Part-6

2.4K 70 3
                                    

အပိုင်း-၆

တည်စေမင်း မေမေထွက်သွားမှ စာကြည့်စားပွဲပေါ်က မိသားစုပုံ ကိုကြည့်ရင်း ဆုံးသွားတဲ့ဖိုးဖိုး ဦးစေရာနဲ့ဖွားဖွား ညွန်းဖွဲ့ကဗျာ တို့က ဖေဖေတို့မောင်နှမ
၃ယောက်ကိုမွေးပီး တော့ဖိုးဖိုးက စေညွန်ရာgroup ကိုတည်ထောင်ခဲ့သည်။သားကြီး မင်းစေရာ  သမီးလတ် ကဗျာစေရာ နဲ့ သားငယ်  နိုင်စေရာဆိုပီးသားသမီး၃ယောက်ရှိပေမဲ့ တည်စေမင်းတို့ဖေဖေ
ဦးမင်းစေရာကသာ ဖိုးဖိုးအလုပ်များကိုကူပီး
တိုးတက်အောင်လုပ်ပေးခဲ့ပီး ကျန်သားနဲ့သမီးကတော့ သုံးဖြုန်းပျော်ပါးနေခဲ့တာ အိမ်ထောင်ကျတော့လဲ သုံးဖြုန်းမြဲမို့ ဖိုးဖိုးကသူဆုံးခါနီးမှာ ဖေဖေကိုအိမ်ရဲ့စီးပွါးရေးကော ပိုင်ဆိုင်မှု တဝက်လောက်ကိုပေးပီး ကျန်၂ယောကါကိုတော့ ဖေဖေကိုပေးပီးပိုတာရဲ့
တဝက်စီပဲပေးတာမို့ တီလေးနဲ့ဦးနိုင်ကမကျေနပ်ကြချေ။

ဖေဖေဆုံးတာလဲတီလေးနဲ့ဦးလေးပရောဂမကင်းဘူးလို့မေမေက သံသယရှိပေမဲ့ဖွားဖွားက ရှေ့ကကာထားတော့ ဘာမှဆက်လုပ်လို့မရတော့သလို တီလေးနဲ့
ဦးနိုင်လဲ နိုင်ငံခြားမှာအခြေချမယ်ဆိုပီးထွက်သွားကြသည်။ဖေဖေမဆုံးခင်ထဲက ကိုကြီးဘုန်းမြတ်မင်းက အလုပ်တွေ ကူညီခဲ့တာမို့ ဖေဖေဆုံးချိန်မှာ ဖေဖေ့အလုပ်တွေကိုဦးစီးလုပ်ကိုင်ခဲ့သည်။ ကိုကြီးကအလုပ်မလုပ်ခင်ထဲက ချစ်သူရှိခဲ့ပီးအချိန်တခုရောက်လျင် လက်ထပ်ရန် ရည်ရွယ်ထားခဲ့ပေမဲ့ ကိုကြီးချစ်သူက ကိုကြီးစီးပွါးပြိုင်ဘက်နှင့် ဟိုတယ်အခန်းထဲရောက်နေတာကိုမျက်မြင်တွေ့ပီး ဒေါသထွက်ကာ ကားမောင်းပီးအပြန် အက်ဆီးဒင့်ဖြစ်ကာ ခါးအောက်ပိုင်းအာရုံကြောသေကာ စိတ်ဓါတ်ကျပီး အခန်းအောင်းနေတဲ့ဘဝရောက်သွားသည်။အလုပ်တွေလဲကမောက်ကမဖြစ်လို့သားလတ်ဖြစ်သူ တည်စေမင်းက တာဝန်ယူကာလုပ်ကိုင်လာတာခုချိန်ထိပဲဖြစ်သည်။တည်စေမင်းကတော့ကျောင်းတက်ရင်းလူငယ်သဘာဝ ချစ်သူရှိပေမဲ့ တည်စေမင်းကိုသူဌေးသားမှန်းမသိတော့ ငွေမရှိလို့ဆိုကာ တကျောင်းထဲကသူဌေးသားနောက်ပါသွားထဲက မိန်းခလေးဆိုရှောင်ခဲ့တာဖြစ်သည်။ညီလေး တည်တံ့မင်းကျတော့  သူ့
ကောင်မလေးက ဆေးသမားမို့ ငွေပေါတဲ့သူကိုရှာရင်းညီလေးနဲ့ဆံုကာ ညီလေးကိုပါ ဆေးစွဲအောင်လုပ်လို့ မေမေ့မှာ ညီလေးကိုထိုနွံထဲမှမနဲဆွဲထုတ်ခဲ့ရသည်။ခုနောက်ပိုင်းတော့ ညီအကို ၃ယောက်လံုးမိန်းခလေးဆိုဝေးဝေးရှောင်ခဲ့ကြသည်။တွေးနေရင်းနဲ့ ညနေက ရင်ခွင်ထဲရောက်လာတဲ့ချာတိတ်မလေးကိုသတိရမိလို ကိုယ့်ဘာသာတောင်သတိမထားမိပဲပြုံးမိသည်။

စစ်မှန်သောချစ်ခြင်းရဲ့အဆုံးသတ်Where stories live. Discover now