လေထုအခြေအနေက မကောင်းကြောင်းမြင်သောအခါ သူက တုန့်ဆိုင်းစွာဖြင့် ပြောလိုက်သည်။

"တကယ်တော့ ဒီနေရာတင်မဟုတ်ဘဲ တောင်အနောက်ဘက်မှာလည်း ကျောင်းသူတစ်ယောက် သေသွားခဲ့သေးတယ်"

ဒါရိုက်တာဖြစ်သည့်အလျောက် သူက ထိုကိစ္စများကို ရှင်းရှင်းလင်းလင်း နားလည်ထားသည်။

သူတို့က ရထားသော သတင်းအချက်အလက်များက မလုံလောက်သောအခါ ကျောင်းဝင်ခွင့်လျှောက်ရာတွင် သက်ရောက်မည်ကို စိုးရိမ်သဖြင့် နွေရာသီအားလပ်ရက်တွင် ဖြစ်ပျက်ခဲ့သောကိစ္စ ထပ်ပေါင်းပြီး ဖုံးကွယ်ရန် ကြိုးစားခဲ့သည်။ ရိုးရိုးရှင်းရှင်းပင် သူတို့က ဖုံးကွယ်ခဲ့ကြသည်။

ထိုအချိန်က ကျောင်း၏ ကျောင်းအုပ်ကလည်း ပြောင်းခါစ ဖြစ်သဖြင့် ဒီမတော်တဆမှုကို အလွယ်တကူပင် ပိတ်ဆို့ထားနိုင်ခဲ့သည်။

ဒီတစ်ကြိမ်တွင် မတော်တဆမှုသာ မဖြစ်ခဲ့လျှင် သူက ထိုအကြောင်းကို တွေးမိမည်ပင် မဟုတ်ချေ။ ထိုအတွက်ကြောင့်လည်း သူက တာအိုဘုန်းတော်ကြီးများ၏ အကူအညီကို မငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

တစ်နေရာထဲတွင် လူထပ်သေသော ကိစ္စကမူ မည်သို့ပင် တွေးတွေး သာမန်မဟုတ်ကြောင်း ရှင်းလင်းနေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးက ရုတ်တရက် တိတ်ဆိတ်သွားပြန်သည်။

"ဘယ်အချိန်ကလဲ"

နင်မုန့်က စမေးသည်။

"အဲ့ဒီတစ်ကြိမ်က ဘယ်သူလဲ"

ဝမ်ထျန်းမင်က ရှီချီကို ကြည့်လိုက်သောအခါ သူက မငြင်းကြောင်း သိလိုက်ရသဖြင့် သူကလည်း ဒီကျောင်းသူနည်းတူ မေးမြန်းချင်နေကြောင်း သေချာသွားသည်။

သူက သက်ပြင်းချပြီး ပြောလိုက်သည်။

"တော်တော်လေးတော့ ကြာပြီ၊ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ဖြစ်မယ်၊ ဒီ‌ရေကူးကန်က နွေရာသီအားလပ်ရက်အတောအတွင်းမှာ စပြီး တည်ဆောက်ခဲ့တာလေ၊ အသုံးပြုပြီး ရက်အနည်းငယ်ကြာတော့ အဲ့ဒီမှာ ဆရာမတစ်ယောက် ရေနစ်သေသွားတယ်၊ အဲ့ဒီအချိန်က ငါကလည်း သာမန်ဝန်ထမ်းတစ်ယောက်ပဲ ဖြစ်နေသေးတော့ အခြေအနေကို ရှင်းရှင်းလင်းလင်းနားလည်အောင် လုပ်နိုင်စွမ်းအား မရှိခဲ့ဘူး၊ အဲ့ဒီအချိန်က ကျောင်းအုပ်က ကြေငြာချက်မထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်၊ ဆရာမမှာလည်း ဘာဆွေမျိုးမှမရှိဘူး၊ ဒီတော့ ဒီကိစ္စက သိပ်မကြာခင်မှာ အဆုံးသတ်သွားတယ်"

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now