နဒီလှိုင်ဆိုတဲ့ကောင်မလေးနဲ့ပြတ်ပြီးကတည်းက သူဘယ်ကောင်မလေးနဲ့မှမတွဲတော့။

"တက္ကသိုလ်ရောက်မှထားတော့ ဒီနှစ်တော့ စာသေချာကြည့်"

"ဆေးကျောင်းတက်ဖို့ ကြိုးစားနေတယ်"

"အင်း နောက်နှစ်ကျောင်းအတူသွားလို့ရပြီ "

"မမ ကောင်လေးမထားနဲ့ဦးနော်"

တကယ်ပါ ဒီကောင်လေးဟာဆိုရင်လေ သူသာရည်းစားထားချင်ထားမယ် အမကိုတော့ အူတိုလိုက်တာမှ မပြောနဲ့။stateကျောင်းတုန်းကလဲ လာကြိုက်သမျှကောင်လေးကို ထိုးလွှတ်သေးတာ။ရန်ဖြစ်လာရင်လဲ သူကိုယ်တိုင်ဘယ်သောအခါမှမပြောပြ မျိုးကိုတို့ပြောပြမှသိရသည်။သူ့ကြောင့် မောင်လေးကို ရန်မများစေချင်သလို အငြိုးအတေးထားခံရမှာလဲစိုးသည်။

"ငါကနင်မွေးမဲ့ သားသမီးတွေ ထိန်းပြီး အပျိုကြီးပဲ လုပ်တော့မှာ"

"ဒီမောင်နှမ ဘာတွေ ပြောနေကြတာလဲ"

မေမေက ၅နာရီလောက်ဆို ပြန်ရောက်ပြီ။ဖေဖေကတော့ ၆နာရီလောက်မှ အိမ်ပြန်ရောက်သည်။

"မေမေ့သမီးပေါ့ အပျိုကြီးလုပ်မယ့်အကြောင်းပြောနေတာ"

"မလုပ်ရပါဘူး သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမှာပဲ မေမေတို့က သားရော သမီးရော သူ့အိမ်ထောင်နဲ့သူဖြစ်မှ စိတ်ချရမှာ"

"ဟာဗျာ မေမေကတော့လုပ်ပြီ သားကတော့ မမကိုတစ်ခြားသူလက်ထဲမထည့်ချင်ပါဘူး"

"သားကကော မိန်းမမယူတော့ဘူးလား"

"ဟာ သားကယောက်ျားလေးလေ မတူဘူး"

သူမေမေ့စိတ်ဆိုးပြီး အပေါ်ထပ်ကိုတက်ပြီး အိပ်ယာပေါ် ခနလှဲနေလိုက်သည်။မမကို အတွေးထဲ တစ်ခြားသူနဲ့တွဲမြင်ကြည့်ယုံနဲ့တင် ဒီလူသားပူလှောင်နေရသည်။ကောင်မလေးတွေနဲ့ပြတ်ရင်တောင် အေးဆေးဆိုတဲ့ကောင်က မမနဲ့ပတ်သတ်ရင်တော့ တွေးပူသည်။

"ငါ့သမီး နင့်မောင်စကားတွေ စိတ်ထဲထည့်မနေနဲ့ ရည်းစားကိစ္စဖြစ်ဖြစ် ဘာဖြစ်ဖြစ် မေမေ့ကိုတိုင်ပင်ပြောလို့ရတယ် သူငယ်ချင်းလိုရှိနေပေးမယ်"

မေမေက ဆယ်တန်းမအောင်မချင်း ရည်းစားမထားစေပေမယ့် တက္ကသိုလ်တက်တော့ ခွင့်ပြုသည်။မောင်လေးကတော့ ရည်းစားခိုးထားတာ သူ့ကောင်မလေးတွေကို လက်ချိုးရည်လို့တောင်မရ။

ည (၇)နာရီရောက်တော့ မိသားစုလက်ဆုံထမင်းစားကြသည်။

"ဟေ့ကောင် မင်းဒီနှစ် ဆယ်တန်းအောင်ဖို့ကြိုးစား ငါလဲ အသက်ရလာသလို မင်းလဲအသက်ရလာပြီ မင်းဒီလို အလေလိုက်နေလို့မရတော့ဘူး"

"ဖေကြီးကလဲ ကလေး ထမင်းစားနေတာ ကောင်းကောင်းစားပါစေ"

"မိနွေ ငါပြောနေရင် ဖြတ်မပြောနဲ့ မင့်ကြောင့် မင့်သားအခုလိုဖြစ်နေတာ"

မေမေက ဘာမှဆက်မပြောတော့ အဖေ့ဆိုအိမ်ရှိလူကုန်ကြောက်ရသည်။

"သားဒီနှစ် အောင်စေရမယ် နောက်ဆုံးပေါ် BMWကား ဝယ်ပေး"

"မင့်သာအောင်ပါစေဦး ဒီနေ့အောင်စာရင်းထွက် ဒီနေ့ဝယ်ပေးလိုက်မယ် "

"ရော့ မမကြိုက်တဲ့ ဆိတ်ကုလားပဲ"

သားက သမီးပန်ကန်ထဲ ဟင်းတွေထည့်ပေးနေသလို သမီးကလဲ သူ့မောင်အကြိုက်တွေထည့်ပေးသည်။သားနဲ့သမီးကိုကြည့်ရင်း ဒေါ်နွေဦးခင် ပီတိဖြစ်မိသည်။

"မေမေကြိုက်တဲ့ ကြက်ကုန်းဘောင်"

သားကပြောပြောဆိုဆိုထည့်ပေးသည်။သားကသွက်သလောက် သမီးကအနေအေးသည်။သမီးလေးအိမ်ရောက်စကဆို ၁လ လောက်အထိ ဘယ်သူနဲ့မှ စကားမပြော။

#Gerbera kyt

မောင့်အချစ်ရဆုံးWhere stories live. Discover now