Dark ( or ) မုဆိုးဖို

Start from the beginning
                                    

" မဟုတ်တာ...လေပြေအဆင်ပြေပါတယ်..."

" မဟုတ်တာလို့ပြောမနေနဲ့ နင့်မိထွေးကနင့်ဆီက
ယူပြီးဘာမှပြန်ပေးမှာမဟုတ်ဘူး..."

" ကျေးဇူးတင်ပါတယ် လေပြေ အလုပ်လုပ်ပြီးပန်ဆပ်ပါ့မယ်..."

" ငါနင့်ကိုချေးပေးတာမဟုတ်ဘူး...ငါတူမလေးလိုသဘောထားပြီး မုန့်ဖိုးပေးတာ...ဒီလေးထောင်လောက်နဲ့ငါဘာမှမဖြစ်သွားဘူး..."

သူမခေါင်းညှိတ်လိုက်သည်...ဒီလူကြီးက သူမ၏မိသားစုအခြေအနေကိုအသိဆုံးဖြစ်သည်...သူမဖခင်ရှိကတည်းက ခင်ကြသည့်
သူငယ်ချင်းဖြစ်သည်...အသက်၄၀ ကျော်ဖြစ်သည်...သူမလေးကို သမီးအရင်းလေးလိုသဘောထားဆက်ဆံပါသည်...

" ဒါဆိုလေပြေ ပြန်တော့မယ်နော..."

" အင်း ဆေးတွေ စားစရာတွေကို ဖွက်ပြီး ယူသွားဦး..."

" ဟုတ်ကဲ့ဦးလေး..."

သူမပြုံးပြပြီးကျောခိုင်းကာပြန်သွားလေသည်...
ဆေးတွေနှင့်စားစရာအချို့ဝယ်သွားပြီးအိမ်ပြန်လေသည်...

" အမေ...ဒီနေ့လုပ်အားခပါ..."

" အေအေ...ငါ ကန်စွန်းရွက်ကြော်ထားတယ်...ဟိုကြက်သားဟင်းလေးတုံးက ထိပ်ထားလေးအတွက်နော..."

" ဟုတ်ကဲ့ပါအမေ..."

သူမ ရေချိုးပြီးကန်စွန်းရွက်ကြော်လေးနှင့်ထမင်းစားလေသည်...

" လေပြေ...နင်ထမင်းစားပြီးရင် ငါ့ဇာတ်ကြောဆွဲပေးစမ်းပါ စာလုပ်ရတာအရမ်းညောင်းနေလို့..."

အလုပ်ကြမ်းလုပ်သည့်သူမနှင့် စာလုပ်သည်သူမဘယ်သူကပိုပင်ပန်းပါလိမ့်...

" အင်း...ထမင်းစားပြီးရင် နှိပ်ပေးမယ်နော..."

" မြန်မြန်မျို ဒီမှာဇာတ်ကြောအရမ်းတက်နေပြီး"

ထိပ်ထားဦးစကားက သူမကိုထမင်းနင်စေသည်...ရေကိုကဗျာကယာသောက်လိုက်သည်...သူမထမင်းစားပြီး ထိပ်ထားဦးကို ဇာတ်ကြောဆွဲပေးလေသည်...

" အားထည့်စမ်းပါ...မသိရင် နင့်အကောင်ရဲ့ -ီးကို ကိုင်နေတယ်လို့မှတ်နေတာလား..."

" ထိပ်ထားရယ်...အစ်မပင်ပန်းနေလို့ပါ..."

" နင်ဟာလေး...အုပ်သယ်ကျောက်သယ်လေးလုပ်ရတာကိုပင်ပန်းတယ်လို့မှတ်နေတာလား...
လက်ကြောမတင်းလိုက်ပုံများ..."

Dark ( or ) မုဆိုးဖို Where stories live. Discover now