Part 15 ( U + Z )

17.8K 814 97
                                    

Unicode

"ဒါဆို .. Lily's Cosmetics ရဲ့ နှစ်သစ် Promotion အတွက် ဒုတိယထပ်ကို စီစဉ်ပေးပါမယ်"

"ကျေးဇူးတင်ပါတယ် မြန်မာပြည်မှာ ဒေါ်မေဘရဏီရဲ့ shopping mall ကြီးကအကြီးမားဆုံးနဲ့ အတော်လေးအောင်မြင်နေတဲ့ mall တစ်ခုပါ ဒီလိုနေရာမျိုးမှာ ကျင်းပခွင့်ရတာကိုပဲကျေးဇူးတင်လှပါပြီ"

"ဒေါ်တင်မမမောင် ကတော့ မြှောက်နေပြန်ပါပြီ ဒီလိုမြှောက်နေရင်တော့ ကျွန်မ မနေတတ်တော့ဘူး"

"ကျွန်မကိုကူညီပေးတဲ့အတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ Lily's Cosmetics ကအသစ်ထုတ်လိုက်တဲ့ baby products လေးတွေကို ရွှေဘရဏီသော် လေးအတွက်လက်ဆောင်ပို့လိုက်ပါမယ်"

"ဒီလိုဆိုရင်ဖြင့် ကျွန်မတို့ Reva ကနောက်ဆုံးထုတ်လိုက်တဲ့ ရောင်းအားအကောင်းဆုံး ဖိနပ်လေးတွေကို ဒေါ်တင််မမမောင်တို့ ဇနီးမယားအတွက် လက်ဆောင်ပေးပို့လိုက်ပါမယ် New Years လက်ဆောင်ပေါ့ရှင်"

Shopping Mall ၏ အပေါ်ဆုံးထပ်ရှိ ဥက္ကဌ ရုံးခန်းကြီးတွင် နှစ်ဦးသားလက်ဆုံစကားကျနေသူမှာ ဒေါ်မေဘရဏီ နှင့် ဒေါ်တင်််မမမောင် တို့ဘဲဖြစ်သည်။

ယနေ့တွင်တော့ ဒေါ်တင််မမမောင် သည် နှစ်သစ် promotion ကျင်းပရန်အတွက် ဒေါ်မေဘရဏီ ပိုင်ဆိုင်သည့် Shopping mall သို့ ကိုယ်တိုင် လာရောက်တွေ့ဆုံကာ ဒုတိယထပ်ရှိ ဟောခန်းကြီးအား တစ်ရက်စာ ဌားရန်းရန် လာရောက်ကမ်းလှမ်းခြင်းဖြစ်သည် ။

"Confirm လုပ်ဖြစ်ပြီဆိုတော့ အပြင်အဆင်အတွက် ရက်သက်မှတ်ပြီး အကြောင်းကြားလိုက်ပါမယ်"

"ကျေးဇူးတင်ပါတယ်ရှင် ဒါဖြင့် ကျွန်မကိုခွင့်ပြုပါဦး တစ်ရက်လောက် မိသားစု စုံစုံလင်လင် Dinner ပွဲတစ်ခုကျင်းပကြတာပေါ့"

"ကောင်းပါပြီရှင်"

ဒေါ်မေဘရဏီ ၏ ရုံးခန်းထဲမှ တင်မမမောင် ထွက်လာပြီး ဓာတ်လှေကားမှ တစ်ဆင့် စတုတ္ထထပ်သို့ဆင်းလာသည် ။

အချိန်အားဖြင့် ၁ နာရီရှိနေပြီဖြစ်သောကြောင့် အဆာမလွန်စေရန် စားသောက်ဆိုင် တစ်ခုအား ရွေးနေစဉ် တစ်နေရာအရောက် တင်မမမောင် မျက်ဝန်းများ ကျယ်လောင်သွားရလေသည် ။

Mommy Wife (Completed)Where stories live. Discover now