အတန်းနောက်ကျနေပါတယ်ဆိုမှ..…

"ဟျောင့် ဟိုမာ မင်းကိုကို..."
"ဘယ်မာလဲ..."
"ဟိုမာလေ..."

တွေ့ပါပြီ..‌နမ်းဂျွန်ဟျောင်းနဲ့ အတူ လမ်းလျှောက်လာတဲ့ ကျတော်ရဲ့ အလယ်တန်းတည်းက တဖက်သတ်အချစ်ဦး..ယွန်ဂီဟျောင်း....
သူ့ရှေ့ဆို ရှက်လို့ လမ်းတောင်ဖြတ်တောင်မလျှောက်ရဲဘူး တခါမှလဲ စကားမပြောဖူးဘူး ခုဟာ ကိုယ့်ရှေ့ကို ဒဲ့တိုးကြီးလျှောက်လာတော့...

"ဂျီမင် ဘာဖြစ်နေတာလဲ..."
"ငါ..ငါ..ပြေးတော့မယ်..
ဒီဘက်ပြေးရမလား..အာ..မဟုတ်ဘူး..ဟိုဘက်..ကျစ်..ဟာ..နောက်ကိုပဲ ပြန်ပြေးတော့မယ်ကွာ..."

"ဂျီမင်...."

နမ်းဂျွန်ဟျောင်းရဲ့ အသံ....ငါဘယ်လိုလုပ်ရမလဲ သွားပါပြီကွာ...
မျက်နှာကို ဟျောင်းတို့ဘက် ပြန်လှည့်ကာ ပြုံးပြလိုက်သည်...

"အော်..ဟျောင်း..ဟီး..."
"ဘယ်သွားမလို့လဲ....."
"အော် ကျတော် ဟို...အမ်...
Toilet...ဟုတ်တယ်....toilet..သွားမလို့..."
"သေချာလား..."

ယွန်ဂီဟျောင်းကျတော့ကို စကားပြောတာလား ...ရင်တေခုန်လိုက်တာ...ဟူ အသက်ရှူတေတောင်မြန်လာသလိုပဲ...

"ဟုတ်..သေ..သေချာပါတယ်.."
"ဂျီမင် ဘာလို စကားတေထစ်နေတာလဲ..."

ရင်ခုန်လွန်းလို့ သေတော့မယ်တေတောင်ဖြစ်နေတာကို ဟိုဆော့က အလိုက်ကိုမသိဘူး..
ဘေးနားကပ်ကာ ခါးကို တချက် လိမ်ဆွဲလိုက်သည်..

"အား..…"
"ဘာဖြစ်တာလဲ ဟိုဆော့..."
"ဘာမဖြစ်ပါဘူး ဟျောင်း..."
"အော်.."

"Toilet က ကျောင်းထဲမာနော် ဂျီမင် ...ခုဟာက ကျောင်းပြင်ကို ထွက်မလိုပဲ..."
"အော်...ဟုတ်သားပဲ မေ့သွားလို့.."

အမလေး..ရှက်လိုက်တာ အပြောနဲ့ အသွားနဲ့က တခြားစီ...

"ဟက်...ဘာဖြစ်တာလဲ ဂျီမင် မျက်နှာလေးက နီရဲနေပြီ..."

ဟင်...သူရီသွားတယ်...ကျတောကံကောင်းလိုက်တာ....
သူက ကျောင်းက အချေတလိုင်းလေ...ပြုံးရယ်တယ်ဆိုတာ မရှိဘူး စကားတောင် နမ်းဂျွန်ဟျောင်းကလွဲရင် မပြောဘူး....
ရှက်ရှက်နဲ့...

"လာ ဟိုဆော့ သွားမယ်..."

ပြေးသွားလိုက်တာလေးက ချစ်စရာလေး ...ကျတော်က သူနဲ့အမြဲ စကားပြောချင်နေတာ ဒါပေမဲ့ သူက ကျတော့ကိုမြင်တိုင်းထွက်ပြေးနေကျလေ ...

🌼မောင်လူဆိုး🌼Where stories live. Discover now