Chapter 75

1K 126 1
                                    

Chapter - 75
မြွေအနမ်း၏ နောက်ဆက်တွဲ


ထိုက်ပိုင် နှင့် နျဲ့ပုဖန် တို့ ရေထဲ ဆင်းသွားပြီး မကြာမီမှာပဲ ဝေဒီက သူတို့ နှစ်ယောက် လွတ်မြောက်သွားကြောင်း သတင်းရရှိခဲ့၏။ သူသည် ဒေါသတကြီးဖြစ်ကာ တုန်းရှင်းရှောင်းဖူ၏ အတွင်းရော အပြင်ပါ သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ဒါပေမယ့် သည်တစ်ကြိမ်မှာတော့ ကြောင် အုပ်စုက သူ့ကို အချိန်မီသတိမပေးတာကြောင့် တွက်ချက်မှု မှားယွင်းခဲ့၏။
ကြောင်တွေ တစ်ကောင်မှ ရောက်မလာကြခြင်း ဖြစ်သည်။

သူ ခရာ မှုတ်လိုက်သည် — ၎င်းသည် သူ့ ကြောင်အဖွဲ့ကို ခေါ်ရန် အချက်ပြလိုက်ခြင်း ဖြစ် သော်လည်း နှစ်ကောင်၊ သုံးကောင် သာ ပေါ်လာပြီး ကျန် တစ်ကောင်မှာ ပျောက်ဆုံးနေခဲ့၏။  အခြေအနေ မမှန်မှန်း သိသွားသဖြင့် ချိုင့်ဝှမ်း တစ်ဝိုက်ကို ရှာဖွေရန် လူများကို စေလွှတ်၍ ကိုယ်တိုင်လည်း လိုက်လာခဲ့သည်။ တစ်နာရီကျော်သွားသော်လည်း ဘာမှမတွေ့ရပါ။

ဝေဒီသည် ဒေါသ တအုံနွေးနွေးနှင့် အမိန့်ပေး၏ –
“သွား၊ တခြား လမ်းကြောင်း အားလုံးကို သွားရှာကြ၊ လမ်းတွေ အားလုံးမှာ အစောင့်ချထားလိုက်၊ ရန်ရှန်းမြို့ တစ်ဝိုက်ပါ မချန်နဲ့''

ဤလွတ်မြောက်မှုသည် ထိုက်ပိုင် နှင့် နျဲ့ပုဖန် တို့၏ လုပ်ဆောင်ချက်သာမက အခြားသူများ၏ ညှိနှိုင်း ဆောင်ရွက်မှုလည်း ပါ၀င်သည် ၊ မဟုတ်ပါက ဤမျှ ကွင်းလုံးကျွတ် လွတ်မြောက်ရန် မဖြစ်နိုင်ကြောင်း ထင်ရှာ၏။ စံအိမ်တော် နှင့် ချိုင့်ဝှမ်းဒေသတွင် နေရာတိုင်း၌ တွေ့ရသော ကြက် အမွေးများနှင့် ကြက် ခြေရာများသည် ဤမှန်းဆချက်အား ထပ်လောင်း အတည်ပြုနိုင်ခဲ့သည်။ ဤကမ္ဘာကြီးတွင် ကြက်သိုက်ရွာမှ ကြက်များသာ လွတ်လပ်စွာ သွားလာနိုင်သည့်အပြင် ၎င်းတို့က ကြောင်များကို လုံးလုံး နှိမ်နင်းနိုင်သည်ကိုလည်း ကြောက်ရွံ့နေရ၏။

သိပ်ဆိုးတယ်။ ဘာကိုမှ သတိမထားမိလိုက်ဘူး။

"နျဲ့ပုဖန်၊ ငါ မင်းကို ထပ်ဖမ်းမိရင် မင်းခြေထောက်ကို သေချာပေါက် ချိုးပစ်မယ်" ဝေဒီ ကြုံးဝါးလိုက်သည်။

တစ်ဖက်တွင် ဝမ်ရှင်းချန်သည် ချိုင့်ဝှမ်းမှ ထွက်လာကာ ကျန်းကျွင်းရှီ နှင့် အခြားလူများထံ ရောက်ရှိလာသည်။  ယခု သူတို့သည် ရန်ရှန်း မြို့တော်အပြင်ဘက်ရှိ ရွာတစ်ရွာတွင် ရှိနေကြ၏။ နျဲ့ပုဖန် နဲ့ တွေ့ဆုံဖို့ သဘောတူထားတဲ့ နေရာကလည်း သည်နေရာပါပဲ။

