"အိုကေ အဲ့ဆိုငါ ဖုန်းဆက်ပြီးမှာထားလိုက်တော့မယ်နော်"

"အိုကေ"

Perth ကဖုန်းလှန်းဆက်ပြီး order တင်နေတုန်း ကျန်တဲ့လူတွေက ပွပလဲနေတဲ့ပစ္စည်းတွေကိုနေရာတကျပြန်သိမ်းသည်.....

အားလုံးပြီးစီးသွားတဲ့နောက်မှာတော့ အငယ်ဆုံးလေးရွေးပေးတဲ့ဆိုင်ရှိရာကို ငါးယောက်သားဆိုင်ကယ်ကိုယ်စီစွဲပြီး တက်ညီလက်ညီချီတက်လာလိုက်ကြတော့၏......

ခန်နားယား(ဝို) (Khan Na Yao) မှာနေကြတဲ့သူတွေမို့ စိုဝန်စယမ် (Suan Sayam) လမ်းပေါ်မှာပဲတည်ရှိတဲ့ ဒီဆိုင်လေးဟာ Gem တို့နဲ့မစိမ်းလှ....

lunch အတွက်လည်းအဆင်ပြေသလို dessert အတွက်လဲ အတော်လေးရွေးချယ်စရာများတဲ့အပြင် သပ်သပ်ရပ်ရပ်အေးအေးဆေးဆေးရှိတာကြောင့် မကြာခဏသွားစားဖြစ်ကြတဲ့ဆိုင်ပိစိလေးဖြစ်လေသည်.......
ပြီးတော့ အိမ်ကဟာလေးက အဲ့ဆိုင်က Oreo ice cream ဆိုအသေကြိုက်တာ......

ปังปังคาเฟ่ coffee house

ဘဲဥပုံ သစ်သားပြားခပ်ကြီးကြီးပေါ်မှာ ရေးထားတဲ့ဆိုင်နာမည်လေးက သေသေသပ်သပ်ရိူးရိုးရှင်းရှင်းလေး.......
ဆိုင်မျက်နှာစာကို မှန်ပြည့်ကာထားတာမို့ အထဲထိတိုးလျိုပေါက်မြင်နေရတဲ့ဆိုင်လေးက ခပ်ကျဉ်းကျဉ်းဆိုပေမယ့်လည်းသပ်သပ်ရပ်ရပ်လှလှပပ.......

ဆိုင်ရဲ့အဝင်အဝနားမှာ special menu တွေကို သစ်သားဘောင်ကွပ်ထားတဲ့သင်ပုန်းအမည်းလေးပေါ်မှာ မြေဖြူလေးနဲ့ရေးပြီးထောင်ထားတာကတစ်မျိုးလေးချစ်စရာကောင်းသည်ပင်.....

အတွင်းဘက်နံရံတခုလုံးကို ဆေးအဖြူသုတ်ထားပြီး နံရံပေါ်မှာ ဆိုင်ရဲ့ နာမည်ကြီးအစားအသောက်တွေကို ပုံထုတ်ပြီးစီတန်းကပ်ထားကာ အဖြူရောင်ပရိဘောဂတွေ မျက်နှာကျပ်မီးဆိုင်းလှလှလေးတွေ ရောင်စုံမီးလုံးအသေးလေးတွေ အသုံးပြုအလှဆင်ထားတဲ့ ဆိုင်အခင်းအကျင်းက ရိုးရိုးလေးနဲ့ဆွဲဆောင်မှုရှိလှသည်......

သူငယ်ချင်းတွေ အုပ်စုလိုက် အေးအေးဆေးဆေး chill လို့ရတဲ့ဆိုင်ကောင်းလေးတစ်ခုပင်........

Gem တို့အဖွဲ့ရောက်သွားတော့ ဆိုင်ထဲမှာ ကောင်မလေးတချို့ထိုင်နေတဲ့ဝိုင်းတစ်ဝိုင်းကလွဲပြီးကျန်တဲ့ စားပွဲတွေမှာလူမရှိပေ......
နေ့လည်စာစားချိန်တောင်လွန်နေပြီမို့လား.......

ချစ်လို့......Where stories live. Discover now