အပိုင်း (၁)

142 11 3
                                    

(Unicode)

တီတီတီတီ။ Click!

မနက်(၆)နာရီမှာ သဲသော်ဇင်နိုင်ရဲ့ တစ်နေ့တာက စတယ်။ နိုးနိုးချင်း သူ ဘာလုပ်လဲဆိုတော့ အိပ်ချင်စိတ်ပြေအောင် ရေအေးအေးနဲ့ မျက်နှာသစ်တယ်။ ပြီးရင်တော့ အခန်းထဲက ပြေးစက်ပေါ်ကို တက်ပြီး မိနစ်၃၀လောက် ပြေးတော့တာပဲ။ ဖြေးဖြေးပြေးလိုက်၊ မြန်မြန်ပြေးလိုက်၊ မောလာရင် လမ်းလျှောက်လိုက်နဲ့ မိနစ်၃၀က ကုန်မှန်းမသိ ကုန်သွားတော့တယ်။

သွေးပူသွားရင်တော့ အိပ်ထမတင်လုပ်တာ၊ ဒိုက်ထိုးတာနဲ့ squadထိုင်တာကို ၁၅ကြိမ်စီ လုပ်တယ်။ ၄၅မိနစ်နီးပါး လေ့ကျင့်ခန်းလုပ်ပြီးသွားရင်တော့ သူ ရေချိုးပြီ။

ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံတွေ ထွက်စပြုလာတဲ့ မျက်နှာကို သူ့အမေ သေချာရွေးပြီး ဝယ်ပေးထားတဲ့ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်တယ်။ သဲသော်ဇင်နိုင်က နို့နံ့ကို အရမ်းကြိုက်တဲ့အထဲပါတာမို့ ရေချိုးဆပ်ပြာကအစ နို့နံ့ပါတာပဲ သုံးတယ်။ သူ ရေချိုးပြီး ထွက်လာရင် ရေချိုးခန်းက နို့နံ့လေး သင်းပြီး ကျန်ခဲ့တာ။

ခန္ဓာကိုယ်ကိုလည်း နို့နံ့ပါတဲ့ Lotionကို လိမ်းတယ်။ Deodorantတောင် ဖြစ်နိုင်ရင် နို့နံ့ပါတာပဲ သုံးချင်ပုံရတယ်။ နွေရာသီမှာတောင် အသားခြောက်တတ်တဲ့ သူ့မျက်နှာကိုတော့ အစိုဓာတ်ထိန်းပေးတဲ့ creamကို သေချာလိမ်းပေးရတယ်။ ဒါလည်း သူ့အမေ ဝယ်ပေးထားတာပါပဲ။ Moisturizerကြောင့် အနည်းငယ်ပြောင်နေတဲ့ မျက်နှာကို ပေါင်ဒါလေး နည်းနည်း ပုတ်ပြီးရင်တော့ သဲသော်ဇင်နိုင်ရဲ့ beauty routineက ပြီးပြီ။

နက်မှောင်နေတဲ့ ဆံပင်တွေကိုတော့ ရှားစောင်းအုန်းဆီကို နည်းနည်းယူပြီး ဆံသားတွေကို နှံ့အောင် လိမ်းလိုက်တယ်။ Gel လိမ်းလိုက်လို့ တောင့်တောင့်ကြီး ဖြစ်သွားတဲ့ ခံစားချက်ကို သဲသော်ဇင်နိုင် မကြိုက်ဘူး။ နောက်ပြီး ရှားစောင်းအုန်းဆီရဲ့ အနံ့မွှေးမွှေးလေးက သူ့စိတ်ကို ကြည်လင်စေတယ်။

ပြီးတော့ အဝတ်ဗီဒိုကို ဖွင့်ပြီး မနေ့က သူ့အမေ မီးပူတိုက်ပေးထားတဲ့ ကျောင်းဝတ်စုံကို ယူဝတ်လိုက်တယ်။ လွယ်အိတ်ကတော့ မနေ့ညကထဲက သူ အဆင်သင့် ပြင်ဆင်ထားပြီးသား။

Paper RingsWhere stories live. Discover now