"အစ်ကို ဝမ်၊ မင်း ဘာလို့ ချိုင့်ဝှမ်းက ထွက်ထွက်ချင်းပုဖန် နဲ့ မတွေ့တာလဲ''
ကျန်းကျွင်းရှီ က မေးလိုက်သည်။

"ငါ သူ့ကို ရှာမတွေ့ဘူး သူတို့က တခြားလမ်းကြောင်းကို သွားနေတာ ဖြစ်နိုင်တယ်"
ဝမ်ရှင်းချန်က ဖြေ၏။

လီရီက လေးနက် တည်ကြည်စွာဖြင့်။
"သူ လုံခြုံနေတာ သေချာရလား။ ထိုက်ပိုင်က တကယ် ယုံကြည်ရလို့လား"

"ငါလည်း မသေချာဘူး" 
ဝမ်ရှင်းချန် က အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။ "ဒါပေမယ့် ပုဖန်ရဲ့ လူတွေကို အကောင်းအဆိုး ခွဲခြား နိုင်တဲ့စွမ်းရည်ကို ငါ ယုံကြည်တယ်"

"သူ့ကို ယုံတယ်လား။ သူ ဘာမှ စိတ်ချလို့ မရဘူးလေ''
လီရီ အော်ဟစ်လိုက်၏။

ကျန်းကျွင်းရှီ က ပြုံးပြီး ...
“မိုးလင်းဖို့ လေးနာရီလိုသေးတယ်။  ငါတို့ အေးအေးဆေးဆေး နေသင့်တယ်၊ ပန်းပွင့် မိန်းကလေး နဲ့ လက်နက်ကြီးတို့တွေလည်း သူတို့နားမှာ ရှိနေသေးတာမို့ ရှာမတွေ့မှာကို စိတ်မပူပါနဲ့"

ဤသို့ဖြင့် သုံးယောက်သား ခဏလောက် ဆွေးနွေးပြီးနောက် လူစု ခွဲလိုက်ကြ၏။

အရုဏ်တက်ခါနီးတွင် နံနက်ခင်းသည် အအေးဓာတ် ကဲနေခဲ့သည်။

ထိုက်ပိုင် သည် တုန်တုန်ယင်ယင်ဖြင့် နိုးလာ၏။  မျက်လုံး ဖွင့်လိုက်သည်နှင့် နျဲ့ပုဖန် လက်ကို လှမ်းမြင်လိုက်ရသည်။ သူတို့သည် အလွန်နီးကပ်နေပြီး နျဲ့ပုဖန်၏ နွေးထွေးသော မျက်နှာသည် အသက်မှန်မှန် ရှုရှိုက်ရင်း ငြိမ်သက်နေ၏။

ထိုက်ပိုင်က သူ့ကို မနှောင့်ယှက်ဘဲ သူ့ ကိုယ်တွင်းက စွမ်းအင်တွေကို တိတ်တဆိတ်  ပြဿနာ ရှိ၊ မရှိ သေချာအောင် တိတ်တဆိတ် စစ်ဆေနေ၏။
ဒါ့အပြင် သူသည် နျဲ့ပုဖန်၏ အခြေအနေကိုလည်း စတင်စ စ်ဆေးခဲ့ရာ အနည်းငယ် အဖျား ရှိနေကြောင်း တွေ့ရှိရသည်။

စောစောက သူ့အတွက် အဆိပ်ကို စုပ်ထုတ်ပေးခဲ့တာ မှတ်မိပေမယ့် တစ်ဝက်တပြတ်နဲ့ ထိုက်ပိုင် သတိမေ့သွားခဲ့၏။ တစ်နည်းဆိုရသော် သူ့ မြွေအဆိပ်ကို အပြည့်အဝ မသန့်စင်ရသေးပါ။

ထိုက်ပိုင် ၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး နျဲ့ပုဖန်ကို ဂရုတစိုက် လှည့်လိုက်ကာ ဘောင်းဘီရှည်ကို ပေါင်ခြေရင်းသို့ ချွတ်ချကာ ဒဏ်ရာကို သေချာကြည့်ရှုလိုက်သည်။  သူ၏ ညာဘက်တင်ပါး ပေါ်ရှိ ဒဏ်ရာများသည် လုံးဝ ပျောက်ကွယ်သွားပုံရပြီး မူလ သွားရာများမှာလည်း မှိန် လာသည်ကို တွေ့ရှိရသည်။

နျဲ့ပုဖန်ဖို့ အန္တရာယ် မရှိတော့ကြောင်း သေချာပြီးနောက်တွင် သူ တိတ်တဆိတ် သက်ပြင်းချလိုက်၏။

