"လက်ခံတယ်"
အဘိုးအိုက ရှင်းပြချက်မရှိပဲ တစ်ခွန်းတည်းမေးလိုက်သလို ဒန်နာရီကလည်း ပြန်လည်းမေးခွန်းထုတ်ခြင်းမရှိပဲ တန်းပြီးလက်ခံလိုက်တဲ့အခြေအနေကြောင့် ပတ်ဝန်းကျင်တစ်ခွင်တိတ်ဆိတ်သွားတော့သည်၊
အဘိုးအိုရာ့လ်က ဒန်နာရီဆီကို တံဆိပ်ပြားတစ်ခု လှမ်းပစ်ပေးလိုက်ပြီးနောက်မှာ စိတ်ကျေနပ်စွာရယ်မောပြီးထွက်သွားတော့သည်၊ဒန်နာရီကလည်း တံဆိပ်ပြားကိုကြည့်လိုက်ပြီး အနည်းငယ်တော့ အံ့အားသင့်သွားတော့သည်၊.
[မှော်အဖွဲ့အစည်း]ဆိုတဲ့ရွှေအိုရောင်တံဆိပ်ပြားက အရှိန်အဝါကြီးနေပြီး လူထူးလူဆန်းအဘိုးအိုရာ့လ်က မှော်အဖွဲ့အစည်းရဲ့ခေါင်းဆောင်ရာ့လ်ဝေ့လား၊ဒီလိုတံဆိပ်ပြားမျိုးကို တော်ရုံအကြီးအကဲတစ်ဦးကလည်း အလွယ်တကူထုတ်ပေးနိုင်မည်မဖြစ်ပေ၊
"အဲတာ ဆရာဘိုးဘေးရာ့လ်ဝေ့မလား...၊ သူ့မှာတပည့်တစ်ဦးပဲရှိပြီး ထိုတပည့်က လွန်ခဲ့တဲ့နှစ်သုံးဆယ်တုန်းက စစ်မြေပြင်မှာ ကျဆုံးခဲ့ပြီးနောက် ဆရာဘိုးဘေးရာ့လ်က တပည့်တွေ ထပ်လက်မခံတော့ဘူးလို့ ထင်ခဲ့တာ..."
"အခုတော့လည်း ဒန်နာရီ ရိုစဲဆလပ်ကို တပည့်အဖြစ်လက်ခံခဲ့တာပဲ၊"
"ဆရာဘိုးဘေးတွေထဲမှာ ဆရာဘိုးဘေးရာ့လ်ဝေ့က အသန်မာဆုံးနဲ့အတွေ့အကြုံအရင့်ဆုံးပဲ၊ သူ့ဆီမှာ ပညာသင်ကြားရဖို့က ကျောင်းသားတိုင်းရဲ့အိပ်မက်လိုပဲ"
ပထမနှစ်ကျောင်းသားတွေက ဒန်နာရီကို အားကျဖွယ်အကြည့်များဖြင့် ကြည့်ရင်းပြောနေတော့သည်၊ဒါကို အနီးအနားမှာရှိနေတဲ့အန်ဒီးယားကလည်း ကြားသွားတော့သည်၊
အန်ဒီးယားက ဆရာလျူးဝစ်ရဲ့တပည့်ဖြစ်လာပြီးနောက်မှာ ဆိုးဝါးတဲ့နေ့ရက်တွေကုန်ဆုံးသွားပြီး ကျောင်းသားတွေက သူ့ကိုကောင်းမွန်စွာဆက်ဆံလာပြီး တစ်ချို့ဆရာတွေဆို သူ့အားမျက်နှာသာပေးလာတော့သည်၊ဒါပေမယ့် ဒန်နာရီရဲ့ကျော်ကြားမှုကို မလွှမ်းမိုးနိုင်ခဲ့ပေ၊
သူတို့က မျိုးရိုးနာမည်တူတာကြောင့် တစ်ချို့ဆရာတွေက သူနဲ့ဒန်နာရီကို နှိုင်းယှဉ်ပြောဆိုတတ်ကြပြီး သူရဲ့လေ့လာမှုက ဒန်နာရီလောက်မတော်ကြောင်းပြောလာတတ်ကြသည်၊ဒီလိုမျိုး နှိုင်းယှဉ်မှုကို အန်ဒီးယားလိုလူမျိုးအတွက် အတော်ကိုမုန်းတီးစရာကောင်းလှသည်၊