တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

Começar do início
                                    

အရင်တုန်းက သူတို့လက်ထပ်စဥ်က ကျောက်ဖူကွေ့က သူမကို လက်ကောက်တစ်ကွင်း ပေးခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် မိသားစုငွေ ရှားပါးလာသောအခါ လက်ကောက်ကို သဘာဝအတိုင်း ရောင်းချခဲ့ပြီး လက်ဝတ်ရတနာ မရှိတော့ပေ။ ယခုမူ သူမတွင် နောက်ထပ် လက်ကောက်တစ်ခု ရှိနေပြီဖြစ်သည်။

"ဖူကွေ့... ဒီလက်ကောက်က ကျွန်မအတွက် ရှင်ဝယ်ပေးတဲ့ လက်ကောက်ထက် အများကြီး ပိုလှတယ်"

ကျောက်လျူ လက်ကောက်ကို သူမလက်ကောက်ဝတ်မှာဝတ်ပြီး ကျောက်ဖူကွေ့ကို ပြလိုက်၏။

"ငါ့လက်ကောက်က ပိုကြီးတယ်"

ကျောက်ဖူကွေ့က မကျေမနပ်နှင့်ပြောလိုက်သည်။ သူက သူတတ်နိုင်သမျှ အကြီးဆုံး လက်ကောက်ကို ဝယ်ခဲ့ခြင်းဖြစ်သည်။

"ကြီးပေမဲ့ မလှဘူး"

ကျောက်လျူက ပြောသည်။ ထိုလက်ကောက်သည် အလွန်ပုံမကျပန်းမကျပြုလုပ်ထားပြီး တုတ်လွန်းသဖြင့် အလုပ်သွားရာတွင် ဝတ်ဆင်ရန် အဆင်မပြေသောကြောင့် အဆုံးတွင် မကြာခဏ မဝတ်ဖြစ်ပေ။ ကျန်းကျန့် ပေးသော လက်ကောက်သည် အနည်းငယ်သေးငယ်သော်လည်း လှပပြီးကွက်တိဖြစ်သည်။ ကျောက်လျူ လက်ကောက်ကို ကြည့်လိုက်သည်နှင့် သူမ ပိုကြည့်လေ၊ ၎င်းကို ပိုသဘောကျလေဖြစ်သည်။

သူ့ရှေ့က မြင်ကွင်းကို မြင်လိုက်ရသော ကျောက်ဖူကွေ့၏ မျက်နှာက မည်းမှောင်သွား၏။ သူ့မိန်းမက သူများပေးတဲ့ ပစ္စည်းတွေကို လိုက်ကြွား တော့မှာလား...

သို့သော်လည်း ကျောက်လျူက ၎င်းကို သတိမထားမိဘဲ ကျန်းကျန့်ကို ဆက်လက်ချီးမွမ်းခဲ့သည်။ကျန်းကျန့် ပေးသော မျက်နှာချေနီ ထုတ်ပြီး  လက်ချောင်းနှင့်တို့ကာ သူမ၏ နှုတ်ခမ်းပေါ်လိမ်းလိုက်သည်။ ထို့နောက် သူမက ကျောက်ဖူကွေ့ကို ကြည့်ကောင်းလားဟု မေးသည်။

ညအမှောင်ကြီးရောက်နေပြီ...အဲဒီမှာ ဘာကိုမြင်ရဦးမှာလဲ...

ကျောက်ဖူကွေ့က နှစ်ကြိမ်နှာမှုတ်လိုက်သည်။

အမှန်တွင် ကျန်းကျန့်က အမြင်မရှိသလို ပိုက်ဆံလည်းမရှိသောကြောင့် ကျောက်လျူအတွက် မျက်နှာချေနီကို ရအောင် ရွေးချယ်သည့်အခါမှာ အသုံးအများဆုံးသာမက စျေးအသက်သာဆုံးလည်းဖြစ်သည်ကို ရွေးချယ်ခဲ့သည်။မော်ဒန်ခေတ်မှာ ယောက္ခမကို ဈေးအသက်သာဆုံး နှုတ်ခမ်းနီ ပေးမည်ဆိုလျှင် သူတို့သမီးကို လက်ထပ်နိုင်မှာ မဟုတ်ပါချေ။သို့ပေမဲ့ ယခုက ရှေးခေတ်ဖြစ်ပြီး ကျောက်လျူမှာ မျက်နှာချေနီဘူးပင် မရှိခဲ့ပါချေ။ ယခုလိုမျိုး မျက်နှာချေနီဘူးကိုပင် သူမက ကြိုက်နေတုန်းပါပင်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Onde as histórias ganham vida. Descobre agora