ထို့နောက် ဘောင်းဘီရှည်ကို ပြန်ဝတ်ပေးနေစဥ်တွင် နျဲ့ပုဖန်က ရုတ်တရက် ခြေသလုံးများ ကွေးကောက်လိုက်သောကြောင့် ပေါင်ကြားထဲတွင် လက်ကို မတော်တဆ ချုပ်မိသလို ဖြစ်သွားတော့သည်။

ထိုက်ပိုင်၏ မျက်နှာသည် တင်းမာလာပြီး လှုပ်ရန် မဝံ့ရဲပေ။ သူ့ လက်ဖဝါးမှ ပူပြင်းသော ခံစားမှုက သူ့ နှလုံးခုန်နှုန်းကို မြန်စေပြီး မျက်လုံးများက အထိန်းအကွပ် မရှိ ဗလာဖြစ်ကာ ကြည့်လိုက်မိသည်။ ပန်းရောင် ဝင်ပေါက်က ပန်းပွင့်သေးသေးလေးနဲ့ တူနေ၏။

သူသည် လျင်မြန်စွာ အာရုံ လွဲ၍ အဝေးကို ကြည့်ကာ ငတ်မွတ်နေသော သူတောင်းစား တစ်ယောက်လို ပြုမူမိအတွက် သူ့ကိုယ်သူ ကြိမ်းမောင်းမိ၏။ အမှန်တကယ် ယောက်ျား တစ်ယောက်၏ စွဲဆောင် မှုကို ခံနေရသည်။ သူ့အတွက် တစ်ခုခုတော့ မှားနေပြီ။

ထိုအချိန်တွင် နျဲ့ပုဖန်က အိပ်နေရင်း “အေးတယ်” ဟု ညည်းတွားလေသည်။

ထိုက်ပိုင်လည်း အာရုံတွေ ပြန်စုစည်းမိကာ သူ့ဘောင်းဘီကို အမြန် ဆွဲဝတ်ပေးလိုက်၏။  ထို့နောက် သူ့ဘေးမှာ ပြန်အိပ်ပြီး သူ့ကို လက်နှစ်ဖက်ဖြင့် ဖက်ထားလိုက်၏။

နျဲ့ပုဖန်၏ လက်နှစ်ဖက်က သူ့ ကျောတဝိုက်တွင် တင်းတင်းကြပ်ကြပ် ဖက်ထားကာ သူ့ အရေပြားကိုပွတ်သပ်ပြီး  အ၀တ်အစားများထဲသို့ ရောက်ရှိလာသည်။ မျက်နှာကိုလည်း ထိုက်ပိုင်၏ ကိုယ်လုံးတီး ရင်ဘတ်နဲ့ ဖိထားပြီး သူ့ ပါးစပ်ထောင့်က အနည်းငယ် ပြုံးကာ ကျေနပ်ပုံရ၏။

ထိုက်ပိုင် မှာ မှင်သက်နေသည်။ သူ အရင်က ဘယ်သူနဲ့မှ သည်လောက် ပူးကပ် မနေဖူးဘူး။ လူနှစ်ယောက်ကြားက ခန္ဓာကိုယ် အပူချိန်ကို လွှဲပြောင်းပေးတာက တကယ်ကို အဆင်ပြေပါနေသည်။  သူ့ကို ကိုင်လိုက်တဲ့အခါ အအေးဓာတ်တွေ ပျောက်ကွယ်သွားသကဲ့သို့ပင်။

နျဲ့ပုဖန် လုံးဝ သတိမထားမိသည်မှာ သူ၏ ခြေ လက်များသည် ထိုက်ပိုင် ၏ ခြေ လက် အင်္ဂါများနှင့် ရောထွေးနေပြီး ၎င်း၏ အောက်ပိုင်း တစ်ပိုင်းကို နီးကပ်စွာ ဖိထားကာ အချင်းချင်း ပွတ်တိုက်နေခြင်း ဖြစ်သည်။

ထိုက်ပိုင် ဗိုက်ထဲသို့ အပူများ တဟုန်ထိုး ပြေးတက်လာသည်ကို ခံစားလိုက်ရပြီး နားမလည်နိုင်သော ဆန္ဒတစ်ခု သူ့ တစ်ကိုယ်လုံး ပြည့်သွား၏။

