- ♡

521 66 10
                                    

❝ ရီခီရှန်နဲ့ အီဂျောင်ဟျွန်းတို့ တရားဝင် လမ်းခွဲပြတ်စဲခြင်း။ ❞

❝ အီဂျောင်ဟျွန်းကုမ္ပဏီဘက်က ကွန်ဖမ်းမလုပ်ထားပေမဲ့၊ ရီခီရှန့်ကုမ္ပဏီဘက်က ကွန်ဖမ်းလုပ်လိုက်တာနဲ့တင် နှစ်ယောက်ကြားက ပတ်သက်မှုအလုံးစုံက အဆုံးသတ်သွားပြီလို့ ပြောချင်တာလား ? ❞

❝ သုံးနှစ်တာ သံယောဇဥ်က တကယ်ပဲ တစ်ခန်းရပ်သွားပြီလား ? ❞

❝ ဘယ်သူ့ကြောင့် ဒီလိုတွေ ဖြစ်ကုန်တာလဲ ? ❞

❝ အမှားလုပ်တဲ့သူက အီဂျောင်ဟျွန်းဆိုတာ တကယ်ပဲလား။ သူ့ဖောက်ပြန်မှုကြောင့် ရီခီရှန်က လမ်းခွဲလိုက်တာလား။ သူက တကယ်ပဲ ချွဲအွန်မီနဲ့ ဖောက်ပြန်ခဲ့တာလား။ ❞

° °

" ရီခီ "

ရီခီက မလှုပ်မယှက် ငြိမ်နေသည်။ ဒါက သူ့ရွေးချယ်မှု။ သူကိုယ်တိုင် သည်လမ်းကို ရွေးချယ်ခဲ့တာ။ အီဂျောင်ဟျွန်းနှင့် လမ်းခွဲဖို့။

နာမည်ကြီး ယောက်ျားလေးနှစ်ယောက် တရားဝင် တွဲခြင်းက တော်တော်လေး နာမည်ကြီးခဲ့သလို၊ တရားဝင် ပြတ်စဲခြင်းက ပိုလို့တောင် နာမည်ကြီးပြီး အုတ်အော်သောင်းနင်းဖြစ်မည့် ကိစ္စတစ်ရပ် ဖြစ်လာနိုင်မလား။ ဖြစ်လာနိုင်သည်။ ဟင့်အင်း ... ဖြစ်ကိုဖြစ်လာမည်။ အကြောင်းရင်းကတော့ ရီခီရှန်၏ အောင်မြင်မှုက သာမန်မဟုတ်သလို၊ အီဂျောင်ဟျွန်း၏ ကျော်ကြားမှုကလည်း ပေါ့ပါးမနေတာမို့။

ထို့ပြင် သူတို့တွဲခဲ့သည့်ကာလက နှစ်လ၊ သုံးလ မဟုတ်သည့် သုံးနှစ်တာ။ အချိန်တစ်ခုထိတော့ လူတွေကြား နာမည်ကြီးသတင်း ဖြစ်နေဦးမှာ။

" ဘာတွေ ဘယ်လို ဖြစ်ကုန်တာလဲ ... ရီခီ ? ငါတော့ဖြင့် နားကို မလည်နိုင်တော့ဘူး။ ဟိုတလောကအထိ မင်းတို့ အဆင်ပြေပြေ ရှိနေကြတယ် မဟုတ်ဘူးလား။ "

သူတို့နှစ်ယောက်ကိစ္စကို မယုံကြည်နိုင်ကြသေးသည့် သူတွေထဲ ဂယူဘင်းက ထိပ်ဆုံးက ဖြစ်လိမ့်မည်။ သူ့အနေနှင့်ကတော့ သည်လောက်ထိ အံ့သြပြနေဖို့ မလိုလောက်ဘူးဟု ထင်၏။ ဘာက ဘယ်လောက်ထိ အံ့သြစရာဖြစ်နေလို့လဲ။ တွဲကြတယ်၊ လမ်းခွဲကြတယ်၊ ချစ်ကြတယ်၊ စိတ်ကုန်သွားတယ် ... ဒါတွေက ပုထုစဥ် လူတွေကြား ဖြစ်နေကျတွေပဲလေ။

🎉 You've finished reading 𝗁𝖾𝖺𝗋𝗍 𝗋𝖾𝗍𝗎𝗋𝗇𝖾𝖽 @𝗷𝗲𝗼𝗻𝗴𝗿𝗶 [ 𝖼𝗈𝗆𝗆𝗂𝗌𝗌𝗂𝗈𝗇 ] 🎉
𝗁𝖾𝖺𝗋𝗍 𝗋𝖾𝗍𝗎𝗋𝗇𝖾𝖽 @𝗷𝗲𝗼𝗻𝗴𝗿𝗶 [ 𝖼𝗈𝗆𝗆𝗂𝗌𝗌𝗂𝗈𝗇 ]Where stories live. Discover now