" အဲ့ဒါဆို ဟိုတစ်ယောက်ကရော ဘာလဲ? "

" ကျန်းကျန့် က ငါ့ရဲ့ လက်ထောက် "

ချောင်ယွမ် ရဲ့မျက်နှာသည် အနည်းငယ်မဲ့ရှုံ့သွားသည်။ အိမ်မှာတစ်ယောက် Company မှာတစ်ယောက် တော်တော်လေးကို လုံလောက်နေပါပြီ...။

ချောင်ယွမ် ကရယ်လိုက်ပြီး...
" လက်ထောက်တစ်ယောက်ပေါ့?  ဒါဆို သူက အစ်ကို့ ကိုဘာလို့ Hotel လာ မလားမေးတာလဲ တစ်နေ့ကျရင် သူအစ်ကို့ရဲ့ အခန်းထဲကိုတောင် ဝင်လာမှာ စိုးရိမ်မိသား ဒီကိစ္စမှာလည်း အစ်ကို ဒေါက်တာပိုင် ကိုသူ့ရဲ့ပုံမှန်ဘဝလေး ပြန်ရအောင်စောစောစီးစီး လက်လွှတ်ပေးလိုက်ပါတော့ "

ချောင်အန်း ကမျက်မှောင်ကြုတ်လိုက်ပြီး.....
" သူ ငါ့အခန်းထဲဝင်နိုင်မှာမဟုတ်ဘူး "

" ဒါဆိုရင် အစ်ကို သူနဲ့ Company မှာ ဘာမဆိုလုပ်ပြီး အစ်ကိုရှေ့မှာ သူ ဒေါက်တာပိုင် ကိုဆဲဆိုနေရင်တောင် ကိစ္စမရှိဘူးပေါ့ ဟုတ်လား "

ချောင်အန်း ပြန်မဖြေရသေးခင်တွင် ပိုင်ချန်ယွီ ၏ ခန္ဓာကိုယ်သည် ဆေးရုံကုတင်ရဲ့ ဘေးအစွန်းသို့တိုးသွားပြီး သူ၏ လည်ချောင်းအတွင်း ၌ ပူပန်သောကတွေနဲ့သာ ပြည့်နှက်နေ၏။ ချောင်အန်း ကျွေးခဲ့သော ဆန်ပြုတ်များကို အန်ထုတ်ပစ်လိုက်သည်။ လေပြွန်တွင် တစ်စို့စို့ ဖြစ်နေသည့်အတွက် ချောင်းတောင်မဆိုးနိုင်တော့ပဲ တစ်ကိုယ်လုံးတုန်ယင်နေကာ မျက်နှာသည်လည်း အနည်းငယ်ဖြူဖျော့နေသည်။

ချောင်ယွမ် လည်းအပြင်သို့ အမြန်ထွက်သွားပြီး ဆရာဝန်ကို လှမ်းခေါ်လိုက်သည်။ သိပ်မကြာခင်တွင် ကြမ်းပြင်ပေါ်တွင်ရှိနေသော အညစ်အကြေးများကို ရှင်းလင်းရန်အတွက် Nurse များ ဝင်လာသည်။

စစ်ဆေးကြည့်ပြီးသွားသောအခါ ဆရာဝန်ကလာပြောလာသည်။
" လူနာရဲ့ ပင်မ အာရုံကြောစနစ်ကပျက်စီးသွားပြီ အရင်တုံးက သူ့ကိုဘေးထွက်ဆိုးကျိုးတစ်အားပြင်းတဲ့ဆေးမျိုး တိုက်ခဲ့ဖူးလား?  "

" သူဘယ်တော့လောက် ပြန်ကောင်းလာမလဲ "
ချောင်အန်းမေးလိုက်သည်။

"...."
ဆရာဝန် သည်လည်း ဆေးရုံထဲ၌ လူမျိုးစုံကိုမြင်ဖူးသည်။ အရင်ကလည်း ပိုင်ချန်ယွီ ဆိုတာအားကြားဖူးပါသည်။ သူ့အရှေ့တွင် ရှိနေသော သူက ချောင်အန်း မဟုတ်ဘူးဆိုလျှင် ရဲတွေကို Phone လှမ်းဆက်ပြီးလောက်ပြီ။ ဒီအတောအတွင်း ဆေးရုံ၌ ပိုင်ချန်ယွီ ကိုသိသော သူနာပြုများသည် ဒီကိစ္စနဲ့ပတ်သတ်ပြီး မကြာခဏ ပြောတတ်ကြသည်။

Strong Offense ( Book 2 mmtran )Where stories live. Discover now