ကျန်းမာသော ကိုယ်ခန္ဓာနှင့် စိတ်ဆန္ဒရှိသော သွေးပူသည့်ရလူငယ်တစ်ယောက်ရအနေဖြင့် နံနက်ခင်းတွင် မကြာခဏဆိုသလို အေးစက်စွာ နှိုးထ၍ အဆင်သင့်ဖြစ်နေသော အမျိုးသားများ၏ အလိုကို လေးနက်စွာ နားလည် သဘောပေါက်ခဲ့သည်။

သူသည် နှလုံးသားကို သန့်စင်စေသော မန္တန်ကို တိတ်တဆိတ် ရေရွတ်ကာ သူ့ကိုယ်သူ အာရုံပြောင်းအောင် ကြိုးစား၏။ သို့သော် နျဲ့ပုဖန်၏ လှုပ်ရှားမှုများသည် မြွေတစ်ကောင်လို ရံဖန်ရံခါတွင် လူးလွန့်နေပြီး စွဲမက်ဖွယ် ကောင်းလွန်းသည်ကို သူသဘောပေါက်လာ၏။ မှိုခေါင်းလေးတွေ ထိမိစေရန် ထိုက်ပိုင် အနည်းငယ်ပို၍ အနားကပ်လိုက်သည်။ တစ်ဖက်လူ၏ အသက်ရှုသံသည် သူ့အရေပြားပေါ်သို့ ဖျင်းခနဲ ပူခနဲ ဖြစ်စေပြီး ထုံကျင်သွားသလို ခံစားလိုက်ရသည်။

နျဲ့ပုဖန် နဲ့ ဝေဒီ တို့ ကြားက ဆက်ဆံရေးကို သူသိတယ်၊ ယောက်ျားတွေကလည်း ယောက်ျားအချင်းချင်း ဆက်ဆံနိုင်ပေမယ့် သူ စမ်းကြည့်ဖို့ တခါမှ မဝံ့ရဲခဲ့ဘူး... အိုး... သူ ဘာတွေ တွေးနေတာလဲ။
ထိုက်ပိုင် သည် ဤအတွေးများကို အမြန်နှိပ်ကွပ်လိုက်ပြီး နျဲ့ပုဖန် အနားမှ ရှက်ရွံ့စွာဖြင့် ခွာသွားခဲ့သည်။

နျဲ့ပုဖန် နိုးလာသောအခါတွင် ကောင်းကင်က တောက်ပကာ နေသာနေပြီ ဖြစ်သည်။

မျက်လုံးကို ပွတ်သပ်ပြီး ထထိုင်ကာ "ဘယ်အချိန်ရှိပြီလဲ" ဟု မှင်သက်စွာ မေး၏။

ထိုက်ပိုင် က “မွန်းတည့်ချိန် နီးနေပြီ” လို့ ပြန်ဖြေ၏။

"အာ့၊ အစ်ကို ဝမ် နဲ့ အချိန်းအချက် လုပ်ထားတဲ့ အချိန်ကို တော်တော်လွန်သွားပြီပဲ''

နျဲ့ပုဖန်သည်  ရှုပ်ပွနေသော ခေါင်းကို ရှင်းရန် သူ့ခေါင်းကို ပွတ်သပ်၍ ဖြီးသင်လိုက်သည်။ သူက မလှုပ်မယှက် လဲလျောင်းနေသော ထိုက်ပိုက် ကို တစေ့တစောင်း ကြည့်ပြီး “ဘာလို့ မထသေးတာလဲ အချိန် မစောတော့ဘူး”

ထိုက်ပိုက်က ဘာမှမပြောပဲ ဖုတ်ကောင်ကဲ့သို့ မတ်တပ်ရပ်လိုက်သည်။
နျဲ့ပုဖန်က သူ့ကို နောက်ကနေ ဖက်လိုက်သောကြောင့် ပို၍ တောင့်တင်းသွား၏။

ပြီးတော့ နျဲ့ပုဖန် က သူ့ကို တကယ်ရယ်သည်။

“ဟာဟား၊ မင်း အိပ်နေတဲ့ ပုံစံက တကယ့်လူသေကောင်နဲ့တောင် မှားနိုင်တယ်။ နောင်လည်း များများ လေ့ကျင့်ပါ''

ထိုက်ပိုင်က သူ့ကို လှည့်ကြည့်ရင်း 'သူခိုးကို ဖမ်းရန် အော်သော သူခိုး' ဟူသည့် စကားကို သဘောပေါက်သွား၏။

သည့်နောက် နှစ်ယောက်သား မျက်နှာ ဆေးကြောပြီးနောက် ရေတံခွန်ကို အတူတူ ဖြတ်ကျော်ကာ ဆုံဖို့ ချိန်းထားရာ နေရာကို လျှောက်လာခဲ့ကြသည်။

အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ရုတ်တရက် ရှည်လျားသော အော်ဟစ်သံကို ကြားလိုက်ရာ လင်းယုန်ငှက်ကြီး တစ်ကောင်က မနီးမဝေး သစ်ကိုင်းတစ်ခုပေါ်တွင် ပျံဆင်းလာသည်ကို တွေ့လိုက်ရသည်။

“လက်နက်ကြီး” နျဲ့ပုဖန်သည် စိတ်လှုပ်ရှားစွာ ပြေးသွားသည်။

လက်နက်ကြီးက 'မင်း ငါ့ကို အခုမှ မျက်နှာ လာမလုပ်နဲ့' ဟူသော ဟန်ဖြင့် ခေါင်းကို မော့ကာဝ င့်ကြွားနေ၏။

သူ့ ခြေထောက်တွင် ဝမ်ရှင်းချန် နှင့် အခြားသူများထံမှ စာ တစ်စောင်ကို ချည်နှောင်ထားသည်။ စာတွင် နျဲ့ပုဖန်၏ လက်ရှိ အခြေအနေ အကြောင်း မေးမြန်းခြင်းအပြင်၊ သူတို့ သဘောတူထားသည့်နေရာကို ဝေဒီ၏ လူများက ရှာဖွေတွေ့ရှိပြီး စောင့်ကြည့်နေကြောင်းလည်း ပါ၏။ နျဲ့ပုဖန်းက မြို့ကို တိုက်ရိုက်သွား၍ ယွမ်လဲ့အင်း တွင် တွေ့ဆုံရန် အကြံပြုထားသည်။

ထိုက်ပိုင် က စာကို ပြီးအောင် ဖတ်ပြီး ...
''ငါတို့မြို့ကို သွားမှာလား'' ဟုမေးသည်။

နျဲ့ပုဖန် က ခေါင်းညိတ်ပြသည်–

“ဟုတ်တယ်၊ လမ်းမှာ ဆေးဆရာဆီ ဝင်ပြရမယ်။ မင်းရဲ့မြွေအဆိပ်က လုံးလုံး ရှင်းသွားပြီလား မသိရသေးဘူး”

ထိုက်ပိုင် သည် ဤစကားကို ကြားသောအခါ နျဲ့ပုဖန်၏ စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရသောကြောင့် နှလုံးသားထဲက နွေးထွေးမှုကို မထိန်းနိုင်ဘဲ “မင်းရောပဲ” လို့ တိုးတိုးလေး ပြန်ပြောလိုက်၏။

“ကောင်းပြီ။ ပြီးရင် ငါ့အတွက် သူတို့ကို ကျေးဇူးပြုပြီး စာပြန်ရေးပေးပါ''

နျဲ့ပုဖန် က စာရွက်ကို ထိုက်ပိုင်ထံ ပေးလိုက်သည်။ ဝမ်ရှင်းချန် နဲ့ တခြားသူတွေက သူတို့ ပြန်ကြားစာရေးဖို့ တခြား စာရွက် အလွတ်တစ်ခုကိုလည်း ထည့်ပေးလိုက်သည်။

“ဒါပေမယ့် စာကို ဘာနဲ့ ရေးရမလဲ” 
ထိုက်ပိုင်သည် စာရွက်ကို ယူကာ စားရေးလို့ရမည့် အရာမှန်သမျှကို ရှာဖွေလိုက်သည်။

နျဲ့ပုဖန် ရုတ်တရက် သူ့ လက်ကို ခါယမ်းလိုက်ပြီး ...

"အစ်ကိုပိုင် မကြောက်ပါနဲ့၊ မင်း ခဏပဲ နာမှာပါ''

ထိုက်ပိုင် သည် သူဘာကိုဆိုလိုသည်ကို နားမလည်ခင်မှာပဲ ညာလက် လက်ညိုးတွင် နာကျင်ကာ ထိုနေရာမှ သွေးတစ်စက် ကျသွားသည်။

နျဲ့ပုဖန် သည် မည်သည့် နေရာမှ ထုတ်ယူလိုက်မှန်းမသိသော ဆူးချွန်ကို လွှင့်ပစ်ကာ လက်အောက်ငယ်သားအား အရေးကြီးသော တာဝန်တစ်ရပ်ကို ပေးဆောင်နေသည့် ဗိုလ်ချုပ်ကဲ့သို့ ညွှန်ကြားလိုက်သည် -

"မင်း၊ အခု ရေးလို့ ရပြီ"

