My Snowman ☃️⛄

557 60 4
                                        


Unicode

"ခရစ္စမတ်ဆိုတာ ဘာလဲဟင်...ဆရာမ"

အအေးဒဏ်ကြောင့် တုန်ရီနေတဲ့ ကိုယ်လုံးလေးတွေဟာ မိုးလင်းဖိုနား တစ်ရွေ့ရွေ့နဲ့  ရွေ့လျားလာကြစဉ် ၅နှစ်အရွယ် ကလေးမလေး၏ အမေးကြောင့် ဂျဲန်းနီတစ်ယောက် ကြမ်းပြင်ပေါ် ထိုင်ချလိုက်ရင်း ထိုကလေးမငယ်ကိုပါ ပေါင်ပေါ်ပွေ့ချီလို့ ထားလိုက်သည်။

"ခရစ္စမတ်ဆိုတာ ဆရာမတို့အားလုံးကို ကယ်တင်ပေးမဲ့ ကယ်တင်ရှင် မွေးဖွားလာတဲ့နေ့ပေါ့ ကလေးတို့ရဲ့...ကလေးတို့ကို လွန်ခဲ့တဲ့ နှစ်ပေါင်း(၂)ထောင်ကျော်လောက်က ခရစ္စမတ်‌နေ့ဖြစ်‌ပေါ်လာတဲ့ အဖြစ်ပျက်တစ်ခုအကြောင်း ပြောပြပေးရမလား"

"ဟုတ်ကဲ့ဆရာမ"

အားတတ်သရော ပြန်ဖြေလာကြသည့် ကလေးငယ်များ အသံဟာ အခန်းထဲတွင် ဆူလို့ညံလို့ပင်။

ထိုကြားထဲက ပြုံးနေမိသည့်ဂျဲန်းနီမှာ အာရုံများ အဝေးသို့ ခဏတာ လွင့်ထွက်သွားခြင်းကြောင့်ဖြစ်မည်။

"ကဲ...ခရစ္စမတ်ဆိုတဲ့ နေ့ထူးနေ့မြတ်လေး ဖြစ်လာတဲ့အကြောင်းကို ပြောပြပြီးပြီ ဆိုတော့ ကလေးတို့ အိပ်ကြတော့နော်"

"ဟုတ်ကဲ့ပါ ဆရာမ"

ကလေးများအားလုံး အခန်းကိုယ်စီပြန်သွားကြပင်မဲ့ လိုင်လာ ဆိုသောကလေးမလေးဟာတော့ဖြင့် မပြန်သေးပဲ မီးလင်းဖိုအနားတွင်သာ ထိုင်နေလေတော့...

"လိုင်လာ မအိပ်သေးဘူးလား"

"မအိပ်ပါဘူး သမီးဆရာမကို စိတ်ဆိုးနေတာ"

လိုင်လာတစ်ယောက် စိတ်ဆိုးဟန်ပြုပြီး နှုတ်ခမ်းလေးထော်ထားပုံက တစ်ချိန်ချိန်က တစ်ယောက်ယောက်ကို လွမ်းချင်စရာ။

ထိုအချက်တွေကြောင့်ပဲ ဂျဲန်းနီဟာ ကလေးတွေထဲမှာ လိုင်လာ့ကို အချစ်ဆုံးနဲ့ အလိုလိုက်မိဆုံးလား မသိတော့ပါလေ။

"ဟော်တော်ရှင် ရှင်လေးက ကျွန်မကို ဘာ့ကြောင့် စိတ်ဆိုးနေရတာတုန်း"

"ဆရာမပဲ မနေ့ကပြောတော့ ခရစ္စမတ်နေ့မရောက်ခင်  နှင်းလူသားအရုပ်တွေလုပ်ပေးမယ်ဆို...မနက်ဆိုရင်ပဲ ခရစ္စမတ်ရောက်တော့မယ် ဘယ်မှာလဲ ဆရာမရဲ့ နှင်းလူသားအရုပ်"

Has llegado al final de las partes publicadas.

⏰ Última actualización: Dec 31, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

One Shot Collection Donde viven las historias. Descúbrelo ahora