အခန်း (၁၁၂) မဟာတိုက်ပွဲ!

Start from the beginning
                                    

"မင်းလည်း စောစော အနားယူ"

ရှန်ချန်းဖုန်းက သူ့ပခုံးကနေ တွန်းထူကာ အခန်းထဲ တွန်းသွင်းလိုက်ပြီး -

"ငါတို့ရဲ့ သတင်းကောင်းကို စောင့်နေ"

ရှန်ချန်းလင်က ခေါင်းညိတ်သည်။

အမွေးလုံးလေးကလည်း လှုပ်တုတ်လှုပ်တုတ်နှင့် အခန်းထဲ ဝင်လာပြီး ပျင်းတိပျင်းတွဲဟန်ဖြင့် အသိုက်ထဲ ဝင်သွားကာ ခြေကားယား တဟူးဟူး သမ်းလေသည်။

ညအလင်းရောင် ကောင်းကင်ဟာ ကြယ်တာရာများ လင်းလက်ထိန်ညီစွာ တောက်ပအသက်ဝင်နေသည်။ လောကသဘာဝနှင့် တသားတည်းဖြစ်နေသော အရာဝတ္ထုအပေါင်းဟာ အေးချမ်းတိတ်ဆိက်လျက် အလှတရားကိန်းနေပေ၏။

ဒုတိယနေ့ ညနေစောင်းတွင် ချင်ရှောက်ယွီက ကျန်းသာ့ဖူထံ ဓားမြောင်တစ်ခု ကမ်းပေးလိုက်သည်။

"ကျွန်တော်?"

ကျန်းသာ့ဖူက အံ့သြတုန်လှုပ်လျက် -

"ကျွန်တော် ကျွန်တော် ကျွန်တော် သိုင်းပညာ မတတ်ဘူးလေ!"

"မင်းကို သိုင်းချခိုင်းတာ မဟုတ်ဘူး"

ချင်ရှောက်ယွီက ဆိုလေသည်။

"ခဏနေ တိုက်ခိုက်ကြပြီဆို မင်းက တတ်နိုင်သလောက် ဆက်ပြီး ရူးချင်ယောင်ပဲဆောင်နေ။ ဒါပေမဲ့ မတော်တဆ မိစ္ဆာဂိုဏ်းက စိတ်ဖောက်ပြန်ရူးသွပ်လာခဲ့ရင် မင်းကို ကာကွယ်မဲ့လူ မရှိမှာစိုးလို့"

ကျန်းသာ့ဖူက ဓားမြောင်ကို လှမ်းယူလိုက်ပြီး လက်ချောင်းများက အနည်းငယ် တုန်နေသည်။

"ကြောက်စရာ မလိုဘူး"

ချင်ရှောက်ယွီက သူ့ပခုံးကို ပုတ်ပေးကာ ဆိုသည်။

"သည်တစ်ခေါက် မင်းရဲ့ အကူအညီရှိလို့သာပဲ။ သိုင်းလောကကြီး တစ်ခုလုံးက မင်းအပေါ်ကို အကြွေးတစ်ခု တင်နေပြီ"

ကျန်းသာ့ဖူကား အမြှောက်ပင့်ခံရလွန်း၍ လန့်ဖျပ်သွားရသည်။

တကယ်ပဲ ကြီးတဲ့ဦးထုပ်ကြီး!

"မင်း အရင်လိုပဲ ကျိုးသာ့ဟူအဖြစ် ဆက်ပြီး ရုပ်ဖျက်ပါလား"

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now