ထိုက်ပိုင် လက်တွေ တဆတ်ဆတ်တုန်နေ၏။
ဒါက သူ့ကိုယ်သူ သတ်သေ စာရေးဖို့လား။ သူသည် နျဲ့ပုဖန်ကို ကြည့်လိုက်ရာ နျဲ့ပုဖန်က သူ့ကို အားပေးသလို ပြုံးပြ၏။
ဒါ သူ့ ကံကြမ္မာပါလားဟု တွေးမိသည်။
ထို့နောက် စာရွက်ကို အတော်လေး ပြားတဲ့ ကျောက်တုံးပေါ်မှာ ဖြန့်ထားပြီး  “ဘာရေးမှာလဲ” လို့ မေးလိုက်၏။

“ငါတို့ နှစ်ယောက်စလုံး နေကောင်းနေတယ်ဆိုတာကို သူတို့ဆီ သတင်းပို့ပြီး သတ်မှတ်ထားတဲ့နေရာကို သွားတော့မယ်လို့ သူတို့ကို ပြောရမယ်။ ပြီးရင် သူတို့ ဘယ်ရောက်နေလဲ၊ ငါတို့နဲ့ ဘယ်တော့ တွေ့မလဲ၊ ဝေဒီကြောင့် သူတို့အတွက် အခက်အခဲတွေ ကြုံနေရရင် ငါ့ကို ဘယ်လို ကူညီရမလဲဆိုတာ...''

“နေပါဦး'' နားထောင်ရင်းနဲ့ ထိုက်ပိုင် မျက်နှာပျက်နေ၏။

“ရေးစရာတွေ များလွန်းလို့ ငါ့ သွေးတွေ ကုန်တော့မယ်၊ မင်း ပိုတိုတာရေး နိုင်မလား။ ဒါ့အပြင်၊ သူတို့က မင်းရဲ့အကူအညီကို လိုအပ်ပါ့မလား  မင်းကိုယ်မင်း လုံခြုံအောင် ပုန်းအောင်းနေတာက အကောင်းဆုံး အကူအညီ ဖြစ်နေပြီ”

သည်ကောင် တခြားသူတွေကို စိုးရိမ်ပူပန်နေတာက နောက် ကြားရင် ထိုက်ပိုင်က သွေးထွက်လွန်တော့မယ်။

"အတိုချုံး ရေးရမယ်''

ထိုက်ပိုင်သည် ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်၏။

“ကောင်းပြီ” နျဲ့ပုဖန်က လက်နှစ်ချောင်းကို ဆန့်ထုတ်ပြီး
“ဒါဆို စာလုံးသုံးလုံး ရေးပါ - ဖတ်ပြီးပြီ”

ထို့နောက် စာကို ထည့်ပေးပြီး လက်နက်ကြီးက ဝေးရာကို ပျံသွားခဲ့သည်။

ထိုက်ပိုင် နှင့် နျဲ့ပုဖန် တို့လည်း မြို့ထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်ကာ လူ အများစုနှင့်အတူ ရောနှော၍ နေရာများကို ဖြတ်ကျော်သွားခဲ့သည်။ သူတို့ နှစ်ယောက်လုံးမှာ ပိုက်ဆံ မရှိပါ၊ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ နျဲ့ပုဖန်မှာ ဝေဒီရဲ့ မှန်ကနေ ထုတ်ယူလာတဲ့ ကျောက်စိမ်းတုံးတွေ ပါလာ၏။

သူတို့ နှစ်ဦးသည် ၎င်း ကျောက်စိမ်း တစ်တုံးကို အပေါင်ဆိုင်တွင် ပေါင်လိုက်ရာ ရွှေ တုံး သုံးဆယ်ရလာသည်။
ဤသည်က ယွမ်လဲ့အင်းသို့ သွားရာ ငါးရက်၊ ခြောက်ရက်ကြာ ခရီးအတွက် စားသောက်ရန် လုံလောက်ပါသည်။ ယင်းမှာ ရန်ရှန်း ၏ စျေးနှုန်းများ အတော်လေး မြင့်မားသောကြောင့် ဖြစ်ပြီး ယွမ်လဲ့အင်း ကဲ့သို့သော အလတ်စား တည်းခိုခန်းသည် ရှိရှန်း မြို့ရှိ အကောင်းဆုံး တည်းခိုခန်းထက်စျေးပိုကြီးသောကြောင့် ဖြစ်သည်။

