“မထား  ထမင်းဆိုင် အတော် အဆင်ပြေနေပြီ ထင်တယ် ..”
ခင်ခင်က မထားချပေးသော ပိုက်ဆံထုပ်ကို မရေခင် ပြောလိုက်သည်..

“အင်း .. ပြေတယ် .. ပြောရမယ် .. အပျိုကြီးရေ .. နောက်ဖွင့်တဲ့ ထမင်းဆိုင်ကလည်းစက်ရုံပေါက်ဆိုတော့ ပုံမှန် တွက်လို့ရတယ် ..

အခု လည်း ဈေးထဲက ဆိုင်က ကိုယ်မပါလည်း လက်လွှတ်လို့ ရနေပြီဆိုတော့ စက်ရုံနဲ့ သိပ်မဝေးတဲ့ အဆောင်တစ်ခုနားမှာ နောက်ထပ် ဆိုင်ခွဲ လေးတစ်ခု သွားဖွင့်ဖို့ အဆောင်ပိုင်ရှင်နဲ့ ညှိကြည့်နေတယ် ..”

ပြုံးလျက် ပိုက်ဆံရေတွက်ပြီမှ ခင်ခင်က စကားဆက်လိုက်သည်..

“မထား လက်ဖျား ရွှေသီး နေပြီပေါ့ ..”

“ရွှေသီးနေတယ်လို့လည်း မဟုတ်ရပါဘူးရှင် အိတ်ပေါက်နဲ့ ဖားကောက် မိမှာ‌ တောင်စိုးရတယ်  အပျိုကြီးရဲ့ ..”

“ဪ .. သူဌေးမတွေက ညည်းပြန်ပြီ  ဖားက ဘာကိစ္စနဲ့ ပါလာရသလဲ..”
ခင်ခင် စကားကြားတော့ မထားက ရယ်မောပြီ

“ဒီမယ်လေ သူအပါအ၀င်  ကျုပ်အနား ကပ်ဖားနေတဲ့  တူတွေ တူမတွေ
များလာလို့ .. တစ်ခုပြီ တစ်ခု ကုန်းရုန်းရှာနေရတာ..”

“အောင်မယ်လေး တောက်တိုမယ်ရ ခိုင်းလို့တော့ ရနေတယ်မို့လား ..
ကျေနပ်နေရဲ့သားနဲ့ .. “

ခင်ခင်က ပြောပြီ မထားနှင့်အတူ ရယ်လိုက်သည် ..

ရယ်လိုက်ပြီမှ ဧည့်သည်တွေကို ချကျွေးထားသည့် ဘီစကစ် နဲ့ လက်ဖက်ရည်ကို သတိရသည်..

ဒါ့ကြောင့် မထား နှင့်အတူ ပါလာသည့်သူမ တူ ဆိုတဲ့ ကောင်လေးကိုပါ
“အယ် .. မုန့်စားကြပါအုံး ..”
ဟု တိုက်တွန်းလိုက်သည်..

ခင်ခင်က တိုက်တွန်းတော့ မထားက
“လက်ဖက်ရည် မသောက်တော့ဘူး … ရေထ သောက်အုံးမယ် ..”

စကားပြောရင် မထားက လာနေကျ လူပီပီ အိမ်ထဲက ဝါတားကူလာဆီ
ထ ရေသွားသောက်သည်..

ခင်ခင်က လည်း ပိုက်ဆံ ပြည့်မပြည့် စစ်နေတာ ပြီးသွားသည်..

ပြီးသွားသည့်နှင့်  ပိုက်ဆံ ထုပ်ကို စားပွဲပေါ်ပြန်တင် လိုက်သည်..

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now