မနှစ်မြိုဖွယ်အဖြစ်က ထပ်ခါထပ်ခါ ကြိုဆို နေတာကြောင့် သူမစိတ်တွေပိုရှုပ်ထွေးမိသည်။

"ဟော နိုးပြီလား "

"အင်း!!"

"မထင်ရဘူးနော် ဘုံက အရမ်းအိပ်ပုတ်တာ"

"ဟုတ်ပ "

မာဂရက်ကစသလိုနောက်သလိုနှင့် အကျပန လှောင်သည်။

"ငါ့ဖုန်း အားကုန်နေတယ် အချိန်ဘယ်လောက်ရှိသွားပြီလဲ"

"၉နာရီလေ"

"ဟာ အဲ့လောက်တောင် ငါ့ကို နှိုးရောပေါ့"

"နှိုးတယ်လေ နင်ပဲ ပြန်အိပ်မယ် လာမနှိုးနဲ့ဆို"

"ငါမပြောပါဘူး"

"ဒါဆို ငါ့ကို လိမ်တယ်လို့ နင်ပြောတာလား"

"ကိစသေးသေးလေးနဲ့ ငါ့လာမအော်နဲ့ အပ်နှင်း"

"ဟ ကိစ သေးတာကြီးတာထက် နင်ကိုက ပြေပြစ်မှုမရှိတာ ဘုံအသိသာကြီး"

အပ်နှင်းအသံစူးစူးက မခံမရပ်နိုင်ထွက်လာတာမို့ ဘုံလည်း အားမနာနိုင်တော့

"ဒါဆိုရင် နင်အခန်းထဲလာတာ ငါ့မေးသမျှ မေးခွန်းတိုင်း မဖြေပဲ ပြန်ထွက်သွားတာကရော"

"ဘာလဲ ငါဒီမှာ တစ်ချိန်လုံးရှိနေတာ"

"ဒေါက်ကို မချွတ်ဘဲအိမ်ပေါ်ထိ၀တ်တာ နင်ပဲ ရှိတယ် အပ်နှင်း တဒေါက်ဒေါက်သံ မကြားရတဲ့အထိ ငါနားမကန်းသေးဘူး"

"ဟ တောိကြပါတော့ ဘုံလည်း တော်တော့
ဘုံ..အပ်နှင်းပြောတာမှန်တယ် သူဒီမှာပဲ ရှိနေခဲ့တာ"

"ဘာ!!!'

ဦးဆောင်၀င်ပြောလိုက်တော့ ဘုံ့မျက်လုံးတွေ ပြူးကျယ်သွားသည်။
လူတစ်ယောက်လို ၀င်ထိုင်လှန်လှောသွားခဲ့တာဟာ ဘာတွေလဲ

"နင်တို့ငါ့ကို စနေတာဆို ငါသည်းမခံဘူးနော်"

"ဘုံနန်းမြိုင်!!!"

ငြိမ်သက်နေသော ဘွဲ့ဖြူက စိတ်မရှည်စွာ သူမကို ‌ခေါ်လိုက်ရင်း

"မင်းရဲ့ ဒေါသတွေကို ခေါက်ထားပြီး ခေါင်းလေးဘာလေးသုံးကြည့်ပါဦးလား"

"ဘာ!!!'

"နင်ဒီမှာ မနေချင်တာနဲ့ ငါတို့ကို အပစ်ပုံချပြီး လှည့်ထွက်ဖို့ မစဉ်းစားနဲ့ နင်ကလေးလည်း မဟုတ်တော့ဘူး"

မာယာကျော့ရှင် (1930)Hikayelerin yaşadığı yer. Şimdi keşfedin