလုပ်လာရတော့ အိပ်ချင်နေပြီရယ်။နေ့ခင်းဘက်တစ်ရေးအိပ်မယ်ဟုကြံကာတွေးတောနေတုန်း ဘိုးဘိုးဝမ်ကျိုးလင်ကအိမ်ထဲကိုရောက်လာလို့ ရှောင်းကျန့်မှာဘိုးဘိုးအတွက်ရေနွေးကြမ်းလေးချပေးရတယ်။

တစ်ထပ်အိမ်သေးသေးလေးထဲမှာတစ်ယောက်ထဲနေနေရတဲ့ရှောင်းကျန့်လေးကို အဘိုးဖြစ်သူဝမ်ကျိုးလင်သနားစိတ်ဝင်မိတယ်။သူနေခိုင်းတာဝမ်အိမ်တော်ထဲမှာနေခိုင်းတာလေ၊ရှောင်းကျန့်ကိုတစ်ထပ်အိမ်လေးထဲမှာနေခိုင်းတဲ့သူကလည်းသူ့သမီးစုယွဲ့ယွဲ့ဆိုတာသိပြီးသား။သားကျန့်လေးကတကယ်ပြောင်းလဲလာတာ။

အရင်လိုမဆိုးတော့ပဲ၊သူဟာနဲ့သူအေးအေးဆေးဆေးနေတက်သွားတာရှာတာ။ဒီလိုကလေးမျိုးတော်တော်ရှားတယ်။စိတ်ထားလေးကလည်းအရင်လိုနူးနူးညံ့ညံ့လေးပါပဲ။ရှောင်းကျန့်ကအရင်လိုမဟုတ်​တော့ပါဘူးဆိုတာကိုသမီးဖြစ်သူကရော၊သူ့ရဲ့မြေးအကြီးဝမ်ရိပေါ်ကရော ဘာလို့မယုံကြရတာလဲမှန်းမသိဘူး။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now