"မင်း အခြေအနေ ဘယ်လိုလဲ" ဆေးခန်းထဲမှာ မုတ်ဆိတ်ဖြူနဲ့ အဘိုးကြီး တစ်ယောက်က သူ့ ရှေ့မှာ လူငယ် နှစ်ယောက်ကို မေး၏။ သူတို့သည် ညစ်ပေ နေသော အဝတ်အစားများကို ၀တ်ဆင်ထားပြီး အနည်းငယ် ပိန်ပိန်ပါးပါး ဖြစ်နေသည်။

ထိုက်ပိုင် က ဘောင်းဘီရှည်ကို လှန်လိုက်ပြီး ခြေထောက်မှာ ဒဏ်ရာကို ပြ၏။

“မနေ့က မြွေကိုက်ခံရတယ်။ ကျွန်တော်တို့ကို စစ်ဆေးပေးဖို့ ဆေးဆရာကြီးကို တောင်းဆိုပါတယ်။”

ဆေးဆရာက ဒဏ်ရာကို သေချာကြည့်ပြီးနောက် ထိုက်ပိုင် ၏ သွေးခုန်နှုန်းကို နားထောင်သည်။  သူက ခေါင်းညိတ်ပြီး “အဆိပ်က အချိန်မှီ ရှင်းသွားပြီ။ ခဏလောက် နောက်ကျရင် မင်းကို ကယ်တင်ဖို့ နတ်ဘုရားတွေတောင် ခက်လိမ့်မယ်”

ထိုက်ပိုင်သည် စိတ်သက်သာရာ ရသွားကာ သူ့ ဘေးနားရှိ နျဲ့ပုဖန်ကို နူးညံ့စွာ ကြည့်လိုက်သည်။  နျဲ့ပုဖန်ကတော့ ဆေးခန်း၏ အပြင်အဆင်ကို လှည့်ပတ်ကြည့်ရှုနေ၏။ ထိုက်ပိုင် ၏ ချစ်စဖွယ်အကြည့်ကို သူ မခံနိုင်တော့ပေ။

"မင်းအတွက် ဆေးအချို့ကို ငါ ညွှန်းလိုက်မယ်၊ ကျန်တဲ့ အဆိပ်တွေ နှစ်ရက်၊ သုံးရက်အတွင်း ရှင်းသွားမယ်၊ မင်း နေကောင်းသွားလိမ့်မယ်" 
ဆေးဆရာ ဆေးစာကို အမြန်ရေးပြီး ဆေးယူပေးဖို့ လက်ထောက်ကို လွှဲလိုက်၏။

"ကျေးဇူးတင်ပါတယ် ဆရာကြီး၊ ငါ့ သူငယ်ချင်းလည်း မြွေကိုက်ခံထားရတယ်။ ငါနဲ့ တူတဲ့ ဆေးကို သုံးလို့ ရမလား''

ထိုက်ပိုင်က နျဲ့ပုဖန် ကို လက်ဖြင့် ပုတ်လိုက်သည်။

"အိုး။ သူ ဘယ်မှာ အကိုက်ခံရတာလဲ။ ဒီလူကြီးကိုပြပါဦး" ဆေးဆရာကြီးက နျဲ့ပုဖန်ကို ကြည့်လိုက်သည်။

ထိုက်ပိုင် က တုံ့ဆိုင်းနေပြီး ပြန်မဖြေ။

နျဲ့ပုဖန် ကတော့ အေးဆေးတည်ငြိမ်စွာဖြင့် ''တင်ပါးမှာ'' ဟု ပြောလိုက်၏။

"ဒဏ်ရာကရော ဘယ်လိုလဲ"  ဆေးဆရာကြီး သည် ထူးခြားသော အမူအရာ မရှိပဲ ဆက်လက် မေးမြန်းခဲ့သည်။

သည်တစ်ခါတော့ ထိုက်ပိုင် က “ဒဏ်ရာက ငါ့ထက် ပိုပေါ့တယ်၊ ရောင်ရမ်းတာ မရှိဘူး၊ နည်းနည်းတော့ ပွန်းပဲ့နေတယ်” လို့ ဝင်ဖြေပေးသည်။

ဆရာဝန်က ခေါင်းညိတ်ပြပြီး နျဲ့ပုဖန်၏ သွေးခုန်နှုန်းကို စစ်ဆေး၏ ။အချိန်အတော် ကြာပြီးနောက် သူ့ မျက်ခုံးတွေ တွန့်သွားသည်။

ထိုက်ပိုင် က ထိတ်လန့်သွားပြီး “ဆရာကြီး၊ ဘာများဖြစ်လို့လဲ'' ဟု စိုးရိမ်းစွာမေးလိုက်၏။

