"ဘာလို့အစောကြီးထတာလဲ လာခဲ့"

"သားစေ မင်းမိန်းမကိုတီလေးခိုင်းနေတယ် ဖြတ်မခေါ်နဲ့"

"တီလေးခိုင်းဖို့ ကျွန်တော်မိန်းမယူထားတာမဟုတ်ဖူးကျွန်တော့မိန်းမကို ချစ်လို့ အနားထားချင်လို့ခိုင်းစားဖို့မဟုတ်ဖူးတီလေး လာBae"

ဆိုပီးဦးကလက်ဆွဲခေါ်တာမို့အပေါ်ထပ်ကိုပါလာခဲ့
သည်။ဦးစိတ်ဆိုးနေမှန်းသိလို့ ဦးမေမေက breakfast ကိုတောင်အပေါ်ပို့ခိုင်းတာမို့ လင်မယား၂ယောက်
အခန်းအောင်းနေရသည်။နေ့လည်လောက်မှာဦးဖွားဖွားက အားလံုးကိုခေါ်ကာ ဦးရဲ့တီလေးနဲ့ဦးလေး
ရယ်မသီရိမေရယ် ဦးcompanyမှာအလုပ်လုပ်မယ်အကြောင်းပြောလာသည်။အားလံုးပြောပီးတော့
ရှယ်ယာလွဲပြောင်းဖို့ရှေ့နေရောက်တာနဲ့ အသဲနဲ့ဆိုဖီလဲအိမ်ရှေ့ပန်းခြံထဲဆင်းကာ စကားပြောနေတုန်းမသီရိမေ အနားရောက်လာကာ

"အသဲကို စေကဒို့အကြောင်းပြောပြလား"

"ဟင့်အင်း ဘာမှမပြောပါဘူး"

"အဲ့ဒါဆို ဒို့ပဲပြောပြမယ် ဒို့က စေရဲ့ရည်စားဟောင်းလေ ဒို့ကထားခဲ့လို့စေက ဒို့ကိုမမေ့နိုင်လို့ဘယ်မိန်းခလေးကိုမှမချစ်နိုင်ပဲအကြာကြီးနေခဲ့တာသိလား"

သီရိပြောလိုက်တဲ့စကားကြောင့် ရှေ့ကစေ့မိန်းမ မျက်နှာပျက်သွားတော့ သီရိကျေနပ်နေမိသည်။

"အမလေး အမကိုမမေ့နိုင်တာမဟုတ်ပါဘူး အမလို
မိန်းမမျိုးကိုထပ်တွေ့မှာကြောက်လို့ မပက်သက်တာ"

အသဲကိုသူကဦးရဲ့ exပါဆိုပီးလာချေမိုးချင်နေတဲ့မိန်းမကို အသဲလဲမညံ့ကြောင်းသိအောင်ပြန်ပြော
လိုက်တော့ထိုအမ မျက်နှာပျက်သွားကာ

"ဘယ်လိုပဲဖြစ်ဖြစ် ဒို့ကစေ့ရဲ့အချစ်ဦးလေ ရည်းစားဦးကို မြေးဦးရတဲ့အထိမမေ့ဘူးဆိုတဲ့စကားပံု
တောင်ရှိသေးတယ်မလား"

"အဲ့စကားပံုက ကိုယ့်အတွက်တော့ မမှန်ဘူး မင်းကို မင်းနဲ့ပြတ်သွားတဲ့နေ့ကစပီး ကိုယ့်စိတ်ထဲမှာမရှိတာနော် မုန်းတာဆိုရင်တောင်စိတ်ထဲရှိလို့ ခုကမင်းနဲ့
ပက်သက်ပီးချစ်ခြင်းမုန်းခြင်းဘာမှကိုမရှိတာ အခုကစပီး နောက်ဆံုးထွက်သက်ထိ ကိုယ့်ရဲ့စိတ်ကော
ခန်ဓါကိုယ်ပါ Baeကပဲပိုင်သလို ကိုယ့်အတွေးထဲလဲBaeပဲရှိတယ် ဟုတ်ပီနော် နောက်တခါ အရင်
ကကိတ်စနဲ့ Baeကိုတောပြောတောင်ပြောလုပ်ရင်
ရှယ်ယာရှင်အဖြစ်ကနေ ထုတ်ပစ်မယ်ဆိုတာမှတ်ထားပါ လာBae ဆိုဖီ ကိုဘုန်းရှာနေတယ်"

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Wo Geschichten leben. Entdecke jetzt