"ဒါ ဘယ်လို အဓိပ္ပါယ်မရှိတဲ့ စကားလဲ"ရှေ့ကနေ ခြေလှမ်းကျဲကြီးနဲ့ သွားနေတဲ့ လူနောက်ကနေ ထယ်ရယ် မပြေးရုံတစ်မယ်လိုက်နေရတယ်။
"ဘာ!! ခိုးပြေးလာတာ ခိုးပြေးရအောင် မင်းနဲ့ငါက အခုမှ တွေ့ဖူးတာ မင်းနာမည်ကိုတောင် သိတာမဟုတ်ဘူး"
ရှေ့က သွားနေတဲ့သူက ရုတ်တရက်ရပ်လိုက်တာကြောင့် ထယ်ရယ့်ခေါင်းဟာ အရှေ့ကလူရဲ့ ကျောပြင်ကျယ်နဲ့ ဝင်တိုက်မိတော့တယ်။ ထယ်ရယ်ရဲ့ အရှိန်ကလဲ မနည်းတာကြောင့် တော်တော် နာသွားတာတော့ အမှန်ပင်။ နဖူးကို လက်နဲ့ဖိပွတ်ကာ ထယ်ရယ့်ဖက် လှည့်လာသည့် ထိုလူကို ဘုကြည့်ကြည့်ပေးလိုက်တယ်။
"ခင်ဗျားနာမည်က ထယ်ရယ်"
"ဟမ်!"
"ကိုယ့် နာမည်က ရစ်ခီရှန် နာမည်သိပြီးပြီဆိုတော့ ခင်ဗျားကို ခိုးပြေးလို့ရပြီမလား"
"လဲသေလိုက်လေ"
ထယ်ရယ် ရင်ကိုကော့က ပုခုံးချင်းဝင်တိုက်ပြီး ထွက်လာခဲ့ပေမယ့် တစ်ဖက်ကို ယိုင်သွားတဲ့သူက ထယ်ရယ်သာ။ ထိုလူကတော့ နည်းနည်းလေးတောင်မှ မရွေ့တာ ကျောက်တိုင်ကြီး အလား။ တစ်ကိုယ်လုံး ဆေးသုတ်ပြီး မြို့လယ်ခေါင်မှာ သွားထားချင်မိသည်။
အထစ် နှစ်ဆယ်လောက်ရှိသည့် လှေကားကို တစ်ဒုန်းဒုန်း အသံထွက်အောင် တမင် ခြေစောင့်ပြီး ဆင်းလာခဲ့သည်။ အောက်ထပ်ရောက်တော့ ဧည့်ခန်းကျယ်ကြီးထဲမှာ ထယ်ရယ် ဘယ်သွားလို့ သွားရမလဲမသိ။ ကြောင်တောင်တောင်နဲ့ ရပ်မိနေတုန်း အပေါ်ကနေ ဆင်းလာတဲ့သူကို ကြည့်လိုက်မိသည်။
အမြင်ကပ်ဖို့ကောင်းသည်။ လုံးဝ (လုံးဝ)ကို အမြင်ကပ်ဖို့ကောင်းသည်။
ဘောင်းဘီအိတ်ကပ်ထဲ လက်နှစ်ဖက်ထည့်ပြီး လှေကားကနေ တစ်လှမ်းချင်းဆင်းလာပုံကလဲ အမြင်ကပ်ဖို့ကောင်းသည်။
necktie ကို လျော့တိလျော့ရဲစည်းထားတာလဲ အမြင်ကပ်ဖို့ကောင်းသည်။
တိုက်ပွဲနိုင်လာတဲ့ စစ်သူကြီး မျက်နှာထားမျိုးနဲ့ တစ်ဖက်ထဲကို ကွေးညွတ်နေတဲ့ နှုတ်ခမ်းကလဲ အမြင်ကပ်ဖို့ကောင်းသည်။
YOU ARE READING
Stolen Heart, Stolen Love
Fanfiction"ခင်များ ခိုးယူသွားတာ ကျွန်တော့်နှလုံးသားလေ ကလေးကစားစရာမှမဟုတ်တာ အဲ့တော့ တာဝန်ယူ"