ဆေးဆရာကြီးက စိတ်ရှုပ်နေဟန်တူပြီး ထိုက်ပိုင်  ကို လျစ်လျူရှုထားသည်။ အဲ့အစား သူက နျဲ့ပုဖန် ကို  ...
"မင်း ပုံမှန်ပဲလား၊ မင်း ခန္ဓာကိုယ်မှာ မသက်မသာ ခံစားရသလား"

“မခံစားရပါဘူး” နျဲ့ပုဖန် က ခေါင်းခါလိုက်ပြီး "ကျွန်တော် ကောင်းကောင်း စားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါတယ်၊ ခါးမှာ မနာသလို၊ ခြေထောက်မှာ နာကျင်တာမျိုးလည်း မရှိဘူး"

“အဲဒါ ထူးဆန်းတယ်” ဆရာဝန်က “ဒီလောက် သွေးခုန်နှုန်းက ဘယ်လိုဖြစ်တာလဲ” ဟု ညည်းညူလိုက်သည်။

"ဘယ်လို သွေးခုန်နှုန်းမျိုးလဲ" ထိုက်ပိုင် က စိုးရိမ်တကြီးနဲ့ "ဘာဖြစ်နေတာလဲ"

“ဒီလူငယ်လေးက သေတော့မှာ သေချာတယ်။ သာမာန် အခြေအနေအရ သူ တစ်ရက်၊ နှစ်ရက်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး” ဆေးဆရာက ပြတ်ပြတ်သားသား ပြော၏။

"ဒါက ဘယ်လို ဟာသမျိုးလဲ" ထိုက်ပိုင် သည် ဒေါသအကြည့်ဖြင့် ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး "ဆရာကြီး၊ သူက အဝေးကနေ ကြည့်ရင်တောင် နေမကောင်း ဖြစ်နေတာနဲ့ လုံးဝ မတူပါဘူး၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ''

“အဲဒါကြောင့် ဒီလူကြီးက အံ့သြသွားတာပေါ့၊ သူ့ သွေးခုန်နှုန်းက လုံးဝ မတည်မငြိမ် ဖြစ်ပြီး လေးလံနေပေမယ့် သူ့ ပုံစံက ကျန်းမာ သန်စွမ်းနေတယ်၊ ဒါက မသေဆုံးမီ သေလုမြောပါးမှာ ကြုံတွေ့နေရတဲ့ လက္ခဏာ တစ်ရပ်ပဲ” ဆေးဆရာကြီးက ခေါင်းညိတ်ပြပြန်သည်၊ “ဒါပေမယ့် ဒီလူငယ်လေးကလည်း သူ့ ခန္ဓာကိုယ်က ဘာမှ မသက်မသာ မဖြစ်ပဲ ကျန်းမာတယ်လို့ ပြောတယ်။ တကယ့်ကို စိတ်ရှုပ်စရာပါပဲ”

ထိုက်ပိုင် ၏ မျက်နှာသည် ဖြူဖျော့နေပြီး နျဲ့ပုဖန်၏ အမူအရာက ပုံမှန်အတိုင်း ရှိနေသည်။  မမျှော်လင့်ဘဲ တစ်စုံတစ်ယောက်သည် ၎င်း၏ သွေးခုန်နှုန်းကို ဖမ်းရုံဖြင့် သဲလွန်စ အချို့ကို ပြောပြနိုင်ခဲ့သည်။ ဤဆေးဆရာသည် အမှန်တကယ်ပင် ဆေးပညာတွင် ကျွမ်းကျင်သော သမားတော် တစ်ဦး ဖြစ်၏။ သူသည် မူမမှန်သည့် အရာများကို မမြင်နိုင်သော ကြက်သိုက်ရွာမှ ဆေးဆရာ ရှုနဲ့ မတူပဲ အခြားအဆင့်သို့ လုံးလုံးရောက်နေလေသည်။

မတုန်မလှုပ်တဲ့ နျဲ့ပုဖန် ကို မြင်တော့ ထိုက်ပိုင် က စိုးရိမ် ဒေါသဖြင့်။
“ဒါကို မင်း သိတာ ကြာပြီလား''

"ဘာကို သိတာလဲ" နျဲ့ပုဖန်က ဂရုမစိုက်ဘဲ ပြုံးနေသေးသည်။

"မင်းမှာ အချိန်တွေ မရှိတော့ဘူး ဆိုတာ သိလား"

ကြက်သခင် နျဲ့ပုဖန် (Complete ✅)Where stories live. Discover now