ဇာတ်သိမ်းပိုင်း

Start from the beginning
                                    

" ဒေါက်..... ဒေါက် " တံခါးခေါက်သံကြားတော့ တစ်ယောက် မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး
" ဘယ်သူလဲ မသိဘူး မ သွားဖွင့်လိုက်ဦးမယ်"

" နေ ပါ မ သွေး သွားဖွင့်လိုက်မယ် " တံခါးဖွင့်လိုက်တော့ မယု ရယ်

" မယု စောစောစီးစီး မျက်စိလည်လာတာလား " သွေး က မေးလိုက်တော့

" ဒီမှာ မသွေးဟေမာန် နဲ့ စကားပြောချင်လို့တဲ့ " မယု ပုံစံက အရင်နဲ့ မတူပဲ သွေး အပေါ် ရိုကျိုးနေတဲ့ပုံမျိုးဖြစ်သည်။

" ဘယ်သူလဲ ဟင် မယု " မယုက ပြုံးပြီး

" ပြောကြည့်လိုက်ရင် သိမှာပါ မသွေးဟေမာန် " သွေး မယုကို နားမလည်သလို မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး မယု ကမ်းပေးနေတဲ့ ဖုန်းကို ယူကာ

" ဟဲလို "

" သမိး အယ်ဂီ " ဟာ ဒီနာမည်ကို ခေါ်တာ မေမေ တစ်ယောက်ပဲ ရှိတယ် ပြီးတော့ မေမေ့ အသံ ဖြစ်နေတယ် သွေးအံသြသွားပြီးမယု ကို ကြည့်လိုက်တော့ မယု က ပြုံးနေသည်။
သွေး ဘယ်လောက်တောင် အတွေးလွန်သွားမှန်းမသိ မ က သွေး အနားလျောက်လာကာ ပုခုံးလေးကို ကိုင်လိုက်ပြီး ကြည့်နေရှာတယ်

" အယ်ဂီ မေမေ့ ကို စကားမပြောတော့ဘူးလား"

" သမီး အံသြနေလို့ပါ မေမေ အခုဘယ်ကဆက်နေတာလဲဟင် "

" ယုယမွန် ကို မေးကြည့်လိုက်သမီးလေ ပြီးရင် သမီးချစ်သူရော သမီးရော နှစ်ယောက်လုံး ယုယမွန် နဲ့ လိုက်ခဲ့နော်" ပြောပြီး မေမေ က ဖုန်းချသွားတယ်

"မယု " သွေး က ခေါ်လိုက်တော့

" မယု က သွေး ရဲ့ မေမေ ဒေါ်မာယာ ရဲ့ အတွင်းရေးမှူးပါ ဒီအဆောင် က လဲ သွေး ရဲ့ မေမေ ပိုင်တဲ့အဆောင်ပါ သွေး မေမေ က အခု အိမ်ပြန်ရောက်နေပါပြီ သွေး ကို အနီးကပ် ဂရုစိုက်ဖို့ သွေး မေမေ က မယု ကို လွှတ်ထားတာပါ "

သွေး က မရဲ့ လက်ကလေးကိုင်လိုက်ပြီး

" မ နဲ့ အကြောင်းတွေ မေမေ သိလားဟင် မေမေ က ကြည်ဖြူရဲ့လားဟင် "

" အန်တီ သိပါတယ် မယု ပြောပြထားပါတယ် "

" သွေး တို့ ရေချိုးလိုက်ဦးမယ် နော် "

အမုန်း၏ အခြား တဖတ် ၌Where stories live. Discover now