Dark ( or ) မုဆိုးဖို

Start from the beginning
                                    

" လေပြေညှင်း ညည်း ဘာလုပ်နေလဲအလုပ်မသွားဘူးလား..."

" အမေ...သမီး ကိုယ်လက်တွေကိုက်နေလို့ပါ..."

သူမလေးလုပ်သည့်အလုပ်က သူများတွေနှင့်မတူပါ...အုတ်သယ် ကျောက်သယ် ပန်းရံအလုပ်သမဖြစ်သည်တစ်နေ့၆၀၀၀ သာရသည်...ရသမျှပိုက်ဆံကိုပြန်အပ်ရပါသည်...

" ညည်းဒီနေ့အလုပ်မလုပ်ရင် ငါကဘာနဲစားမလဲ..ညည်းအဖေဘာမှာခဲ့သလဲ..."

" အမေနဲ့ညီမလေးကို စောင့်ရှောက်ပေးပါတဲ့"

" ညည်းအသိရှိသေးရင်လဲ သွားလုပ်လေး...
ငါနှစ်လုံးအကြွေးတွေရှိသေးတယ်..."

" ဟုတ်အမေ လေပြေ သွားပါမယ်...မနက်စာလေးတော့နည်းနည်းစားသွားပါရစေ..."

" ဘာမှ စားမနေနဲ့ ပိုက်ဆံမရှိလို့ အကြွေးတွေလဲထပ်နေပြီးငါဘာမှမချက်ထားဘူး...ထိပ်ထားလေးအတွက် ကြက်ဥလေးဘဲကြော်ထားတယ်...
ကျောင်းသူဆိုတော့ညည်းဦးစားပေးသင့်တယ်..."

တရားလိုက်တာနော သမီးအရင်းကိုတော့ ဗိုက်ဝအောင်ထားပြီး လင်ပါသမီးကိုတော့ဘာမှမကျွေးဘဲအလုပ်ကိုသာလွှတ်သည်...
လေပြေခေါင်းကိုသာညှိတ်ပြီး သနပ်ခါးထူထူလိမ်းကာ အလုပ်သို့သွားလသည်.အလုပ်သမား
ခေါင်းဆောင်က

" လေပြေ နင်ဒီနေ့နားမယ်ဆို..."

" နားမဲ့ကံမပါသေးလို့နေမယ်...လေပြေမနားရဘူး"

" နင့်မိထွေးကလွှတ်လာတာမဟုတ်လား..."

" အိမ်ထဲကဆန်ပုံးထဲလဲဆန်မရှိတော့လို့ပါ..."

" အင်းအကောင်းဘဲမြင်နေ...လုပ်ရတဲ့အလုပ်က
အလုပ်ကြမ်း လူကသေးသေးလေးဘဲကျန်တော့တယ်..."

ဟုတ်ပါသည် အဖေရှိတုန်းက အိပ်လိုက်စားလိုက်ဝိုင်းလုပ်လိုက်မို့ အသားအရေကပြည့်ဖြိုးပြီးယခုတော့သူမ အရိုးနှင့်အရေသာကျန်နေသည်...

" ဘယ်တက်နိုင်မှာလဲ ဘဝဘဲလေး...😊😊"

" အေအေ...နားနားပြီးလုပ်...နင့်ကိုကြည့်ရတာဒီနေ့နွမ်းဖက်ဖက်နဲ့..."

ညနေစောင်းသော်...ပိုက်ဆံရှင်းချိန်...

" လေပြေ ဒါက လုပ်အားခ...ဒါကနင်အားရှိတာဝယ်စားပြီးဆေးဝယ်သောက်လိုက်"

Dark ( or ) မုဆိုးဖို Where stories live. Discover now